သို့သော် ငါ့အစေအပါးဒါဝိဒ်မင်းကြီးနှင့် ငါရွေးချယ်သောဂျေရုဆလင်မြို့ကိုထောက်ထား၍ နိုင်ငံတစ်ခုလုံးကိုမရုပ်သိမ်းဘဲ မျိုးနွယ်တစ်နွယ်ကို သင့်သားအား ငါပေးထားမည်”ဟု မိန့်တော်မူ၏။
နေဟမိ 11:18 - မြန်မာ့စံမီသမ္မာကျမ်း သန့်ရှင်းသောမြို့တွင်နေထိုင်သောလေဝိအမျိုးပေါင်း နှစ်ရာရှစ်ဆယ့်လေးယောက်ဖြစ်၏။ Common Language Bible လေဝိအနွယ်ဝင်စုစုပေါင်းနှစ်ရာရှစ်ဆယ် လေးယောက်တို့သည်သန့်ရှင်းသောယေရု ရှလင်မြို့တော်တွင်နေထိုင်ကြလေသည်။ အက္ကုပ်၊တာလမုန်နှင့်သူ၏ဆွေမျိုးများဖြစ် ၍စုစုပေါင်းတစ်ရာခုနစ်ဆယ်နှစ်ယောက် ရှိသတည်း။ Garrad Bible သန့် ရှင်း သော မြို့ တွင်၊ လေ ဝိ ဂိုဏ်း သား ပေါင်း နှစ် ရာ့ ရှစ် ဆယ့် လေး ယောက် နေ ကြ၏။ Judson Bible သန့်ရှင်းသောမြို့၌နေသော လေဝိသားပေါင်းကား နှစ်ရာရှစ်ဆယ်လေးယောက်တည်း။ |
သို့သော် ငါ့အစေအပါးဒါဝိဒ်မင်းကြီးနှင့် ငါရွေးချယ်သောဂျေရုဆလင်မြို့ကိုထောက်ထား၍ နိုင်ငံတစ်ခုလုံးကိုမရုပ်သိမ်းဘဲ မျိုးနွယ်တစ်နွယ်ကို သင့်သားအား ငါပေးထားမည်”ဟု မိန့်တော်မူ၏။
လူထုအကြီးအကဲတို့သည် ဂျေရုဆလင်မြို့၌ နေထိုင်ကြ၏။ ကျန်သောသူတို့မူကား မဲချဆုံးဖြတ်သည့်အတိုင်း လူဆယ်ယောက်တွင် တစ်ယောက်သည် သန့်ရှင်းရာအရပ်ဂျေရုဆလင်မြို့တွင် နေထိုင်ရမည်ဖြစ်ပြီး ကျန်ကိုးယောက်ကား အခြားသောမြို့ရွာများတွင် နေထိုင်ရမည်ဖြစ်သည်။
အာသပ်၏မြစ်၊ ဇာဗဒိ၏မြေး၊ မိက္ခာ၏သားဖြစ်သည့် ကျေးဇူးတော်ချီးမွမ်းခြင်း၊ ဆုတောင်းခြင်းတို့၌ ပထမခေါင်းဆောင် မတ္တနိနှင့် ညီအစ်ကိုများတွင် လက်ထောက်ဖြစ်သည့် ဗာကဗုကိအပါအဝင် ယေဒုသုန်၏မြစ်၊ ဂလာလ၏မြေး၊ ရှမွာ၏သား အာဗဒနှင့်
တံခါးစောင့်များတွင် တံခါးစောင့်အက္ကုပ်၊ တာလမုန်နှင့် သူတို့၏ညီအစ်ကိုပေါင်း တစ်ရာခုနစ်ဆယ့်နှစ်ယောက်ဖြစ်၏။
အပြစ်ကျူးလွန်ခြင်းကို ရပ်တန့်ဖို့၊ အပြစ်ကို အဆုံးသတ်ဖို့၊ ဒုစရိုက်အပြစ်ကို ဖြေလွှတ်ဖို့၊ ထာဝရဖြောင့်မတ်ခြင်းကို ယူဆောင်လာဖို့၊ ဗျာဒိတ်နိမိတ်နှင့် ပရောဖက်ပြုဟောပြောခြင်းတို့ကိုတံဆိပ်ခတ်ဖို့၊ အသန့်ရှင်းဆုံးဌာနကို ဘိသိက်သွန်းဖို့ သင့်လူမျိုးတော်နှင့် သန့်ရှင်းသောမြို့တော်အတွက် ရက်သတ္တပတ်ခုနစ်ဆယ်ကို စီရင်သတ်မှတ်တော်မူပြီ။
ထို့ကြောင့် ပရောဖက်ဒံယေလအားဖြင့် မိန့်တော်မူခဲ့သည့် ပျက်စီးဆိတ်သုဉ်းခြင်းနှင့်ဆိုင်သောရွံရှာဖွယ်အရာ သည် သန့်ရှင်းသောနေရာ၌ ရပ်နေသည်ကို သင်တို့မြင်ကြသောအခါ (ဖတ်သောသူနားလည်ပါစေ)
ယေရှုထမြောက်တော်မူပြီးနောက် သူတို့သည် သင်္ချိုင်းဂူများမှထွက်လာ၍ သန့်ရှင်းသောမြို့တော်သို့ဝင်ကာ များစွာသောသူတို့ထံ ထင်ရှားကြ၏။
ထို့နောက် မာရ်နတ်သည် ကိုယ်တော်ကို သန့်ရှင်းသောမြို့တော်သို့ ခေါ်ဆောင်သွား၍ ဗိမာန်တော်ထိပ်ဖျား၌ ရပ်စေပြီးလျှင်
သို့သော် ဗိမာန်တော်၏အပြင်ဘက်၌ရှိသည့်တံတိုင်းသည် လူမျိုးခြားတို့အားပေးထားသည်ဖြစ်၍ ၎င်းကိုမတိုင်းဘဲချန်ထားလော့။ ထိုသူတို့သည် သန့်ရှင်းသောမြို့တော်ကို လေးဆယ့်နှစ်လတိုင်တိုင် နင်းချေကြလိမ့်မည်။
တစ်ဖန် သန့်ရှင်းသောဂျေရုဆလင်မြို့သစ်သည် သတို့သားအတွက်ဆင်မြန်းထားသည့် သတို့သမီးကဲ့သို့ပြင်ဆင်လျက် ဘုရားသခင်အထံတော်၊ ကောင်းကင်မှဆင်းသက်လာသည်ကို ငါမြင်ရ၏။