သို့ဖြစ်၍ သင်တို့အတွက် ငါခံရသောဆင်းရဲဒုက္ခများကြောင့် စိတ်ပျက်အားလျော့ခြင်းမရှိကြရန် ငါတောင်းပန်၏။ ထိုအရာများသည် သင်တို့၏ဂုဏ်သရေဖြစ်၏။
ဖိလိပ္ပိ 2:18 - မြန်မာ့စံမီသမ္မာကျမ်း ထိုနည်းတူ သင်တို့သည်လည်း ဝမ်းမြောက်ကြလော့။ ငါနှင့်အတူဝမ်းမြောက်ကြလော့။ Common Language Bible သင်တို့သည်လည်းဝမ်းမြောက်လျက်ငါနှင့် အတူဝမ်းမြောက်ကြလော့။ Garrad Bible သင် တို့ လည်း ဝမ်း မြောက် လျက် ငါ နှင့် အ တူ ရွှင် လန်း ကြ လော့။ Judson Bible ထိုနည်းတူ သင်တို့သည်လည်း ဝမ်းမြောက်ကြလော့။ ငါနှင့်အတူ ဝမ်းမြောက်ခြင်း ရှိကြလော့။ ခေတ်သစ်မြန်မာ သမ္မာကျမ်း ထိုနည်းတူ သင်တို့သည်လည်း ကျွန်ုပ်နှင့်အတူ ဝမ်းမြောက် ပျော်ရွှင်ကြလော့။ |
သို့ဖြစ်၍ သင်တို့အတွက် ငါခံရသောဆင်းရဲဒုက္ခများကြောင့် စိတ်ပျက်အားလျော့ခြင်းမရှိကြရန် ငါတောင်းပန်၏။ ထိုအရာများသည် သင်တို့၏ဂုဏ်သရေဖြစ်၏။
ထိုမျှမက သင်တို့၏ယုံကြည်ခြင်းနှင့်ဆိုင်သော ဝတ်ပြုခြင်းနှင့်ယဇ်ပူဇော်ခြင်းတို့အပေါ်၌ ငါသွန်းလောင်းပူဇော်ခြင်းခံရမည်ဆိုလျှင်လည်း ငါဝမ်းမြောက်၏။ သင်တို့အားလုံးနှင့်အတူ ငါဝမ်းမြောက်၏။
ငါသည် သင်တို့အကြောင်းကိုကြားသိ၍ အားတက်လာစေရန် တိမောသေကို သင်တို့ထံသို့ မကြာမီစေလွှတ်နိုင်မည်ဟု သခင်ယေရှု၌ ငါမျှော်လင့်ထား၏။
နောက်ဆုံးအနေဖြင့်ဆိုရလျှင် ငါ့ညီအစ်ကိုတို့၊ သခင်ဘုရား၌ဝမ်းမြောက်ကြလော့။ သင်တို့ထံသို့ တူညီသောအကြောင်းများကို ထပ်၍ရေးသားခြင်းသည် ငါ့အတွက် ပင်ပန်းစရာမဟုတ်ဘဲ သင်တို့အတွက် ဘေးဆီးရန်ကာဖြစ်၏။
သခင်ဘုရား၌ အစဉ်အမြဲဝမ်းမြောက်ကြလော့။ တစ်ဖန် ငါဆိုသည်ကား ဝမ်းမြောက်ကြလော့။