ဤသို့သနားညှာတာစိတ်ကင်းမဲ့စွာပြုသောသူသည် သိုးသငယ်မလေးအတွက် လေးဆပြန်လျှော်ရမည်”ဟု မိန့်ဆို၏။
နေဟမိ 5:11 - မြန်မာ့စံမီသမ္မာကျမ်း ယခုပင် သူတို့၏လယ်များ၊ စပျစ်ခြံများ၊ သံလွင်ခြံများ၊ အိမ်များနှင့် သူတို့ထံမှယူထားသော ငွေ၊ ကောက်ပဲသီးနှံ၊ စပျစ်ဝိုင်အသစ်နှင့်ဆီတို့၏အတိုးများကို ပြန်ပေးကြလော့”ဟု သူတို့အား ပြော၏။ Common Language Bible သူတို့ပေးဆပ်ရန်ရှိသော ငွေ၊ ဂျုံစပါး၊ စပျစ်ရည်၊ သံလွင်ဆီအကြွေးရှိသမျှ ကိုသင်ပုန်းချေလိုက်ကြစို့။ သူတို့၏လယ် များ၊ စပျစ်ဥယျာဉ်များ၊ သံလွင်ခြံများ နှင့်အိမ်များကိုယခုချက်ချင်းပြန်လည် ပေးအပ်လိုက်ကြစို့'' ဟုပြောကြား၏။ Garrad Bible ယ နေ့ တွင် ပင်၊ သူ တို့ လယ် ယာ၊ စ ပျစ်၊ သံ လွင် ခြံ၊ အိမ် များ ကိုလည်း ကောင်း၊ တစ် ရာ လျှင် တစ် ခိုင် ကျ ခွဲ ယူ သော၊ ငွေ၊ ဆန် စ ပါး၊ စပျစ် ရည်၊ ဆီ များ ကိုလည်း ကောင်း၊ ပြန် ပေး ကြ ကုန် အံ့ ဟု ငါ ဆို သော်၊ သူ တို့ က အ မိန့် အ တိုင်း ပြန် ပေး ပါ မည်။ Judson Bible ယနေ့ပင် သူတို့လယ်ယာ၊ စပျစ်ဥယျာဉ်၊ သံလွင်ဥယျာဉ်၊ အိမ်ရာကိုလည်းကောင်း၊ သူတို့၌ခွဲယူပြီးသော ငွေ၊ ဆန်စပါး၊ စပျစ်ရည်၊ ဆီအချို့ကိုလည်းကောင်း ပြန်ပေးကြပါလော့ဟု ဆိုသော်၊ |
ဤသို့သနားညှာတာစိတ်ကင်းမဲ့စွာပြုသောသူသည် သိုးသငယ်မလေးအတွက် လေးဆပြန်လျှော်ရမည်”ဟု မိန့်ဆို၏။
ငါနှင့် ငါ့ညီအစ်ကိုများ၊ ငါ့လူများသည်လည်း ငွေနှင့်ကောက်ပဲသီးနှံများကို ချေးပေး၏။ ဤသို့ အတိုးစားခြင်းအမှုကို ရပ်တန်းကရပ်ကြပါစို့။
သူတို့ကလည်း “အကျွန်ုပ်တို့ ပြန်ပေးပါမည်။ သူတို့ထံမှ ထပ်မတောင်းတော့ပါ။ သင်ဆိုသည့်အတိုင်း ပြုပါမည်”ဟု ဆိုကြသဖြင့် ငါသည် ယဇ်ပုရောဟိတ်တို့ကို ခေါ်၍ ထိုသူတို့အား သူတို့၏ကတိအတိုင်းပြုရန် ကျိန်ဆိုစေ၏။
ငါနှစ်သက်သောအစာရှောင်ခြင်းဟူမူကား မတရားသောအချည်အနှောင်ကို ဖြေပေးခြင်း၊ ထမ်းပိုးကြိုးတို့ကို ချွတ်ပေးခြင်း၊ ဖိနှိပ်ချုပ်ချယ်ခံရသောသူတို့ကို လွတ်လပ်ခွင့်ပေးခြင်း၊ ထမ်းပိုးရှိသမျှတို့ကိုချိုးခြင်းပင် မဟုတ်လော။
သို့ဖြစ်၍ နောင်တနှင့်ထိုက်တန်သောအသီးကို သီးကြလော့။ ငါတို့တွင် အဖအာဗြဟံရှိသည်ဟူ၍ သင်တို့စိတ်ထဲ၌မပြောဆိုကြနှင့်။ သင်တို့အား ငါဆိုသည်ကား ဘုရားသခင်သည် အာဗြဟံအတွက် သားသမီးများကို ဤကျောက်ခဲတို့ထဲမှပေါ်ထွန်းစေနိုင်သည်။
သင်တို့မစုဆောင်းဘဲ စုဆောင်းပြီးသားကောင်းသောအရာအမျိုးမျိုးတို့ဖြင့်ပြည့်နေသောအိမ်များ၊ သင်တို့မတူးဘဲ တူးပြီးသားရေတွင်းများ၊ သင်တို့မစိုက်ဘဲ စိုက်ပြီးသား စပျစ်ခြံများနှင့်သံလွင်ခြံများကို သင်တို့ရရှိပြီး ဝလင်စွာ စားရသောအခါ
ယခု သင်တို့ရှေ့မှာ ငါရှိ၏။ မည်သူ့နွားကို ငါယူဖူးသနည်း၊ မည်သူ့မြည်းကို ငါယူဖူးသနည်း။ မည်သူ့ကို ငါလှည့်စားဖူးသနည်း။ မည်သူ့ကို ငါညှဉ်းဆဲဖူးသနည်း။ မသိကျိုးကျွန်ပြုရန်အတွက် မည်သူ့ထံမှ ငါလာဘ်ယူဖူးသနည်း။ ထာဝရဘုရားရှေ့၊ ဘိသိက်ခံဘုရင်၏ရှေ့တွင် သင်တို့သက်သေပြလော့။ ရှိခဲ့လျှင် ငါပြန်ပေးဆပ်မည်”ဟု ဆို၏။