ဖြောင့်မတ်သောသူမူကား မိမိလမ်းအတိုင်း တည်ကြည်စွာလျှောက်လှမ်း၍ လက်စင်ကြယ်သောသူသည်လည်း ပို၍ပို၍အားကြီးလာလိမ့်မည်။
ဖိလိပ္ပိ 1:9 - မြန်မာ့စံမီသမ္မာကျမ်း သင်တို့၏ချစ်ခြင်းမေတ္တာသည် စစ်မှန်သောအသိပညာနှင့် ထိုးထွင်းဉာဏ်အမျိုးမျိုးတို့၌ ပို၍ပို၍ပြည့်စုံလာသဖြင့် Common Language Bible သင်တို့သည်အမြတ်ဆုံးသောအရာကိုရွေးယူ နိုင်အံ့သောငှာအသိပညာ၊ ပိုင်းခြားဝေဖန်တတ် သောစွမ်းရည်တို့နှင့်ပြည့်စုံ၍မေတ္တာပါရမီတိုး သည်ထက်တိုးလာကြစေရန်သင်တို့အတွက် ငါဆုတောင်းပတ္ထနာပြုပါသည်။ သို့မှသာလျှင် သင်တို့သည်ခရစ်တော်ကြွလာတော်မူသော နေ့ရက်၌အပြစ်ဆိုဖွယ်မရှိဘဲအညစ် အကြေးနှင့်ကင်းစင်လိမ့်မည်။- Garrad Bible ငါ ပ ဌ နာ ပြု သည် မှာ ဘု ရား သ ခင့် ဘုန်း တော် ထင် ရှား စေ ခြင်း နှင့် ချီး မွမ်း စေ ခြင်း အ လို့ ငှာ ယေ ရှု ခ ရစ် အား ဖြင့် ရ သော ဖြောင့် မတ် ခြင်း အ သီး နှင့် သင် တို့ သည် ပြည့် စုံ၍ ခ ရစ် တော်၏ နေ့ တော် အ ဖို့ စိတ် ကြည် ဖြူ လျက် တိုက် လဲ ရန် အ ကြောင်း နှင့် ကင်း လွတ် စေ ခြင်း ငှာ အ ထူး အ မြတ် ကို သ ဘော ကျ အောင် အ သိ ပ ညာ နှင့် သ ညာ အ မျိုး မျိုး ၌ ချစ် ခြင်း မေ တ္တာ တိုး ပွား ကြွယ် ဝ မည့် အ ကြောင်း တည်း။ Judson Bible ငါသည် အဘယ်သို့ ဆုတောင်းသနည်းဟူမူကား၊ သင်တို့သည် ခြားနားသောအရာတို့ကို ပိုင်းခြားစေခြင်းငှာ ဉာဏ်ပညာအမျိုးမျိုးရှိလျက်၊- ခေတ်သစ်မြန်မာ သမ္မာကျမ်း သင်တို့၏ ချစ်ခြင်းမေတ္တာသည် အသိပညာ၊ ထိုးထွင်းဉာဏ်တို့နှင့်တကွ တိုးသည်ထက် တိုးလာရန် ကျွန်ုပ် အစဉ်ဆုတောင်းပါ၏။ |
ဖြောင့်မတ်သောသူမူကား မိမိလမ်းအတိုင်း တည်ကြည်စွာလျှောက်လှမ်း၍ လက်စင်ကြယ်သောသူသည်လည်း ပို၍ပို၍အားကြီးလာလိမ့်မည်။
အကျွန်ုပ်သည် ကိုယ်တော်၏ပညတ်တော်တို့ကို ယုံကြည်စိတ်ချသည်ဖြစ်၍ ကောင်းမြတ်သောဆင်ခြင်တုံတရားနှင့် အသိပညာကို အကျွန်ုပ်အား သင်ကြားပေးတော်မူပါ။
သို့သော် ဖြောင့်မတ်သောသူတို့၏လမ်းသည် မိုးစင်စင်လင်းသည့်တိုင်အောင် ပို၍ပို၍ထွန်းလင်းလာသည့် အရုဏ်ဦး၏အလင်းရောင်ကဲ့သို့ဖြစ်၏။
ညီအစ်ကိုတို့၊ စဉ်းစားဆင်ခြင်မှုနှင့်ပတ်သက်၍ ကလေးသူငယ်များမဖြစ်ကြနှင့်။ မကောင်းမှုနှင့်ပတ်သက်၍ ကလေးသူငယ်များကဲ့သို့ဖြစ်ကြလျက် စဉ်းစားဆင်ခြင်မှုနှင့်ပတ်သက်၍ စုံလင်ရင့်ကျက်သောသူများဖြစ်ကြလော့။
သင်တို့သည် ယုံကြည်ခြင်း၌ဖြစ်စေ၊ ဟောပြောခြင်း၌ဖြစ်စေ၊ အသိပညာ၌ဖြစ်စေ၊ လုံ့လဝီရိယရှိသမျှ၌ဖြစ်စေ၊ ငါတို့အပေါ်ထားရှိသော သင်တို့၏ချစ်ခြင်းမေတ္တာ၌ဖြစ်စေ အရာရာ၌ ကြွယ်ဝပြည့်စုံကြသည့်နည်းတူ ဤကျေးဇူးပြုခြင်းအမှု၌လည်း ကြွယ်ဝပြည့်စုံကြပါစေ။
