အိမ်တော်အခန်းများတွင်နေထိုင်ရသော လေဝိမျိုးနွယ်စုခေါင်းဆောင်သီချင်းသည်တို့သည် နေ့ရောညပါအမှုတော်ထမ်းရသောကြောင့် အခြားတာဝန်များနှင့် ကင်းလွတ်ခွင့်ရကြ၏။
နေဟမိ 12:8 - မြန်မာ့စံမီသမ္မာကျမ်း လေဝိအမျိုးများတွင် ယေရွှာ၊ ဗိနွိ၊ ကပ်မျေလ၊ ရှေရဘိ၊ ယုဒ၊ မတ္တနိတို့ ဖြစ်ကြ၏။ မတ္တနိသည် မိမိညီအစ်ကိုများနှင့်အတူ ကျေးဇူးတော်ချီးမွမ်းခြင်းကို ဦးဆောင်သူဖြစ်၏။ Garrad Bible လေ ဝိ ဂိုဏ်း သား တို့ ကား၊ ယော ရှု၊ ဗိ နွိ၊ ကပ် မျေ လ၊ ရှေ ရ ဘိ၊ ယု ဒ၊ ဆွေ မျိုး သား ချင်း တို့ ပါ၊ ထော မ နာ ပြု ခြင်း ကို အုပ် ချုပ် သူ မဿ နိ၊ Judson Bible လေဝိသားမူကား ယောရှု၊ ဗိနွိ၊ ကပ်မျေလ၊ ရှေရဘိ၊ ယုဒ၊ ကျေးဇူးတော် ချီးမွမ်းခြင်းအမှုကို ညီအစ်ကိုတို့နှင့်အတူ အုပ်သော မဿနိတည်း။ |
အိမ်တော်အခန်းများတွင်နေထိုင်ရသော လေဝိမျိုးနွယ်စုခေါင်းဆောင်သီချင်းသည်တို့သည် နေ့ရောညပါအမှုတော်ထမ်းရသောကြောင့် အခြားတာဝန်များနှင့် ကင်းလွတ်ခွင့်ရကြ၏။
လေဝိအမျိုးတွင် ဟောဒဝိသားမြေးမှဆင်းသက်လာသော ယေရွှာနှင့် ကပ်မျေလသားမြေး ခုနစ်ဆယ့်လေးယောက်၊
ဘုရားသခင်၏လူမောရှေ၏ပညတ်တရားကျမ်းတွင် ရေးသားထားသည့်အတိုင်း မီးရှို့ရာယဇ်ကိုပူဇော်ရန် ယောဇဒက်၏သား ယေရွှာနှင့် သူ့ညီအစ်ကိုယဇ်ပုရောဟိတ်များ၊ ရှာလသေလ၏သား ဇေရုဗဗေလနှင့် သူ့ညီအစ်ကိုများသည် အစ္စရေးလူမျိုးတို့၏ဘုရားသခင်အဖို့ ယဇ်ပလ္လင်ကို ထ၍တည်ကြလေ၏။
အာသပ်၏မြစ်၊ ဇာဗဒိ၏မြေး၊ မိက္ခာ၏သားဖြစ်သည့် ကျေးဇူးတော်ချီးမွမ်းခြင်း၊ ဆုတောင်းခြင်းတို့၌ ပထမခေါင်းဆောင် မတ္တနိနှင့် ညီအစ်ကိုများတွင် လက်ထောက်ဖြစ်သည့် ဗာကဗုကိအပါအဝင် ယေဒုသုန်၏မြစ်၊ ဂလာလ၏မြေး၊ ရှမွာ၏သား အာဗဒနှင့်
ဘုရားသခင်၏အိမ်တော်အမှုကိုစီမံရသော သီချင်းသည်များဖြစ်သည့် အာသပ်သားမြေးမှဆင်းသက်သော မိက္ခာ၏တီ၊ မတ္တနိ၏မြစ်၊ ဟာရှဘိ၏မြေး၊ ဗာနိ၏သား ဩဇိသည် ဂျေရုဆလင်မြို့ရှိ လေဝိအမျိုးကို အုပ်ချုပ်၏။
ဘုရားသခင်၏လူဒါဝိဒ် စီရင်ချမှတ်ထားသည့်အတိုင်း လေဝိအကြီးအမှူးများဖြစ်သော ဟာရှဘိ၊ ရှေရဘိနှင့် ကပ်မျေလ၏သား ယေရွှာတို့သည် ညီအစ်ကိုများနှင့်မျက်နှာချင်းဆိုင်ရပ်လျက် ကျေးဇူးတော်ချီးမွမ်းခြင်းသီချင်းကို တစ်ဖွဲ့နှင့်တစ်ဖွဲ့ အပြန်အလှန် သီဆိုကြ၏။
သလ္လု၊ အာမောက်၊ ဟိလခိ၊ ယေဒါယ တို့ဖြစ်ကြ၏။ ဤသူတို့သည် ယေရွှာလက်ထက်၌ ယဇ်ပုရောဟိတ်ခေါင်းဆောင်များနှင့် သူတို့၏ဆွေမျိုးသားချင်းများ ဖြစ်ကြ၏။
သူတို့၏ညီအစ်ကို ဗာကဗုကိနှင့် ဥန္နိသည် သူတို့နှင့်မျက်နှာချင်းဆိုင်နေရာတွင် အမှုဆောင်ရ၏။
လေဝိအမျိုးတွင် ကပ်မျေလနှင့် ဟောဒေဝသားမြေးတို့မှ ဆင်းသက်လာသော ယေရွှာသားမြေး ခုနစ်ဆယ့်လေးယောက်၊
ထို့နောက် ယေရွှာ၊ ဗာနိ၊ ကပ်မျေလ၊ ရှေဗနိ၊ ဗုန္နိ၊ ရှေရဘိ၊ ဗာနိ၊ ခေနနိတို့သည် လေဝိအမျိုးတို့၏စင်ပေါ်တွင်ရပ်၍ ဘုရားသခင်ထာဝရဘုရားထံ ကျယ်လောင်သောအသံဖြင့် အော်ဟစ်ဆုတောင်းကြ၏။