ထို့နောက် ယာကုပ်က “ဘုရားသခင်သည် အကျွန်ုပ်နှင့်အတူရှိ၍ အကျွန်ုပ်သွားသောဤခရီးတွင် အကျွန်ုပ်ကိုစောင့်ရှောက်လျက် စားစရာအစာနှင့် ဝတ်စရာအဝတ်ကို အကျွန်ုပ်အားပေးသနားတော်မူသဖြင့်
ဖိလိပ္ပိ 4:11 - မြန်မာ့စံမီသမ္မာကျမ်း ငါသည် ဆင်းရဲချို့တဲ့သောကြောင့် ဤသို့ဆိုသည်မဟုတ်။ အကြောင်းမူကား မည်သည့်အခြေအနေ၌မဆို ကျေနပ်ရောင့်ရဲတတ်ရန် ငါသည် သင်ယူခဲ့ပြီ။ Common Language Bible ငါ့အားသင်တို့လျစ်လူရှု၍ထားကြလေ ပြီဟုယူဆသဖြင့် ဤစကားကိုပြောဆိုရ ခြင်းလည်းမဟုတ်ပါ။ ငါသည်မိမိတွင်ရှိ သမျှနှင့်ရောင့်ရဲစွာနေတတ်ရန်သင်ယူ ထားပြီးဖြစ်သည်။- Garrad Bible ငါ ဆင်း ရဲ သည် ကို အ ကြောင်း ပြု၍ ပြော ဆို သည် မ ဟုတ် မည် သည့် အ ဖြစ် အ နေ မ ဆို ရောင့် ရဲ လျက် နေ ရန် ငါ သင် ခဲ့ ပြီ။ Judson Bible ထိုသို့ငါဆိုသော်၊ ကိုယ်တိုင်ဆင်းရဲခြင်းကို ရည်မှတ်၍ ဆိုသည်မဟုတ်။ အကြောင်းမူကား၊ ငါသည် တွေ့ကြုံသမျှသော အခြင်းအရာတို့၌ ရောင့်ရဲသောစိတ် ရှိအံ့သောငှာ သင်မိပြီ။- ခေတ်သစ်မြန်မာ သမ္မာကျမ်း ကျွန်ုပ်သည် ဆင်းရဲနွမ်းပါးသောကြောင့် ဤသို့ပြောရသည် မဟုတ်။ မည်သည့်အခြေအနေမျိုးတွင်ဖြစ်စေ တင်းတိမ်ရောင့်ရဲတတ်ရန် ကျွန်ုပ်သင်ယူခဲ့ပြီ ဖြစ်၏။ |
ထို့နောက် ယာကုပ်က “ဘုရားသခင်သည် အကျွန်ုပ်နှင့်အတူရှိ၍ အကျွန်ုပ်သွားသောဤခရီးတွင် အကျွန်ုပ်ကိုစောင့်ရှောက်လျက် စားစရာအစာနှင့် ဝတ်စရာအဝတ်ကို အကျွန်ုပ်အားပေးသနားတော်မူသဖြင့်
မောရှေသည် ရွေလနှင့်အတူနေထိုင်ရန် သဘောတူ၍ ရွေလသည် သူ၏သမီးဇိပေါရကို မောရှေနှင့်ပေးစားလေ၏။
စစ်မှုထမ်းများသည်လည်း “အကျွန်ုပ်တို့သည် မည်သို့ပြုရမည်နည်း”ဟု မေးကြလျှင် ယောဟန်က “သူတစ်ပါးထံမှ ငွေညှစ်ယူခြင်း၊ မတရားတောင်းခံခြင်း မပြုကြနှင့်။ မိမိတို့ရသောလခနှင့် ရောင့်ရဲကြလော့”ဟု ပြန်ပြောလေ၏။
ကြိုးပမ်းအားထုတ်ခြင်းနှင့် ပင်ပန်းခက်ခဲခြင်း၊ မကြာခဏအိပ်ရေးပျက်ခြင်း၊ အစာငတ်ခြင်းနှင့် ရေငတ်ခြင်း၊ မကြာခဏ အစာပြတ်လပ်ခြင်း၊ ချမ်းအေးဒဏ်ခံရခြင်းနှင့် အဝတ်အချည်းစည်းနေရခြင်းတို့ကိုလည်း ကြုံတွေ့ခဲ့ရ၏။
ဝမ်းနည်းသောသူကဲ့သို့ဖြစ်သော်လည်း အစဉ်ဝမ်းမြောက်လျက်ရှိကြ၏။ ဆင်းရဲသောသူကဲ့သို့ဖြစ်သော်လည်း များစွာသောသူတို့ကို ကြွယ်ဝပြည့်စုံစေကြ၏။ မည်သည့်အရာမျှမရှိသောသူကဲ့သို့ဖြစ်သော်လည်း အလုံးစုံကိုပိုင်ဆိုင်ကြ၏။
အကြောင်းမူကား သင်တို့သည် ငါတို့သခင်ယေရှုခရစ်တော်၏ကျေးဇူးတော်ကိုသိကြ၏။ ကိုယ်တော်သည် ကြွယ်ဝသော်လည်း သူ၏ဆင်းရဲခြင်းအားဖြင့် သင်တို့ကြွယ်ဝကြမည့်အကြောင်း သင်တို့အတွက် ဆင်းရဲခြင်းကိုခံတော်မူ၏။
သင်တို့သည် အရာရာ၌ အစဉ်အမြဲ ကျေနပ်တင်းတိမ်မှုအပြည့်အဝရှိ၍ ကောင်းသောအမှုရှိသမျှတို့နှင့် ကြွယ်ဝပြည့်စုံမည့်အကြောင်း ဘုရားသခင်သည် အလုံးစုံသောကျေးဇူးတော်ကို သင်တို့အပေါ် ကြွယ်ဝစွာချပေးရန် တတ်နိုင်တော်မူ၏။
ထိုမျှမက ငါ၏သခင်ခရစ်တော်ယေရှုကို သိသောဉာဏ်၏ထူးမြတ်သောအကျိုးကျေးဇူးကြောင့် အရာခပ်သိမ်းကို အရှုံးဟူ၍ ငါမှတ်ယူ၏။ ထိုသခင်ကိုထောက်၍ အရာခပ်သိမ်းတို့ကို ငါအဆုံးရှုံးခံပြီး ၎င်းတို့ကို မစင်ကဲ့သို့ ငါမှတ်ယူ၏။
သင်တို့သည် အကျဉ်းသားတို့အပေါ် စာနာစိတ်ရှိကြသည်သာမက သာ၍မြတ်ပြီး တည်မြဲသောအရာကို မိမိတို့ပိုင်ဆိုင်ကြောင်းသိလျက် သင်တို့ဥစ္စာပစ္စည်းများ မတရားလုယူခြင်းခံရသော်လည်း ဝမ်းမြောက်စွာသည်းခံခဲ့ကြ၏။