သူသည် ဤသို့သိရှိပြီးနောက် မာကုဟုခေါ်သောယောဟန်၏မိခင်မာရိအိမ်သို့သွားလေ၏။ ထိုအိမ်တွင် လူများစွာစုဝေးလျက် ဆုတောင်းနေကြ၏။
ဖိလေမုန် 1:24 - မြန်မာ့စံမီသမ္မာကျမ်း ငါ၏လုပ်ဖော်ဆောင်ဖက်များဖြစ်ကြသည့် မာကု၊ အာရိတ္တာခု၊ ဒေမနှင့် လုကာတို့သည် သင့်ကိုနှုတ်ဆက်ကြပါ၏။ Common Language Bible ငါ၏လုပ်ဖော်ဆောင်ဘက်များဖြစ်ကြသည့် မာကု၊ အာရိတ္တခု၊ ဒေမနှင့်လုကာတို့က လည်းကောင်းသင့်ကိုနှုတ်ဆက်ကြ၏။- Garrad Bible ငါ့ လုပ် ဖော် ဆောင် ဖက် များ ဖြစ် သူ မာ ကု၊ အာ ရိ တ္တာ ခု၊ ဒေ မ နှင့် လု ကာ တို့ က သင့် ကို နှုတ် ဆက် လိုက် ကြ၏။ Judson Bible ငါ၏ လုပ်ဖော်ဆောင်ဖက် မာကု၊ အာရိတ္တာခု၊ ဒေမ၊ လုကာတို့သည် သင့်ကို နှုတ်ဆက်ကြ၏။- ခေတ်သစ်မြန်မာ သမ္မာကျမ်း ကျွန်ုပ်၏လုပ်ဖော်ကိုင်ဖက်များဖြစ်ကြသော မာကု၊ အာရိတ္တာခု၊ ဒေမ၊ လုကာတို့သည်လည်း သင့်ကို နှုတ်ဆက်လိုက်ပါ၏။ |
သူသည် ဤသို့သိရှိပြီးနောက် မာကုဟုခေါ်သောယောဟန်၏မိခင်မာရိအိမ်သို့သွားလေ၏။ ထိုအိမ်တွင် လူများစွာစုဝေးလျက် ဆုတောင်းနေကြ၏။
ဗာနဗနှင့်ရှောလုတို့သည် ထောက်ပံ့ခြင်းအမှုကို ပြီးစီးအောင်ဆောင်ရွက်ပြီးနောက် မာကုဟုခေါ်သောယောဟန်ကို မိမိတို့နှင့်အတူခေါ်ဆောင်၍ ဂျေရုဆလင်မြို့မှ ပြန်လာကြ၏။
ပေါလုနှင့်သူ၏အပေါင်းအပါတို့သည် ပါဖုမြို့မှရွက်လွှင့်၍ ပံဖုလိပြည်၊ ပေရဂေမြို့သို့ရောက်ကြ၏။ ထိုအခါ ယောဟန်သည် သူတို့ထံမှ ခွဲခွာ၍ ဂျေရုဆလင်မြို့သို့ ပြန်သွားလေ၏။
ထိုအခါ တစ်မြို့လုံး ရုန်းရင်းဆန်ခတ်ဖြစ်လေ၏။ လူတို့သည် ပေါလုနှင့်အတူလိုက်ပါသည့် မာကေဒေါနိပြည်သား ဂါယုနှင့်အာရိတ္တာခုတို့ကို ဖမ်းဆီးပြီး ဇာတ်ရုံထဲသို့ တစ်ဟုန်ထိုးပြေးဝင်သွားကြ၏။
ငါတို့သည် အာရှပြည် ကမ်းခြေတစ်လျှောက်ရှိ ဆိပ်ကမ်းများသို့ရွက်လွှင့်သွားမည့် အဒြာမုတ္တိသင်္ဘောကိုစီးလျက် ရွက်လွှင့်ကြ၏။ မာကေဒေါနိပြည်၊ သက်သာလောနိတ်မြို့သား အာရိတ္တာခုသည်လည်း ငါတို့နှင့်အတူပါလာ၏။
တိတုနှင့်ပတ်သက်၍ပြောရလျှင် သူသည် ငါ၏အပေါင်းအဖော်ဖြစ်ပြီး သင်တို့အတွက် ငါနှင့်အတူလုပ်ဆောင်သောသူဖြစ်၏။ ငါတို့၏အခြားညီအစ်ကိုတို့နှင့်ပတ်သက်၍ပြောရလျှင် သူတို့သည် ခရစ်တော်၏ဘုန်းအသရေတည်းဟူသော အသင်းတော်များ၏စေတမန်ဖြစ်ကြ၏။
သို့သော် ငါ၏ညီ၊ ငါ၏လုပ်ဖော်ဆောင်ဖက်နှင့် ရဲဘော်ရဲဘက်ဖြစ်သည့်အပြင် ငါ၏လိုအပ်ချက်များကိုဖြည့်ဆည်းဆောင်ရွက်ပေးသော သင်တို့၏စေတမန် ဧပဖြောဒိတ်ကို သင်တို့ထံသို့စေလွှတ်ရန် လိုအပ်သည်ဟု ငါယူဆ၏။
အချင်းစစ်မှန်သောရဲဘော်ရဲဘက်၊ ထိုအမျိုးသမီးတို့ကို ကူညီမစရန် သင့်ကိုလည်း ငါတောင်းပန်၏။ သူတို့သည် အသက်စာစောင်တွင် နာမည်ပါသူများဖြစ်ကြသည့် ကလေမင်မှစ၍ အခြားသောငါ၏လုပ်ဖော်ဆောင်ဖက်များနှင့်တကွ ကောင်းမြတ်သောသတင်းအတွက် ငါနှင့်အတူလက်တွဲလုပ်ဆောင်ခဲ့သူများဖြစ်ကြ၏။
ငါနှင့်အတူအကျဉ်းချခံနေရသူအာရိတ္တာခုနှင့် ဗာနဗ၏ညီဝမ်းကွဲမာကုတို့သည် သင်တို့ကို နှုတ်ဆက်လိုက်ပါ၏။ မာကုသည် သင်တို့ထံသို့လာလျှင် သူ့ကိုလက်ခံကြပါဟူသည့် သူနှင့်ပတ်သက်သောညွှန်ကြားချက်များကို သင်တို့ရရှိထား၏။
သင်တို့နည်းတူ ရွေးချယ်တော်မူခြင်းခံရသော ဘေဘီလုံမြို့ရှိအသင်းတော်နှင့် ငါ့သားမာကုတို့သည် သင်တို့ကိုနှုတ်ဆက်လိုက်ပါ၏။
ထို့ကြောင့် ငါတို့သည် သမ္မာတရားအတွက် သူတို့နှင့်အတူလုပ်ဆောင်သောသူဖြစ်ကြရန် သူတို့ကိုကူညီထောက်ပံ့သင့်၏။