နေဟမိ 3:10 - မြန်မာ့စံမီသမ္မာကျမ်း သူ၏ဘေးတွင် ဟာရုမပ်၏သားယေဒါယသည် သူ၏အိမ်နှင့်မျက်နှာချင်းဆိုင်အပိုင်းကို ပြုပြင်၏။ သူ၏ဘေးတွင် ဟာရှဗနိ၏သားဟတ္တုတ် ပြုပြင်၏။ Common Language Bible ဟာရုမပ်၏သားယေဒါယသည်မိမိနေ အိမ်အနီးရှိမြို့ရိုးတစ်ပိုင်းကိုတည်ဆောက်၍၊ ဟာရှဗာနိ၏သားဟတ္တုတ်သည်နောက်တစ် ပိုင်းကိုတည်ဆောက်လေသည်။ Garrad Bible ၎င်း အ စပ်၊ ကိုယ့် အိမ် မျက် နှာ စာ တွင်၊ ဟာ ရု မပ် သား ယေ ဒါ ယ။ ၎င်း အ စပ်၊ ဟာ ရှ ဗ နိ သား ဟ တ္တုတ် တို့ ပြင် ဆင် ကြ၏။ Judson Bible သူ့နောက်မှ၊ ဟာရုမပ်သား ယေဒါယသည် မိမိအိမ်တစ်ဖက်တစ်ချက်၌ ပြင်၏။ သူ့နောက်မှ၊ ဟာရှဗနိသား ဟတ္တုတ်ပြင်၏။ |
ဟာရိမ်၏သားမာလခိယနှင့် ပါဟတ်မောဘ၏သားဟာရှုပ်တို့သည် မြို့ရိုးနောက်တစ်ပိုင်းနှင့် မီးခိုးခေါင်းတိုင်ကို ပြုပြင်ကြ၏။
သူတို့၏ဘေးတွင် ဗင်္ယာမိန်နှင့်ဟာရှုပ်သည် မိမိတို့၏အိမ်နှင့်မျက်နှာချင်းဆိုင်အပိုင်းကို ပြုပြင်ကြ၏။ ထိုမှဆက်၍ အာနနိ၏မြေး၊ မာသေယ၏သားအာဇရိသည် မိမိအိမ်နှင့်မျက်နှာချင်းဆိုင်အပိုင်းကို ပြုပြင်၏။
သူတို့၏ဘေးတွင် ဟုရ၏သား ဂျေရုဆလင်နယ်တစ်ဝက်ကိုအုပ်ချုပ်ရသူ ရေဖာယ ပြုပြင်၏။
လေဝိအမျိုး ယေရွှာ၊ ကပ်မျေလ၊ ဗာနိ၊ ဟာရှဗနိ၊ ရှေရဘိ၊ ဟောဒိယ၊ ရှေဗနိ၊ ပေသဟိတို့က “မတ်တတ်ရပ်၍ သင်တို့၏ဘုရားသခင်ထာဝရဘုရားကို အစဉ်အမြဲကောင်းချီးထောမနာပြုကြလော့။ ဘုန်းကြီးသောနာမတော်ကို ကောင်းချီးထောမနာပြုကြလော့။ ဂုဏ်ပြုခြင်း၊ ချီးမွမ်းခြင်းရှိသမျှတို့ထက် ချီးမြှောက်ကြလော့။