Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




နေ​ဟ​မိ 5:11 - Common Language Bible

11 သူ​တို့​ပေး​ဆပ်​ရန်​ရှိ​သော ငွေ၊ ဂျုံ​စ​ပါး၊ စ​ပျစ်​ရည်၊ သံ​လွင်​ဆီ​အ​ကြွေး​ရှိ​သ​မျှ ကို​သင်​ပုန်း​ချေ​လိုက်​ကြ​စို့။ သူ​တို့​၏​လယ် များ၊ စ​ပျစ်​ဥ​ယျာဉ်​များ၊ သံ​လွင်​ခြံ​များ နှင့်​အိမ်​များ​ကို​ယ​ခု​ချက်​ချင်း​ပြန်​လည် ပေး​အပ်​လိုက်​ကြ​စို့'' ဟု​ပြော​ကြား​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

11 ယ နေ့ တွင် ပင်၊ သူ တို့ လယ် ယာ၊ စ ပျစ်၊ သံ လွင် ခြံ၊ အိမ် များ ကိုလည်း ကောင်း၊ တစ် ရာ လျှင် တစ် ခိုင် ကျ ခွဲ ယူ သော၊ ငွေ၊ ဆန် စ ပါး၊ စပျစ် ရည်၊ ဆီ များ ကိုလည်း ကောင်း၊ ပြန် ပေး ကြ ကုန် အံ့ ဟု ငါ ဆို သော်၊ သူ တို့ က အ မိန့် အ တိုင်း ပြန် ပေး ပါ မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

11 ယ​နေ့​ပင် သူ​တို့​လယ်​ယာ၊ စ​ပျစ်​ဥ​ယျာဉ်၊ သံ​လွင်​ဥ​ယျာဉ်၊ အိမ်​ရာ​ကို​လည်း​ကောင်း၊ သူ​တို့၌​ခွဲ​ယူ​ပြီး​သော ငွေ၊ ဆန်​စ​ပါး၊ စ​ပျစ်​ရည်၊ ဆီ​အ​ချို့​ကို​လည်း​ကောင်း ပြန်​ပေး​ကြ​ပါ​လော့​ဟု ဆို​သော်၊

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

11 ယခုပင် သူ​တို့​၏​လယ်​များ​၊ စပျစ်ခြံ​များ​၊ သံလွင်ခြံ​များ​၊ အိမ်​များ​နှင့် သူ​တို့​ထံမှ​ယူ​ထား​သော ငွေ​၊ ကောက်ပဲသီးနှံ​၊ စပျစ်ဝိုင်​အသစ်​နှင့်​ဆီ​တို့​၏​အတိုး​များ​ကို ပြန်ပေး​ကြ​လော့​”​ဟု သူ​တို့​အား ပြော​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ




နေ​ဟ​မိ 5:11
9 ပူးပေါင်းရင်းမြစ်များ  

သူ​သည်​ဤ​သို့​ရက်​စက်​သည့်​အ​မှု​ကို​ပြု​သည့် အ​တွက် မိ​မိ​ယူ​ထား​သည့်​သိုး​ငယ်​တစ်​ကောင် အ​စား​လေး​ဆ​ပြန်​၍​ပေး​လျော်​စေ​ရ​မည်'' ဟု​မိန့်​တော်​မူ​၏။


ငါ​သည်​ပြည်​သူ​တို့​အား​ငွေ​နှင့်​ဂျုံ​စ​ပါး​ကို ချေး​ငှား​ပါ​၏။ ငါ​၏​အ​ပေါင်း​အ​ဖော်​များ နှင့်​လုပ်​သား​များ​သည်​လည်း​ဤ​နည်း​အ​တိုင်း ပင်​ပြု​ကြ​ပါ​၏။ ယ​ခု​ငါ​တို့​သည်​ထို​အ​ကြွေး များ​ကို​ပြန်​လည်​တောင်း​ခံ​မှု​မ​ပြု​ဘဲ​နေ ကြ​စို့။-


ခေါင်း​ဆောင်​များ​က``အ​ကျွန်ုပ်​တို့​သည်​အ​ရှင် ပြော​ဆို​သည့်​အ​တိုင်း​ပြု​ပါ​မည်။ ထို​သူ​တို့ ၏​ဥစ္စာ​ပစ္စည်း​များ​ကို​ပြန်​လည်​ပေး​အပ်​ကြ ပါ​မည်။ အ​ကြွေး​များ​ကို​လည်း​တောင်း​ခံ​မှု ပြု​ကြ​တော့​မည်​မ​ဟုတ်​ပါ'' ဟု​ပြန်​ပြော ကြ​၏။ ငါ​သည်​ယဇ်​ပု​ရော​ဟိတ်​များ​ကို​ခေါ်​ယူ​ကာ သူ​တို့​၏​ရှေ့​တွင်​ခေါင်း​ဆောင်​တို့​အား မိ​မိ​တို့ က​တိ​အ​တိုင်း​ပြု​လုပ်​ကြ​ရန်​ကျိန်​ဆို​စေ​၏။-


