ဟေဇကိမင်းကြီးနှင့်မှူးမတ်တို့ ရောက်လာ၍ စုပုံထားသောအလှူပစ္စည်းများကိုတွေ့လျှင် ထာဝရဘုရားနှင့် ကိုယ်တော်၏လူမျိုးတော်အစ္စရေးတို့ကို ချီးမွမ်းထောမနာပြုလေ၏။
ဖိလိပ္ပိ 4:10 - မြန်မာ့စံမီသမ္မာကျမ်း ငါ့အတွက် အလေးထားစဉ်းစားပေးသောစိတ်သည် သင်တို့၌ ယခုတစ်ကြိမ် ပြန်လည်ဖြစ်ပေါ်လာသောကြောင့် ငါသည် သခင်ဘုရား၌ အလွန်ဝမ်းမြောက်၏။ အမှန်စင်စစ် သင်တို့သည် ငါ့အတွက် အလေးထားစဉ်းစားပေးသော်လည်း အခွင့်မရခဲ့ကြ။ Common Language Bible ဤမျှအချိန်ကာလကြာညောင်းပြီးမှသင်တို့ သည် ငါ့အားမိမိတို့၏မေတ္တာစေတနာကိုတစ် ဖန်ပြန်၍ပြသကြသည့်အတွက် ငါသည် သခင်ဘုရားနှင့်တစ်လုံးတစ်ဝတည်းဖြစ်သူ တစ်ဦးအနေဖြင့်အလွန်ပင်ဝမ်းမြောက်ပါ၏။ ယခင်အခါကသင်တို့သည်ငါ၏အပေါ် တွင်မေတ္တာစေတနာမထားဘဲနေခဲ့ကြ သည်ဟုငါမဆိုလိုပါ။ ထိုမေတ္တာစေတနာ ကိုပြသနိုင်ခွင့်မရခဲ့ကြောင်းကိုသာ ဆိုလိုပါ၏။- Garrad Bible သင် တို့ သည် ငါ့ ကို သ တိ ရ ကြ သည် မှန် သော် လည်း အ ခါ အ ခွင့် မ သင့် သ ဖြင့် ယ ခု မှ တ ဖန် သ တိ ရ သည့် အ တိုင်း ပြု ကြ ပြန် သည့် အ တွက် အ ရှင် ဘု ရား၌ ငါ အား ရွှင် လန်း ရ၏။ Judson Bible ယခု၌လည်း သင်တို့သည် ငါ့ကို ကြည့်ရှုပြုစုချင်သော စေတနာစိတ်နှင့် ပြည့်စုံပြန်သည်ဖြစ်၍၊ ငါသည် သခင်ဘုရား၌ အလွန်ဝမ်းမြောက်ခြင်းရှိ၏။ ထိုစေတနာစိတ်သည် အထက်ကရှိသော်လည်း ပြုစုရသောအခွင့် မရှိပြီ။- ခေတ်သစ်မြန်မာ သမ္မာကျမ်း သင်တို့သည် ကျွန်ုပ်အတွက် ယခုထပ်မံ၍ ငဲ့ညှာစဉ်းစားပေးသောကြောင့် သခင်ဘုရားနှင့် တပေါင်းတစည်းတည်း ဖြစ်သော ကျွန်ုပ်သည် အလွန်ဝမ်းမြောက်၏။ အမှန်တွင်မူ သင်တို့သည် ကျွန်ုပ်အတွက် ငဲ့ညှာစဉ်းစားပေးသော်လည်း ပြသရန် အခွင့်မသာခဲ့ကြ။ |
ဟေဇကိမင်းကြီးနှင့်မှူးမတ်တို့ ရောက်လာ၍ စုပုံထားသောအလှူပစ္စည်းများကိုတွေ့လျှင် ထာဝရဘုရားနှင့် ကိုယ်တော်၏လူမျိုးတော်အစ္စရေးတို့ကို ချီးမွမ်းထောမနာပြုလေ၏။
ကိုယ်တော်၏လူမျိုးတော်သည် ကိုယ်တော်၌ဝမ်းမြောက်မည့်အကြောင်း အကျွန်ုပ်တို့ကို ပြန်လည်ရှင်သန်စေတော်မူမည်မဟုတ်လော။
သူတို့သည် ငါ့အရိပ်ကို ပြန်လည်ခိုလှုံကြလိမ့်မည်။ ကောက်နှံပင်များကဲ့သို့ ဝေဆာ၍ စပျစ်ပင်များကဲ့သို့ ပွင့်လန်းကြလိမ့်မည်။ လက်ဘနွန်စပျစ်ဝိုင်ကဲ့သို့ ကျော်ကြားလိမ့်မည်။
မာကေဒေါနိပြည်မှလာသော ညီအစ်ကိုများသည် ငါလိုအပ်သည့်အရာကို ဖြည့်ဆည်းပေးခဲ့သည်ဖြစ်၍ ငါသည် သင်တို့နှင့်အတူရှိစဉ် လိုအပ်ချက်ရှိသည့်အခါ မည်သူ့အတွက်မျှ ဝန်ထုပ်ဝန်ပိုးမဖြစ်ခဲ့ပေ။ ငါသည် သင်တို့အတွက် ဝန်ထုပ်ဝန်ပိုးမဖြစ်စေရန် မိမိကိုယ်ကို အရာရာ၌စောင့်စည်းခဲ့သည့်နည်းတူ နောင်၌လည်း စောင့်စည်းဦးမည်။
သမ္မာတရားကိုဟောပြောခြင်း၌ဖြစ်စေ၊ ဘုရားသခင်၏တန်ခိုးတော်၌ဖြစ်စေ၊ လက်ဝဲလက်ယာ၌ကိုင်ထားသော ဖြောင့်မတ်ခြင်း၏လက်နက်များအားဖြင့်ဖြစ်စေ၊
ထို့ကြောင့် ငါတို့သည် အခါအခွင့်ရသောအခါ လူအပေါင်းတို့အပေါ် အထူးသဖြင့် ယုံကြည်ခြင်း၏အိမ်သူအိမ်သားတို့အပေါ် ကောင်းသောအမှုကို ပြုကြကုန်စို့။
နှုတ်ကပတ်တရားကိုသင်ယူသောသူသည် သင်ပေးသောသူအား ကောင်းသောအရာရှိသမျှတို့ကို ဝေမျှပေးပါစေ။
ယေရှုခရစ်တော်၏အစေအပါးများဖြစ်ကြသော ငါပေါလုနှင့်တိမောသေတို့သည် ဖိလိပ္ပိမြို့၌နေကြသော ကြီးကြပ်သူများ၊ သင်းထောက်များနှင့်တကွ ခရစ်တော်ယေရှု၌ရှိသော သန့်ရှင်းသူအပေါင်းတို့ထံသို့ စာရေးလိုက်ပါ၏။
အဘယ်ကြောင့်ဆိုသော် သင်တို့သည် ငါ့ကိုကူညီထောက်မရာ၌ လိုအပ်သည့်အပိုင်းကိုဖြည့်ဆည်းပေးရန် သူသည် မိမိအသက်ကိုပဓာနမထားဘဲ ခရစ်တော်၏အမှုတော်အတွက် သေလုနီးပါးဖြစ်ခဲ့၏။