အပြစ်တင်စရာမရှိသောသူကို မှတ်သားဆင်ခြင်လော့။ ဖြောင့်မှန်သောသူကို ကြည့်ရှုလော့။ အကြောင်းမူကား ငြိမ်းချမ်းခြင်းဆောင်ကြဉ်းသူအတွက် အနာဂတ်ရှိ၏။
ဖိလိပ္ပိ 3:17 - မြန်မာ့စံမီသမ္မာကျမ်း ညီအစ်ကိုတို့၊ ငါ့ကိုအတုယူသူများဖြစ်ကြလော့။ ငါတို့ထံမှရရှိသောစံနမူနာအတိုင်း အသက်ရှင်လျှောက်လှမ်းနေကြသောသူတို့ကိုလည်း ကြည့်ရှုမှတ်သားကြလော့။ Common Language Bible ညီအစ်ကိုတို့၊ သင်တို့အပေါင်းသည် ငါ့ထံမှအတု ယူကြလော့။ ငါတို့ပြသောစံနမူနာကောင်းကို လိုက်ကြသူတို့အားရှုမှတ်ကြလော့။- Garrad Bible ညီ အစ် ကို တို့၊ ငါ့ ပုံ စံ ကို လိုက် လျက် ငါ တို့ ပြ သည့် နည်း တူ ပင် လျှောက် လိုက် သူ တို့ ကို မှတ် ကြ လော့။ Judson Bible ညီအစ်ကိုတို့၊ ငါကျင့်သည်နည်းတူ သင်တို့သည် တညီတညွတ်တည်း ကျင့်ကြလော့။ ငါတို့ပေးသော ပုံသက်သေနှင့်အညီ ကျင့်သောသူတို့ကိုလည်း ရှုမှတ်ကြလော့။- ခေတ်သစ်မြန်မာ သမ္မာကျမ်း ညီအစ်ကိုမောင်နှမတို့… ကျွန်ုပ်ကို အတုယူရာတွင် အချင်းချင်း ပူးပေါင်းပါဝင်ကြလော့။ ကျွန်ုပ်တို့ပြသော စံနမူနာအတိုင်း ပြုမူနေထိုင်ကြသောသူတို့ကို ကြည့်ရှုလေ့လာကြလော့။ |
အပြစ်တင်စရာမရှိသောသူကို မှတ်သားဆင်ခြင်လော့။ ဖြောင့်မှန်သောသူကို ကြည့်ရှုလော့။ အကြောင်းမူကား ငြိမ်းချမ်းခြင်းဆောင်ကြဉ်းသူအတွက် အနာဂတ်ရှိ၏။
ညီအစ်ကိုတို့၊ သင်တို့ခံယူပြီးသောသွန်သင်ချက်ကိုဆန့်ကျင်၍ ကွဲပြားခြင်းနှင့်မှားယွင်းခြင်းတို့ကို ဖြစ်ပွားစေသောသူတို့ကိုသတိပြုလျက် ရှောင်ရှားကြရန်သင်တို့အား ငါတိုက်တွန်းနှိုးဆော်၏။
ဂျူးလူမျိုးတို့အတွက်ဖြစ်စေ၊ ဂရိလူမျိုးတို့အတွက်ဖြစ်စေ၊ ဘုရားသခင်၏အသင်းတော်အတွက်ဖြစ်စေ မှားယွင်းစရာအကြောင်းမဖြစ်ကြနှင့်။
ငါသည် ခရစ်တော်ကိုအတုယူသူဖြစ်သကဲ့သို့ သင်တို့သည်လည်း ငါ့ကိုအတုယူသူများဖြစ်ကြလော့။
သို့ဖြစ်၍ ငါ့ကိုအတုယူသူများဖြစ်ကြရန် သင်တို့ကို ငါတိုက်တွန်းနှိုးဆော်၏။
ငါ့ထံမှ သင်တို့သင်ကြားခံယူလျက် ကြားနာသိမြင်ခဲ့သောအရာတို့ကို ပြုကျင့်ကြလော့။ သို့ပြုလျှင် ငြိမ်သက်ခြင်း၏အရှင်ဘုရားသခင်သည် သင်တို့နှင့်အတူရှိတော်မူလိမ့်မည်။
သင်တို့သည်လည်း များစွာသောဆင်းရဲဒုက္ခထဲ၌ သန့်ရှင်းသောဝိညာဉ်တော်ထံမှရရှိသောဝမ်းမြောက်ခြင်းဖြင့် နှုတ်ကပတ်တော်ကိုလက်ခံ၍ ငါတို့နှင့်သခင်ဘုရားကို အတုယူသူများဖြစ်ကြ၏။
တစ်စုံတစ်ယောက်သည် ဤစာအားဖြင့် ငါတို့မှာကြားသောစကားကိုနားမထောင်လျှင် ထိုသူအား အရှက်ရစေရန် သူ့ကိုမှတ်ထားလျက် သူနှင့်အပေါင်းအဖော်မပြုကြနှင့်။
အကြောင်းမူကား ငါတို့ကို မည်ကဲ့သို့အတုယူရမည်ကို သင်တို့ကိုယ်တိုင်သိကြ၏။ ငါတို့သည် သင်တို့အလယ်၌ စည်းမဲ့ကမ်းမဲ့နေကြသည်မဟုတ်။
ထိုသို့ပြုခြင်းမှာ ငါတို့၌ အခွင့်မရှိသောကြောင့်မဟုတ်။ ငါတို့ကိုအတုယူနိုင်ရန် ငါတို့ကိုယ်တိုင် သင်တို့အား စံနမူနာပြလိုသောကြောင့်သာဖြစ်၏။
သင်၏အသက်အရွယ်နုပျိုခြင်းကို မည်သူမျှမထီမဲ့မြင်မပြုစေနှင့်။ အပြောအဆို၌လည်းကောင်း၊ အသက်ရှင်နေထိုင်မှု၌လည်းကောင်း၊ ချစ်ခြင်းမေတ္တာ၌လည်းကောင်း၊ ယုံကြည်ခြင်း၌လည်းကောင်း၊ ဖြူစင်သန့်ရှင်းခြင်း၌လည်းကောင်း ယုံကြည်သောသူတို့အတွက် စံနမူနာဖြစ်လော့။
ဘုရားသခင်၏နှုတ်ကပတ်တော်ကို သင်တို့အားဟောပြောခဲ့သည့် သင်တို့၏ခေါင်းဆောင်များကို သတိရကြလော့။ သူတို့၏အသက်ရှင်နေထိုင်မှုမှထွက်ပေါ်လာသည့် အကျိုးတရားကိုကြည့်ရှုဆင်ခြင်လျက် သူတို့၏ယုံကြည်ခြင်းကို အတုယူကြလော့။
သင်တို့အားခွဲဝေပေးအပ်ထားသောသူတို့အပေါ် စိုးမိုးခြယ်လှယ်ခြင်းမပြုဘဲ သိုးစုအတွက် စံနမူနာဖြစ်ကြလော့။