နေဟမိ 10:9 - မြန်မာ့စံမီသမ္မာကျမ်း ထို့ပြင် လေဝိအမျိုးဖြစ်သော အာဇနိ၏သား ယေရွှာ၊ ဟေနဒဒ်အမျိုးအနွယ်မှ ဗိနွိ၊ ကပ်မျေလ တို့လည်းပါ၏။ Garrad Bible လေ ဝိ ဂိုဏ်း ဝင် အာ ဇ နိ သား ယော ရှု၊ ဟေ န ဒဒ် အ နွယ် ဗိ နွိ၊ Judson Bible လေဝိသားအာဇနိသား ယောရှုတစ်ပါး၊ ဟေနဒဒ်သား ဗိနွိတစ်ပါး၊ ကပ်မျေလတစ်ပါး၊ |
ဘုရားသခင်၏လူဒါဝိဒ် စီရင်ချမှတ်ထားသည့်အတိုင်း လေဝိအကြီးအမှူးများဖြစ်သော ဟာရှဘိ၊ ရှေရဘိနှင့် ကပ်မျေလ၏သား ယေရွှာတို့သည် ညီအစ်ကိုများနှင့်မျက်နှာချင်းဆိုင်ရပ်လျက် ကျေးဇူးတော်ချီးမွမ်းခြင်းသီချင်းကို တစ်ဖွဲ့နှင့်တစ်ဖွဲ့ အပြန်အလှန် သီဆိုကြ၏။
လေဝိအမျိုးများတွင် ယေရွှာ၊ ဗိနွိ၊ ကပ်မျေလ၊ ရှေရဘိ၊ ယုဒ၊ မတ္တနိတို့ ဖြစ်ကြ၏။ မတ္တနိသည် မိမိညီအစ်ကိုများနှင့်အတူ ကျေးဇူးတော်ချီးမွမ်းခြင်းကို ဦးဆောင်သူဖြစ်၏။
သူ၏ဘေးတွင် ဟေနဒဒ်၏သားဗိနွိသည် နောက်တစ်ပိုင်းဖြစ်သော အာဇရိအိမ်မှကွေ့၍ ထောင့်ချိုးအထိ ပြုပြင်၏။
လေဝိအမျိုးတွင် ကပ်မျေလနှင့် ဟောဒေဝသားမြေးတို့မှ ဆင်းသက်လာသော ယေရွှာသားမြေး ခုနစ်ဆယ့်လေးယောက်၊
လူအပေါင်းတို့ ရပ်နေကြစဉ် ယေရွှာ၊ ဗာနိ၊ ရှေရဘိ၊ ယာမိန်၊ အက္ကုပ်၊ ရှဗ္ဗေသဲ၊ ဟောဒိယ၊ မာသေယ၊ ကေလိတ၊ အာဇရိ၊ ယောဇဗဒ်၊ ဟာနန်၊ ပေလာယနှင့်လေဝိသားတို့သည် လူတို့အား ပညတ်တရားကိုနားလည်အောင်ရှင်းပြကြ၏။
ထို့နောက် ယေရွှာ၊ ဗာနိ၊ ကပ်မျေလ၊ ရှေဗနိ၊ ဗုန္နိ၊ ရှေရဘိ၊ ဗာနိ၊ ခေနနိတို့သည် လေဝိအမျိုးတို့၏စင်ပေါ်တွင်ရပ်၍ ဘုရားသခင်ထာဝရဘုရားထံ ကျယ်လောင်သောအသံဖြင့် အော်ဟစ်ဆုတောင်းကြ၏။