သို့သော် သူတို့သည် နာခံမှုမရှိ။ ကိုယ်တော်ကိုပုန်ကန်ကြ၏။ ပညတ်တရားကို ကျောခိုင်းကြ၏။ ကိုယ်တော့်ထံသို့ပြန်လာရန် သူတို့ကိုသတိပေးသော ကိုယ်တော်၏ပရောဖက်များကိုသတ်ဖြတ်ကြ၏။ လွန်စွာပြစ်မှားစော်ကားကြ၏။
နေဟမိ 9:18 - မြန်မာ့စံမီသမ္မာကျမ်း ထို့ပြင် သူတို့သည် နွားသငယ်ရုပ်တုကို သွန်းလုပ်၍ ‘ဤဘုရားသည် သင်တို့ကို အီဂျစ်ပြည်မှထုတ်ဆောင်ခဲ့သော သင်တို့၏ဘုရားဖြစ်သည်’ဟု ပြောဆိုလျက် လွန်စွာပြစ်မှားစော်ကားကြသော်လည်း Common Language Bible သူတို့သည်နွားလားဥသဘရုပ်ကိုသွန်းလုပ် ပြီးလျှင် ဤဘုရားကားငါတို့အားအီဂျစ်ပြည်မှ ထုတ်ဆောင်လာသောဘုရားပင်တည်း'' ဟုဆို ကြပါ၏။ အို ထာဝရဘုရားသူတို့သည်ကိုယ်တော်အား လွန်စွာစော်ကားကြပါသည်တကား။ Garrad Bible နွား ရုပ် ကို သွန်း လုပ်၍၊ ဤ ရုပ် တု သည်၊ သင် တို့ ကို အိဂျစ် ပြည် မှ ထုတ် ဆောင် ခဲ့ သော၊ သင် တို့ ဘု ရား ဖြစ် သည် ဟု၊ များ စွာ တော် လှန် ပြစ် မှား ကြ သော် လည်း၊ Judson Bible ထိုမျှမက သူတို့သည် နွားသငယ်အရုပ်ကို သွန်း၍၊ အိုဣသရေလအမျိုး၊ ဤဘုရားသည် သင့်ကို အဲဂုတ္တုပြည်မှ နုတ်ဆောင်သော သင်၏ဘုရား ဖြစ်တော်မူ၏ဟုဆိုလျက်၊ အလွန်ပြစ်မှားသော်လည်း၊ |
သို့သော် သူတို့သည် နာခံမှုမရှိ။ ကိုယ်တော်ကိုပုန်ကန်ကြ၏။ ပညတ်တရားကို ကျောခိုင်းကြ၏။ ကိုယ်တော့်ထံသို့ပြန်လာရန် သူတို့ကိုသတိပေးသော ကိုယ်တော်၏ပရောဖက်များကိုသတ်ဖြတ်ကြ၏။ လွန်စွာပြစ်မှားစော်ကားကြ၏။
အို အစ္စရေးအမျိုးအနွယ်တို့၊ တောကန္တာရထဲ၌ အနှစ်လေးဆယ်ပတ်လုံးလှည့်လည်နေစဉ် ငါ့ထံ ယဇ်ကောင်နှင့် ဘောဇဉ်ပူဇော်သက္ကာတို့ကို သင်တို့ ပူဇော်ဖူးသလော။