သို့ဖြစ်၍ ကုန်သည်များ၊ ကုန်ပစ္စည်းမျိုးစုံရောင်းချသူများသည် ဂျေရုဆလင်မြို့အပြင်ဘက်၌ တစ်ခါနှစ်ခါ ညအိပ်စောင့်ကြသေး၏။
နေဟမိ 13:19 - မြန်မာ့စံမီသမ္မာကျမ်း ဂျေရုဆလင်မြို့တံခါးများကို ဥပုသ်နေ့မတိုင်မီတစ်ရက် မှောင်ရီပျိုးအချိန်မှစ၍ ပိတ်ထားရမည်။ ထိုတံခါးတို့ကို ဥပုသ်နေ့ကုန်မှပြန်ဖွင့်ရမည်ဟု ငါမှာထား၏။ ဥပုသ်နေ့တွင် အထုပ်အပိုးများ မသယ်ဆောင်လာရန် မြို့တံခါးများတွင် ငါ့လူအချို့ကို အစောင့်ချထား၏။ Common Language Bible ထိုနောက်ငါသည်အဖိတ်နေ့နေဝင်ချိန်မှ ဥပုသ်နေ့ကုန်အထိမြို့တံခါးများကိုပိတ် ထားရန်အမိန့်ပေး၏။ ဥပုသ်နေ့၌အဘယ် ကုန်စည်ကိုမျှမြို့ထဲသို့မသွင်းစေရန်ငါ သည်လူအချို့တို့အားမြို့တံခါးများ တွင်အစောင့်ချထား၏။- Garrad Bible အ ဖိတ် နေ့ နေ ရောင် ကွယ် သည် မှ ဥ ပုသ် နေ့ ကုန် သည့် တိုင် အောင်၊ ယေ ရု ရှ လင် မြို့ တံ ခါး များ ပိတ် ထား ရ မည် ဟု စီ ရင်၍၊ ဥပုသ် နေ့၌ မြို့ တွင်း သို့ ကုန် စည် မ သွင်း စေ ရန်၊ ငါ့ ငယ် သား အ ချို့ ကို တံ ခါး စောင့် ခန့် ထား ရ၏။ Judson Bible အဖိတ်နေ့တွင် နေရောင်ကွယ်၍ ဥပုသ်နေ့လွန်သည်တိုင်အောင်၊ ယေရုရှလင်မြို့တံခါးတို့ကို ပိတ်ထားရမည်အကြောင်း စီရင်၍၊ ဥပုသ်နေ့၌ ဝန်များကို မြို့ထဲသို့ မသွင်းစေခြင်းငှာ မိမိကျွန်အချို့တို့ကို တံခါးတို့၌ ခန့်ထား၏။ |
သို့ဖြစ်၍ ကုန်သည်များ၊ ကုန်ပစ္စည်းမျိုးစုံရောင်းချသူများသည် ဂျေရုဆလင်မြို့အပြင်ဘက်၌ တစ်ခါနှစ်ခါ ညအိပ်စောင့်ကြသေး၏။
ငါက သူတို့အား “နေမမြင့်မချင်း ဂျေရုဆလင်မြို့တံခါးကို မဖွင့်နှင့်။ တံခါးစောင့်တို့သည် တာဝန်ချိန်တွင် တံခါးများကိုပိတ်၍ ချက်များကို ချထားရမည်။ ဂျေရုဆလင်မြို့သားတို့သည် ကိုယ့်အိမ်ရှေ့၊ ကိုယ့်ကင်းတဲ၌ အစောင့်များကို ချထားရမည်”ဟု မှာထား၏။
သင်တို့ပြည်တွင် ရိတ်သိမ်းချိန်၌ သီးနှံရိတ်သိမ်းသောအခါ သင့်လယ်၏အစွန်အဖျားကို အကုန်အစင်မရိတ်ရ။ ရိတ်သိမ်းပြီးသောအခါတွင်လည်း ကောက်သင်းမကောက်ရ။ ၎င်းတို့ကို ဆင်းရဲသားနှင့် တိုင်းတစ်ပါးသားတို့အတွက် ထားခဲ့ရမည်။ ငါသည် သင်တို့၏ဘုရားသခင် ထာဝရဘုရားဖြစ်၏”ဟု မိန့်တော်မူ၏။
ထိုနေ့သည် သင်တို့ ငြိမ်ဝပ်စွာနေရသောဥပုသ်နေ့ဖြစ်၍ သင်တို့သည် မိမိတို့၏စိတ်ဆန္ဒကိုငြင်းပယ်ရမည်။ ဤလကိုးရက်နေ့ နေဝင်ချိန်မှ နောက်တစ်နေ့ နေဝင်ချိန်အထိ ဥပုသ်နေ့ကို သင်တို့စောင့်ထိန်းရမည်”ဟု မိန့်တော်မူ၏။
သို့ဖြစ်၍ ဂျူးလူမျိုးတို့က “ယနေ့သည် ဥပုသ်နေ့ဖြစ်၏။ သင်သည် ကိုယ့်အိပ်ရာကိုဆောင်ယူခြင်းမှာ တရားတော်နှင့်မညီ”ဟု ရောဂါပျောက်ကင်းသောထိုသူအား ပြောဆိုကြ၏။