သူတို့သည် ဘုရားသခင်၏အိမ်တော်ဆောက်လုပ်ရေးအတွက် ရွှေတာလန်ငါးထောင်၊ ငွေတာလန်တစ်သောင်း၊ ရွှေဒင်္ဂါး အပြားတစ်သောင်း၊ ကြေးနီ တာလန်တစ်သောင်းရှစ်ထောင်၊ သံတာလန်တစ်သိန်း တို့ကိုပေးလှူကြ၏။
နေဟမိ 7:71 - မြန်မာ့စံမီသမ္မာကျမ်း အိမ်ထောင်စုအကြီးအမှူးအချို့တို့သည် ရွှေဒင်္ဂါးပြားနှစ်သောင်း၊ ငွေမိနာ့နှစ်ထောင့်နှစ်ရာကို ဘဏ္ဍာတိုက်ထဲသို့ ထည့်သွင်းလှူဒါန်းကြ၏။ Garrad Bible အိမ် ထောင် အ အုပ် အ ချုပ် တို့ က၊ ရွှေ ဒင်္ဂါး နှစ် သောင်း၊ ငွေ ချိန် ခွက် တစ် ထောင့် တစ် ရာ များ ကို ဘ ဏ္ဍာ တိုက် သို့ သွင်း လှူ ကြ၏။ Judson Bible အဆွေအမျိုး သူကြီးသွင်းသော ရွှေငွေပေါင်းကား၊ ရွှေဒင်္ဂါးနှစ်သောင်း၊ ငွေအခွက် နှစ်သောင်းနှစ်ထောင်တည်း။ |
သူတို့သည် ဘုရားသခင်၏အိမ်တော်ဆောက်လုပ်ရေးအတွက် ရွှေတာလန်ငါးထောင်၊ ငွေတာလန်တစ်သောင်း၊ ရွှေဒင်္ဂါး အပြားတစ်သောင်း၊ ကြေးနီ တာလန်တစ်သောင်းရှစ်ထောင်၊ သံတာလန်တစ်သိန်း တို့ကိုပေးလှူကြ၏။
အိမ်ထောင်စုအကြီးအမှူးအချို့တို့သည် ပြန်လည်တည်ဆောက်မှုလုပ်ငန်းအတွက် ပေးလှူကြ၏။ ဘုရင်ခံသည်လည်း ရွှေဒင်္ဂါးပြား တစ်ထောင်၊ အင်တုံ ငါးဆယ်၊ ယဇ်ပုရောဟိတ်ဝတ်စုံ ငါးရာသုံးဆယ်တို့ကို ဘဏ္ဍာတိုက်ထဲသို့ ထည့်သွင်းလှူဒါန်း၏။
အခြားသူတို့ကလည်း ရွှေဒင်္ဂါးပြားနှစ်သောင်း၊ ငွေမိနာ့နှစ်ထောင်၊ ယဇ်ပုရောဟိတ်ဝတ်စုံ ခြောက်ဆယ့်ခုနစ်စုံကို ပေးလှူကြ၏။
ကိုယ်တော်သည် အကြီးအကဲတို့ကို မျက်နှာလိုက်သည်မဟုတ်။ သူဌေးကို ဆင်းရဲသားထက် ပို၍အသိအမှတ်ပြုသည်မဟုတ်။ အကြောင်းမူကား လူအားလုံးသည် ဖန်ဆင်းခံလက်ရာတော်များ ဖြစ်ကြ၏။
အကြောင်းမူကား စေတနာစိတ်ရှိလျှင် မရှိသည့်အရာကိုမထောက်ဘဲ ရှိသည့်အရာကိုထောက်၍ နှစ်သက်လက်ခံတော်မူ၏။