``ငါ​နှစ်​သက်​မြတ်​နိုး​သည့်​အ​စာ​ရှောင်​ခြင်း မှာ​နှိပ်​စက်​ညှင်း​ဆဲ​မှု​တည်း​ဟူ​သော​နှောင် ကြိုး​ကို​ဖြတ်​၍ မ​တ​ရား​စိုး​မိုး​မှု​ကို​ဖယ်​ရှား ကာ​အ​နှိပ်​စက်​ခံ​ရ​သူ​တို့​အား​ကယ်​နုတ်​ခြင်း၊-


နောင်​တ​နှင့်​လျော်​ကန်​သည့်​အ​ကျင့်​ကို​ကျင့်​ကြ လော့။ အာ​ဗြ​ဟံ​သည်​ငါ​တို့​၏​အ​ဖ​ဖြစ်​သည်​ဟု မ​ပြော​ကြ​နှင့်။ ဘု​ရား​သ​ခင်​သည်​ဤ​ကျောက်​ခဲ များ​ကို​အာ​ဗြ​ဟံ​၏​သား​သ​မီး​များ​ဖြစ်​စေ ရန်​ဖန်​ဆင်း​တော်​မူ​နိုင်​သည်​ဟု​သင်​တို့​အား ငါ​ဆို​၏။-


သင်​တို့​မ​စု​ဆောင်း​ဘဲ ကောင်း​မွန်​သော​အ​ရာ များ​နှင့်​ပြည့်​စုံ​သော​အိမ်​များ​ကို​လည်း​ကောင်း၊ သင်​တို့​မ​တူး​သော​ရေ​တွင်း​များ​ကို​လည်း ကောင်း၊ သင်​တို့​မ​စိုက်​ပျိုး​သော​စ​ပျစ်​ခြံ​နှင့် သံ​လွင်​ခြံ​များ​ကို​လည်း​ကောင်း သင်​တို့​အား ပေး​တော်​မူ​မည်။ ထာ​ဝ​ရ​ဘု​ရား​သည်​သင် တို့​ကို​ပို့​ဆောင်​၍ ထို​ပြည်​သို့​ရောက်​သ​ဖြင့် သင်​တို့​သည်​အ​စား​အ​စာ​ကို​ဝ​လင်​စွာ စား​ရ​သော​အ​ခါ၊-


ယ​ခု​ငါ​ရှိ​နေ​သေး​စဉ်​အ​ကယ်​၍​ငါ့​မှာ အ​ပြစ်​တစ်​စုံ​တစ်​ရာ​ရှိ​ပါ​က ဘု​ရား​သ​ခင် ၏​ရှေ့​တော်​တွင်​လည်း​ကောင်း၊ ကိုယ်​တော်​ဘိ သိက်​ပေး​တော်​မူ​သည့်​ဘု​ရင်​၏​ရှေ့​တွင်​လည်း ကောင်း သင်​တို့​သည်​ယ​ခု​ငါ့​အား​စွပ်​စွဲ​ဖော် ပြ​ကြ​လော့။ ငါ​သည်​အ​ဘယ်​သူ​၏​နွား​ကို ယူ​ဖူး​ပါ​သ​နည်း။ အ​ဘယ်​သူ​၏​မြည်း​ကို မ​တ​ရား​သိမ်း​ယူ​ဖူး​ပါ​သ​နည်း။ ငါ​သည် လူ​တစ်​စုံ​တစ်​ယောက်​အား​လိမ်​လည်​လှည့် စား​မှု​ကို​သော်​လည်း​ကောင်း၊ ညှင်း​ဆဲ​နှိပ် စက်​မှု​ကို​သော်​လည်း​ကောင်း​ပြု​ခဲ့​ဖူး​ပါ သ​လော။ တံ​စိုး​လက်​ဆောင်​ယူ​ဖူး​ပါ​သ လော။ ဤ​အ​မှု​တစ်​ခု​ခု​ကို​ပြု​မိ​ခဲ့​သော် ငါ​သည်​မိ​မိ​ယူ​မိ​သည့်​အ​ရာ​ကို​ပြန် ၍​ပေး​လျော်​ပါ​အံ့'' ဟု​ဆို​၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