ဟာနနိယ၏သားများမှာ ပေလတိ၊ ယေရှာယ တို့ဖြစ်ကြ၏။ ယေရှာယ၏သားမှာ ရေဖာယ၊ ရေဖာယ၏သားမှာ အာနန်၊ အာနန်၏သားမှာ ဩဗဒိ၊ ဩဗဒိ၏သားမှာ ရှေခနိ တို့ဖြစ်ကြ၏။
နေဟမိ 3:29 - မြန်မာ့စံမီသမ္မာကျမ်း သူတို့၏ဘေးတွင် ဣမေရ၏သားဇာဒုတ်သည် သူ့အိမ်ရှေ့တွင် ပြုပြင်၏။ သူ၏ဘေးတွင် ရှေခနိ၏သား အရှေ့တံခါးမှူးရှေမာယ ပြုပြင်၏။ Common Language Bible ဣမေရ၏သားဇာဒုတ်သည် မိမိ၏အိမ်ရှေ့၌ နောက်တစ်ပိုင်းကိုတည်ဆောက်၏။ ထိုနောက်ရှေကနိ၏သား၊ အရှေ့တံခါးမှူး ရှေမာယသည် မြို့ရိုးတစ်ပိုင်းကိုဆက်လက် တည်ဆောက်၏။ Garrad Bible ၎င်း အ စပ်၊ ဣ မေ ရ သား ဇာ ဒုတ် သည်၊ ကိုယ့် အိမ် မျက် နှာ စာ တွင် ပြင် ဆင်၏။ ၎င်း အ စပ်၊ ရှေ ကနိ သား၊ ရှေ့ တံ ခါး မှူး ရှေ မာ ယ ပြင် ဆင် ၏။ Judson Bible သူတို့နောက်မှ၊ ဣမေရသားဇာဒုတ်သည် မိမိအိမ် တစ်ဖက်တစ်ချက်၌ ပြင်၏။ သူ့နောက်မှ၊ ရှေကနိသား၊ အရှေ့တံခါးမှူး ရှေမာယ ပြင်၏။ |
ဟာနနိယ၏သားများမှာ ပေလတိ၊ ယေရှာယ တို့ဖြစ်ကြ၏။ ယေရှာယ၏သားမှာ ရေဖာယ၊ ရေဖာယ၏သားမှာ အာနန်၊ အာနန်၏သားမှာ ဩဗဒိ၊ ဩဗဒိ၏သားမှာ ရှေခနိ တို့ဖြစ်ကြ၏။
ထိုအခါ ဧလံသားမြေးဖြစ်သော ယေဟေလ၏သားရှေခနိက ဧဇရအား “အကျွန်ုပ်တို့သည် ဤပြည်ရှိတစ်ပါးအမျိုးသား မိန်းမပျိုတို့နှင့်စုံဖက်ခြင်းဖြင့် အကျွန်ုပ်တို့၏ဘုရားသခင်ကို ပြစ်မှားကြပါပြီ။ သို့သော်လည်း အစ္စရေးလူမျိုးတို့အဖို့ မျှော်လင့်စရာရှိပါသေး၏။
မြင်းတံခါးအထက်ဘက်တွင်မူ ယဇ်ပုရောဟိတ်တို့သည် မိမိတို့အိမ်ရှေ့တွင် အသီးသီး ပြုပြင်ကြ၏။
သူ၏ဘေးတွင် ရှေလမိ၏သားဟာနနိယနှင့် ဇာလပ်၏ဆဋ္ဌမမြောက်သားဟာနုန်တို့ ပြုပြင်ကြ၏။ သူတို့၏ဘေးတွင် ဗေရခိ၏သားမေရှုလံသည် မိမိအိမ်ရှေ့တွင် ပြုပြင်၏။
အိုးခြမ်းပဲ့တံခါးနားရှိ ဗင်ဟိန္နုံချိုင့်ဝှမ်းသို့သွား၍ သင့်အား ငါမိန့်မှာသောစကားတို့ကို ထိုအရပ်၌ကြွေးကြော်လော့။