သို့ဖြစ်၍ မိုက်မဲသောသူများမဖြစ်ကြဘဲ သခင်ဘုရား၏အလိုတော်သည် မည်သည့်အရာဖြစ်သည်ကို နားလည်ကြလော့။
ထို့ကြောင့် ငါတို့သည်လည်း ကြားရသည့်နေ့မှစ၍ သင်တို့အတွက် အစဉ်မပြတ်ဆုတောင်းလျက် သင်တို့သည် ဝိညာဉ်ရေးဆိုင်ရာဉာဏ်ပညာနှင့် တတ်သိနားလည်မှုအလုံးစုံတို့ဖြင့် ဘုရားသခင်၏အလိုတော်ကိုသိသောဉာဏ်နှင့်ပြည့်ဝ၍
ဖန်ဆင်းတော်မူသောအရှင်၏ပုံသဏ္ဌာန်နှင့်အညီ စစ်မှန်သောအသိပညာအားဖြင့် အသစ်ပြုပြင်ခြင်းခံရသောလူသစ်ကို ဝတ်ဆင်ကြပြီဖြစ်၏။
ငါတို့သည် သင်တို့ကိုချစ်သကဲ့သို့ သင်တို့သည်လည်း အချင်းချင်းချစ်သောမေတ္တာ၌လည်းကောင်း၊ လူအပေါင်းတို့ကိုချစ်သောမေတ္တာ၌လည်းကောင်း တိုးပွား၍ ကြွယ်ဝပြည့်စုံမည့်အကြောင်း သခင်ဘုရားပြုတော်မူပါစေသော။
နောက်ဆုံးအနေဖြင့်ဆိုရလျှင် ညီအစ်ကိုတို့၊ သင်တို့သည် ဘုရားသခင်ကိုနှစ်သက်စေရန် မည်ကဲ့သို့အသက်ရှင်လျှောက်လှမ်းရမည်ကို ငါတို့ထံမှနည်းခံကြပြီး ထိုအတိုင်းအသက်ရှင်လျှောက်လှမ်းကြသည့်နည်းတူ ပို၍ပြည့်စုံစွာ ကြိုးစားအားထုတ်ကြရန် သင်တို့အား သခင်ယေရှု၏နာမတော်၌ ငါတို့တိုက်တွန်းနှိုးဆော်လျက် တောင်းပန်ကြ၏။
ညီအစ်ကိုတို့၊ ငါတို့သည် သင်တို့အတွက် ဘုရားသခင်ကို အစဉ်အမြဲကျေးဇူးတင်သင့်၏။ ထိုသို့ပြုခြင်းသည်လည်း သင့်လျော်ပေ၏။ အဘယ်ကြောင့်ဆိုသော် သင်တို့၏ယုံကြည်ခြင်းသည် အလွန်တိုးပွား၍ အချင်းချင်းအပေါ်၌ထားသော သင်တို့တစ်ဦးစီ၏ချစ်ခြင်းမေတ္တာသည်လည်း ပွားများလျက်ရှိ၏။
ထို့ကြောင့် ခရစ်တော်အတွက် ငါတို့၌ရှိသည့် ကောင်းသောအရာအားလုံးတို့ကို သိခြင်းအားဖြင့် သင်၏ယုံကြည်ခြင်းနှင့်ဆိုင်သောမိတ်သဟာယဖွဲ့ခြင်းသည် ထိရောက်မှုရှိသောအရာဖြစ်လာရန် ငါဆုတောင်း၏။
မာသောအစာမူကား အကောင်းအဆိုးကိုပိုင်းခြား၍သိရှိနိုင်သောထိုးထွင်းဉာဏ်ကို အတွေ့အကြုံအားဖြင့်လေ့ကျင့်ထားသည့်စုံလင်ရင့်ကျက်သောသူများအတွက်ဖြစ်၏။
သင်တို့သည် သမ္မာတရားကိုနာခံခြင်းအားဖြင့် သင်တို့၏စိတ်ဝိညာဉ်များကို သန့်ရှင်းစင်ကြယ်စေပြီး ဟန်ဆောင်မှုကင်းသည့် ညီအစ်ကိုချင်းချစ်သောမေတ္တာကိုရရှိကြသည်ဖြစ်၍ ဖြူစင်သောစိတ်နှလုံးဖြင့် အချင်းချင်းခိုင်မြဲစွာချစ်ကြလော့။
ငါတို့၏သခင်နှင့်ကယ်တင်ရှင်ဖြစ်တော်မူသော ယေရှုခရစ်တော်၏ကျေးဇူးတော်၌လည်းကောင်း၊ ကိုယ်တော်ကိုသိသောဉာဏ်၌လည်းကောင်း ကြီးထွားကြလော့။ ယခုမှစ၍ ထာဝရနေ့ရက်ကာလတိုင်အောင် ကိုယ်တော်၌ ဘုန်းအသရေတော်ရှိပါစေသော။ အာမင်။