နေဟမိ 12:10 - မြန်မာ့စံမီသမ္မာကျမ်း ယေရွှာ၏သားမှာ ယောယကိမ်၊ ယောယကိမ်၏သားမှာ ဧလျာရှိပ်၊ ဧလျာရှိပ်၏သားမှာယောယဒ၊ Common Language Bible ယောရှု၏သားသည်ယောယကိမ်၊ ယောယကိမ်၏သားမှာဧလျာရှိပ်၊ ဧလျာရှိပ်၏သားကားယောယဒဖြစ်၏။ Garrad Bible ယော ရှု သား ကား၊ ယော ယ ကိမ်၊ ယော ယ ကိမ့် သား၊ ဧ လျာ ရှိပ်၊ Judson Bible ယောရှုသား ယောယကိမ်၊ ယောယကိမ်သား ဧလျာရှိပ်၊ ဧလျာရှိပ်သား ယောယဒ၊ |
တစ်ဆယ့်တစ်ယောက်မြောက်မဲကျသူမှာ ဧလျာရှိပ်၊ တစ်ဆယ့်နှစ်ယောက်မြောက်မဲကျသူမှာ ယာကိမ်၊
ပါးရှားဘုရင် ဒါရိမင်းကြီးလက်ထက်၊ ယဇ်ပုရောဟိတ် ဧလျာရှိပ်၊ ယောယဒ၊ ယောဟနန်၊ ယာဒွါတို့အမှုတော်ထမ်းချိန်တွင် လေဝိအမျိုးအိမ်ထောင်စုအကြီးအမှူးများနှင့် ယဇ်ပုရောဟိတ်တို့၏အမည်ကို မှတ်တမ်းတင်ထားကြ၏။
ဤသူတို့သည် ယောဇဒက်၏မြေး၊ ယေရွှာ၏သား ယောယကိမ်လက်ထက်၊ ဘုရင်ခံနေဟမိနှင့် ကျမ်းပြုဆရာယဇ်ပုရောဟိတ်ဧဇရတို့ခေတ်တွင် အမှုတော်ကို ထမ်းဆောင်သူများဖြစ်ကြ၏။
သူတို့၏ညီအစ်ကို ဗာကဗုကိနှင့် ဥန္နိသည် သူတို့နှင့်မျက်နှာချင်းဆိုင်နေရာတွင် အမှုဆောင်ရ၏။
ထို့ပြင် ယဇ်ပုရောဟိတ်မင်းဧလျာရှိပ်၏မြေး ယောယဒ၏သားတစ်ယောက်သည် ဟောရနိလူမျိုး သမ္ဘာလတ်၏သမက်ဖြစ်သောကြောင့် သူ့ကို ငါနှင်ထုတ်ပစ်၏။
ယခင်က ယဇ်ပုရောဟိတ်ဧလျာရှိပ်သည် ငါတို့ဘုရားသခင်အိမ်တော်ခန်းကို ကွပ်ကဲသူဖြစ်၏။ သူသည် တောဘိနှင့်ဆွေမျိုးတော်စပ်သည်ဖြစ်၍
ဂျေရုဆလင်မြို့သို့ပြန်လာ၏။ ထိုအခါ ဧလျာရှိပ်သည် ဘုရားသခင်၏အိမ်တော်ဝင်းအတွင်းရှိအခန်းကို တောဘိအား ပေးလိုက်သည်ဟူသော ဧလျာရှိပ်ပြုသည့် မကောင်းမှုကို ငါကြားရ၏။
ယဇ်ပုရောဟိတ်မင်းဧလျာရှိပ်နှင့် သူ၏ညီအစ်ကိုယဇ်ပုရောဟိတ်တို့ကလည်း သိုးတံခါးကို ပြန်လည်တည်ဆောက်၍ ဆက်ကပ်ကြပြီး တံခါးရွက်များကို တပ်ဆင်ကြ၏။ မေအာရဲတိုက်အထိ၊ ထိုမှ ဟာနနေလရဲတိုက်အထိ မြို့ရိုးကို ပြန်လည်တည်ဆောက်ပြီး ဆက်ကပ်ကြ၏။