အကျိုးမပြုသော ဤအစေအပါးကိုကား အပြင်ဘက်အမှောင်ထဲသို့ နှင်ထုတ်ကြလော့။ ထိုနေရာ၌ ငိုကြွေးခြင်းနှင့်အံကြိတ်ခြင်းရှိလိမ့်မည်’ဟု ဆိုလေ၏။
ဖိလေမုန် 1:11 - မြန်မာ့စံမီသမ္မာကျမ်း သူသည် ယခင်က သင့်အတွက် အသုံးမဝင်သူဖြစ်ခဲ့သော်လည်း ယခုမူကား သင့်အတွက်ရော ငါ့အတွက်ပါ အသုံးဝင်သူဖြစ်လာ၏။ Common Language Bible သူသည်ယခင်ကသင့်အတွက်အသုံးမဝင်ခဲ့ သော်လည်း ယခုအခါသင်၏အတွက်နှင့်ငါ၏ အတွက်ပါအသုံးဝင်လာလေပြီ။- Judson Bible သင်သည် အထက်ကအသုံးမရသောသူ၊ ယခုတွင် ငါနှင့်သင်သည် အသုံးရသောသူ ဩနေသိမ်အဖို့ ငါတောင်းပန်ပါ၏။- ခေတ်သစ်မြန်မာ သမ္မာကျမ်း သူသည် ယခင်က သင့်အတွက် အသုံးမဝင်သူဖြစ်ခဲ့သော်လည်း ယခုတွင်မူ သင့်အတွက်ရော ကျွန်ုပ်အတွက်ပါ အသုံးဝင်သူဖြစ်၏။ |
အကျိုးမပြုသော ဤအစေအပါးကိုကား အပြင်ဘက်အမှောင်ထဲသို့ နှင်ထုတ်ကြလော့။ ထိုနေရာ၌ ငိုကြွေးခြင်းနှင့်အံကြိတ်ခြင်းရှိလိမ့်မည်’ဟု ဆိုလေ၏။
အကြောင်းမူကား ငါ၏ဤသားသည် သေဆုံးခဲ့သော်လည်း ပြန်ရှင်လာပြီး ပျောက်ဆုံးခဲ့သော်လည်း ပြန်တွေ့ရပြီ’ဟု ဆိုလေ၏။ ထို့နောက် သူတို့သည် ပျော်ပွဲရွှင်ပွဲကိုအစပြုကြလေ၏။
သို့သော် သင်၏ညီသည် သေဆုံးခဲ့သော်လည်း အသက်ပြန်ရှင်ပြီး ပျောက်ဆုံးခဲ့သော်လည်း ပြန်တွေ့ရသည်ဖြစ်၍ ယခုဝမ်းမြောက်ပျော်ရွှင်သင့်၏’ဟု ဆိုလေ၏”ဟူ၍ မိန့်တော်မူ၏။
ထိုနည်းတူ သင်တို့သည်လည်း သင်တို့အားစေခိုင်းသည့်အရာအားလုံးကို ဆောင်ရွက်ပြီးသောအခါ ‘အကျွန်ုပ်တို့သည် အကျိုးမပြုသောအစေအပါးများဖြစ်ကြပါ၏။ ဆောင်ရွက်ရမည့်အမှုကို ဆောင်ရွက်ခဲ့ခြင်းသာဖြစ်ပါ၏’ဟု ဆိုကြလော့”ဟူ၍ မိန့်တော်မူ၏။
လူအပေါင်းတို့သည် လမ်းလွဲကြ၍ တညီတညွတ်တည်းအသုံးမကျသောသူများဖြစ်ကြပြီ။ ကောင်းသောအမှုကိုပြုသောသူမရှိ၊ တစ်ယောက်မျှမရှိ။
လုကာတစ်ဦးတည်းသာ ငါနှင့်အတူရှိ၏။ မာကုကို သင်နှင့်အတူခေါ်ဆောင်လာခဲ့လော့။ အကြောင်းမူကား သူသည် ငါ့အတွက် အမှုတော်လုပ်ငန်း၌ အသုံးဝင်သူဖြစ်၏။
သင်တို့သည် ယခင်က လူမျိုးတော်မဟုတ်ခဲ့သော်လည်း ယခုအခါ ဘုရားသခင်၏လူမျိုးတော်ဖြစ်ကြပြီ။ ယခင်က ကရုဏာတော်ကိုမခံစားခဲ့ရသော်လည်း ယခုအခါ ကရုဏာတော်ကိုခံစားရကြပြီ။