နေဟမိ 3:20 - မြန်မာ့စံမီသမ္မာကျမ်း သူ၏ဘေးတွင် ဇဗ္ဗဲ၏သားဗာရုတ်သည် နောက်တစ်ပိုင်းဖြစ်သည့် မြို့ရိုးထောင့်မှစ၍ ယဇ်ပုရောဟိတ်မင်းဧလျာရှိပ်၏အိမ်တံခါးဝအထိ အားကြိုးမာန်တက်ပြုပြင်၏။ Common Language Bible နောက်တစ်ပိုင်းကိုဇဗ္ဗဲ၏သားဗာရုတ်သည် ယဇ်ပုရောဟိတ်မင်းဧလျာရှိပ်၏အိမ် တော်အဝင်ဝတိုင်အောင်တည်ဆောက်၏။ Garrad Bible ၎င်း အ စပ်၊ ဇ ဗ္ဗဲ သား ဗာ ရုတ် သည်၊ မြို့ ထောင့် မှ၊ ပ ရော ဟိတ် မင်း ဧ လျာ ရှိပ် ဝင်း တံ ခါး အ ထိ တစ် ပိုင်း ကို၊ စိတ် အား ကြီး စွာ ပြင် ဆင် ၏။ Judson Bible သူ့နောက်မှ၊ ဇဗ္ဗဲသားဗာရုတ်သည် မြို့ထောင့်မှ ယဇ်ပုရောဟိတ်မင်း ဧလျာရှိပ် အိမ်တံခါးတိုင်အောင် ကြိုးစား၍ ပြင်၏။ |
ထို့ပြင် ယဇ်ပုရောဟိတ်မင်းဧလျာရှိပ်၏မြေး ယောယဒ၏သားတစ်ယောက်သည် ဟောရနိလူမျိုး သမ္ဘာလတ်၏သမက်ဖြစ်သောကြောင့် သူ့ကို ငါနှင်ထုတ်ပစ်၏။
ယခင်က ယဇ်ပုရောဟိတ်ဧလျာရှိပ်သည် ငါတို့ဘုရားသခင်အိမ်တော်ခန်းကို ကွပ်ကဲသူဖြစ်၏။ သူသည် တောဘိနှင့်ဆွေမျိုးတော်စပ်သည်ဖြစ်၍
ယဇ်ပုရောဟိတ်မင်းဧလျာရှိပ်နှင့် သူ၏ညီအစ်ကိုယဇ်ပုရောဟိတ်တို့ကလည်း သိုးတံခါးကို ပြန်လည်တည်ဆောက်၍ ဆက်ကပ်ကြပြီး တံခါးရွက်များကို တပ်ဆင်ကြ၏။ မေအာရဲတိုက်အထိ၊ ထိုမှ ဟာနနေလရဲတိုက်အထိ မြို့ရိုးကို ပြန်လည်တည်ဆောက်ပြီး ဆက်ကပ်ကြ၏။
သူ၏ဘေးတွင် ဟက္ကုတ်၏မြေး၊ ဥရိယ၏သားမေရမုတ်သည် ဧလျာရှိပ်၏အိမ်တံခါးဝမှ ဧလျာရှိပ်၏အိမ်အစွန်းပိုင်းအထိ ပြုပြင်၏။
သင်လုပ်ဆောင်စရာအမှုရှိသမျှကို ခွန်အားစိုက်ထုတ်၍လုပ်ဆောင်လော့။ အကြောင်းမူကား သင်သွားရမည့် မရဏာနိုင်ငံတွင် အလုပ်အကိုင်မရှိ၊ အကြောင်းအကျိုးမရှိ၊ အသိပညာမရှိ၊ ဉာဏ်ပညာလည်းမရှိ။
လုံ့လဝီရိယစိုက်ထုတ်ရာတွင် ပျင်းရိခြင်းမရှိဘဲ ဝိညာဉ်ရေး၌ထက်သန်လျက် သခင်ဘုရားကိုအစေခံကြလော့။