ထိုသို့ ဘုရားသခင်၏ပညတ်တရားကျမ်းကို သေသေချာချာဖတ်ပြ၍ အဓိပ္ပာယ်ကိုရှင်းပြသဖြင့် သူတို့ဖတ်ပြသည်ကို လူအပေါင်းတို့ နားလည်ကြ၏။
သူတို့သည်ထာဝရဘုရား၏ ပညတ်တရား တော်ကိုလူတို့နားလည်နိုင်ရန် ဘာသာပြန် ဆို ကာရှင်းပြကြလေသည်။
ထိုသို့ ဘုရားသခင်၏ ပညတ္တိကျမ်းစာကို သေချာစွာဖတ်ရွတ်၍ အနက်ကိုပြန်သဖြင့်၊ လူများနားလည်စေခြင်းငှာ ပြုကြ၏။
ထိုအခါ ယုဒအမျိုးသားအားလုံးနှင့် ဂျေရုဆလင်မြို့သားအားလုံး၊ ယဇ်ပုရောဟိတ်များ၊ ပရောဖက်များမှစ၍ ပြည်သူပြည်သားလူကြီးလူငယ်တစ်ယောက်မကျန် ရှင်ဘုရင်နှင့်အတူ ထာဝရဘုရား၏အိမ်တော်သို့ သွားကြ၏။ ရှင်ဘုရင်သည် ထာဝရဘုရားအိမ်တော်တွင် တွေ့ခဲ့သောပဋိညာဉ်ကျမ်းစကားအလုံးစုံကို သူတို့ကြားသိအောင် ဖတ်ပြလေ၏။
သင်တို့ပို့လိုက်သောစာကို ငါ့ရှေ့မှောက်တွင် သေသေချာချာဖတ်ပြကြပြီ။
လူအပေါင်းတို့သည်လည်း သူတို့အား ရှင်းပြသောစကားများကို ကောင်းစွာနားလည်သဖြင့် စားသောက်ရန်၊ အစားအစာဝေငှရန်နှင့် ပျော်ပွဲရွှင်ပွဲကြီးကျင်းပရန် ထွက်သွားကြ၏။
လူအပေါင်းတို့ ရပ်နေကြစဉ် ယေရွှာ၊ ဗာနိ၊ ရှေရဘိ၊ ယာမိန်၊ အက္ကုပ်၊ ရှဗ္ဗေသဲ၊ ဟောဒိယ၊ မာသေယ၊ ကေလိတ၊ အာဇရိ၊ ယောဇဗဒ်၊ ဟာနန်၊ ပေလာယနှင့်လေဝိသားတို့သည် လူတို့အား ပညတ်တရားကိုနားလည်အောင်ရှင်းပြကြ၏။
လူအပေါင်းတို့သည် ပညတ်တရားစကားများကို ကြားရသောအခါ ငိုကြွေးကြ၏။ ထို့ကြောင့် ဘုရင်ခံနေဟမိ၊ ကျမ်းပြုဆရာယဇ်ပုရောဟိတ်ဧဇရနှင့် လူတို့အား အဓိပ္ပာယ်ကိုရှင်းပြသောလေဝိသားတို့က “ယနေ့သည် သင်တို့၏ဘုရားသခင်ထာဝရဘုရားအဖို့ သန့်ရှင်းသောနေ့ ဖြစ်၏။ ထို့ကြောင့် မညည်းတွားကြနှင့်၊ မငိုကြွေးကြနှင့်”ဟု လူအပေါင်းတို့အား ဆို၏။
သူတို့သည် ကိုယ်ရှိရာနေရာ၌ ရပ်လျက် နေ့တစ်နေ့၏လေးပုံတစ်ပုံတွင် ဘုရားသခင်ထာဝရဘုရား၏ပညတ်တရားကျမ်းကို ဖတ်ပြီး နောက်လေးပုံတစ်ပုံတွင် အပြစ်များကိုဝန်ချတောင်းပန်ကာ ဘုရားသခင်ထာဝရဘုရားအား ရှိခိုးကိုးကွယ်ကြ၏။
မင်းသားသည် ထိုသူတို့ဝင်သောအခါ လိုက်ဝင်၍ ထိုသူတို့ ထွက်သောအခါ လိုက်ထွက်ရမည်။
ထိုအခါ ထာဝရဘုရားက ငါ့အား “ဤဗျာဒိတ်နိမိတ်ကို ရေးမှတ်ထားလော့။ ဖတ်သောသူသည် အပြေးအလွှားဖတ်နိုင်မည့်အကြောင်း ကျောက်ပြားပေါ်တွင် ရှင်းလင်းစွာရေးသားလော့။
ထို့နောက် ကိုယ်တော်သည် မောရှေနှင့်ပရောဖက်အပေါင်းတို့၏ကျမ်းများမှအစပြု၍ ကျမ်းစာတစ်ခုလုံးတွင် မိမိနှင့်ပတ်သက်၍ ရေးထားသည့်အကြောင်းအရာတို့ကို သူတို့အား ရှင်းပြတော်မူ၏။
သူတို့ကလည်း “လမ်း၌ ငါတို့နှင့်စကားပြောတော်မူသောအခါ၌ဖြစ်စေ၊ ငါတို့အား ကျမ်းစာအနက်ကို ဖွင့်ပြတော်မူသောအခါ၌ဖြစ်စေ ငါတို့၏စိတ်နှလုံးထဲတွင် မီးတောက်လောင်သကဲ့သို့ဖြစ်ခဲ့သည်မဟုတ်လော”ဟု အချင်းချင်းပြောဆိုကြ၏။
ထို့နောက် ကျမ်းစာကိုနားလည်ကြစေရန် သူတို့၏အသိစိတ်ကိုဖွင့်ပေးတော်မူပြီးလျှင်
ထို့နောက် သူတို့သည် ပေါလုနှင့် ရက်ကိုချိန်းချက်ပြီးမှ ပို၍များစွာသောသူတို့နှင့်တကွ သူတည်းခိုရာအရပ်သို့ ရောက်လာကြ၏။ ပေါလုသည် နံနက်စောစောအချိန်မှစ၍ ညနေအချိန်တိုင်အောင် ထိုသူတို့အား ဘုရားသခင်၏နိုင်ငံတော်အကြောင်းကိုရှင်းပြလျက် သက်သေခံကာ မောရှေ၏ပညတ်တရားကျမ်းနှင့် ပရောဖက်ကျမ်းများကိုကိုးကား၍ ယေရှုအကြောင်းကို သူတို့အားပြောပြစည်းရုံးလေ၏။