Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




နေ​ဟ​မိ 7:3 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

3 ငါ​က သူ​တို့​အား “​နေ​မ​မြင့်​မ​ချင်း ဂျေရုဆလင်​မြို့​တံခါး​ကို မ​ဖွင့်​နှင့်​။ တံခါးစောင့်​တို့​သည် တာဝန်ချိန်​တွင် တံခါး​များ​ကို​ပိတ်​၍ ချက်​များ​ကို ချထား​ရ​မည်​။ ဂျေရုဆလင်​မြို့သား​တို့​သည် ကိုယ့်​အိမ်​ရှေ့​၊ ကိုယ့်​ကင်းတဲ​၌ အစောင့်​များ​ကို ချထား​ရ​မည်​”​ဟု မှာထား​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

3 ငါ​သည်​သူ​တို့​အား``နံ​နက်​ချိန်​၌​နေ​မ​မြင့်​မ​ချင်း​ယေ​ရု​ရှ​လင်​မြို့​တံ​ခါး​များ​ကို​မ​ဖွင့်​စေ​နှင့်။ နေ​ဝင်​ချိန်​၌​တံ​ခါး​စောင့်​များ​တာ​ဝန်​ပြီး​ဆုံး​ချိန်​မ​တိုင်​မီ တံ​ခါး​များ​ကို​ပိတ်​၍​ကန့်​လန့်​ကျင်​များ​ကို​ထိုး​ထား​စေ'' ဟု​မှာ​ကြား​ထား​၏။ ယေ​ရု​ရှ​လင်​မြို့​တွင်​နေ​ထိုင်​သူ​များ​ထဲ​မှ​ကင်း​စောင့်​သူ​များ​ခန့်​ထား​ပြီး​လျှင် ထို​သူ​အ​ချို့​ကို​နေ​ရာ​အ​တိ​အ​ကျ​တွင်​ကင်း​စောင့်​စေ​၍​အ​ချို့​ကို​မိ​မိ​တို့​အိမ်​များ​၏​ပတ်​ဝန်း​ကျင်​တွင်​ကင်း​စောင့်​စေ​ရန်​ကို​လည်း​မှာ​ကြား​ထား​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

3 နေ မ မြင့် မ ချင်း မြို့ တံ ခါး ကို မ ဖွင့် စေ လင့်။ တံ ခါး စောင့် ရှိ စဉ်၊ တံ ခါး များ ကို ပိတ်၍ မင်း ထုပ် ထိုး စေ။ မြို့ သား တို့ သည် ကိုယ့် အိမ် ဥ ပ စာ တွင်၊ အ လှည့် ကျ ကင်း စောင့် ကြ စေ ဟု စီ ရင် ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

3 နေ​မ​ထွက်​မီ ယေ​ရု​ရှ​လင်​မြို့​တံ​ခါး​တို့​ကို မ​ဖွင့်​စေ​နှင့်။ တံ​ခါး​စောင့်​ရှိ​စဉ်၊ တံ​ခါး​တို့​ကို​ပိတ်၍ ကန့်​လန့်​ကျင်​ထိုး​စေ။ မြို့​သူ​မြို့​သား​တို့​သည် အ​သီး​အ​သီး မိ​မိ​တို့​အ​ရပ် မိ​မိ​တို့​အိမ်​တစ်​ဖက်​တစ်​ချက်၌ ကင်း​စောင့်​စေ​ဟု စီ​ရင်၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




နေ​ဟ​မိ 7:3
8 ပူးပေါင်းရင်းမြစ်များ  

ဂျေရုဆလင်​မြို့​တံခါး​များ​ကို ဥပုသ်နေ့​မတိုင်မီ​တစ်​ရက် မှောင်ရီပျိုး​အချိန်​မှစ၍ ပိတ်​ထား​ရ​မည်​။ ထို​တံခါး​တို့​ကို ဥပုသ်နေ့​ကုန်​မှ​ပြန်​ဖွင့်​ရ​မည်​ဟု ငါ​မှာထား​၏​။ ဥပုသ်နေ့​တွင် အထုပ်အပိုး​များ မ​သယ်ဆောင်​လာ​ရန် မြို့​တံခါး​များ​တွင် ငါ့​လူ​အချို့​ကို အစောင့်​ချထား​၏​။


သူ​တို့​၏​ဘေး​တွင် ဗင်္ယာမိန်​နှင့်​ဟာရှုပ်​သည် မိမိ​တို့​၏​အိမ်​နှင့်​မျက်နှာချင်းဆိုင်​အပိုင်း​ကို ပြုပြင်​ကြ​၏။ ထိုမှ​ဆက်၍ အာနနိ​၏​မြေး​၊ မာသေယ​၏​သား​အာဇရိ​သည် မိမိ​အိမ်​နှင့်​မျက်နှာချင်းဆိုင်​အပိုင်း​ကို ပြုပြင်​၏​။


ငါ့​ညီ​ဟာနနိ​နှင့် ရဲတိုက်မှူး​ဟာနနိယ​တို့​အား ဂျေရုဆလင်​မြို့​ကို အုပ်ချုပ်​ရန် ခန့်အပ်​၏​။ ဟာနနိယ​သည် သစ္စာရှိ​သော​သူ​၊ အခြားသူ​တို့​ထက် ဘုရားသခင်​ကို​ကြောက်ရွံ့​သော​သူ​ဖြစ်​၏​။


မြို့​သည်​ကြီးမား​ကျယ်ဝန်း​၍ နေထိုင်သူ အနည်းငယ်​သာ ရှိ​၏​။ အိမ်​များ​လည်း ပြန်လည်​မ​ဆောက်​ရ​သေး​။


ထာဝရဘုရား​သည် အိမ်​ကို ဆောက်​တော်​မ​မူ​လျှင် အိမ်ဆောက်​သော​သူ​တို့​သည် အချည်းနှီး​ကြိုးပမ်းအားထုတ်​ကြ​၏​။ ထာဝရဘုရား​သည် မြို့​ကို​စောင့်​တော်​မ​မူ​လျှင် စောင့်​သော​သူ​သည် အချည်းနှီး​စောင့်ကြပ်​၏​။


အကြောင်းမူကား ကိုယ်တော်​သည် သင်​၏​မြို့​တံခါး​ကန့်လန့်ကျင်​တို့​ကို ခိုင်ခံ့​စေ​၍ သင့်​အထဲ​၌​ရှိ​သော သင်​၏​သားသမီး​တို့​ကို ကောင်းချီးပေး​တော်မူ​၏​။


နားထောင်​ကြ​လော့။ ဝံပုလွေ​များ​ထဲသို့ သိုး​တို့​ကို​စေလွှတ်​သကဲ့သို့ သင်​တို့​ကို ငါ​စေလွှတ်​၏။ ထို့ကြောင့် မြွေ​ကဲ့သို့​လိမ္မာ​ပါးနပ်​လျက် ချိုးငှက်​ကဲ့သို့​ရိုးသား​ဖြူစင်​ကြ​လော့။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