မှတ်တိုင်အဖြစ် အကျွန်ုပ်စိုက်ထူသော ဤကျောက်သည်လည်း ဘုရားသခင်၏အိမ်တော်ဖြစ်မည်။ အကျွန်ုပ်အားပေးသနားတော်မူသောအရာရှိသမျှတို့၏ဆယ်ဖို့တစ်ဖို့ကို ကိုယ်တော်အား မုချပူဇော်ပါမည်”ဟု ဆိုလျက် ကတိသစ္စာပြုလေ၏။
နေဟမိ 10:32 - မြန်မာ့စံမီသမ္မာကျမ်း ထို့ပြင် ငါတို့ဘုရားသခင့်အိမ်တော်၏အမှုတော်လုပ်ငန်းအတွက် တစ်နှစ်လျှင် တစ်ယောက်ကို တစ်ရှယ်ကယ်၏သုံးပုံတစ်ပုံပေးလှူပါမည်။ Common Language Bible ငါတို့သည်နှစ်စဉ်နှစ်တိုင်းတစ်ဦးလျှင်ငွေ တစ်အောင်စ၏ရှစ်ပုံတစ်ပုံကို ဗိမာန်တော် အသုံးစရိတ်အတွက်ပေးလှူပါမည်။ Garrad Bible ထို မှ တစ် ပါး၊ ငါ တို့ ဘု ရား သ ခင့် ဗိ မာန် တော် ဝတ် တည်း ဟူ သော ရှေ့ တော် တင် မုန့်၊ ဥ ပုသ် နေ့၊ လ ဆန်း နေ့၊ ပြု မြဲ ပွဲ နေ့ များ တွင် အ စဉ် ဆက် သော ဘော ဇဉ် သ က္ကာ နှင့် မီး ရှို့ ရာ သ က္ကာ၊ ဣ သ ရေ လ လူ မျိုး၏ အ ပြစ် အ ဖို့၊ ဖြေ ခြင်း ကို ပြု ရန် အ ပြစ် ဖြေ ရာ သက္ကာ၊ သီး သန့် ရာ အ လှူ တော် မှ စ သော ဝတ် အ မျိုး မျိုး အ ဖို့၊ တစ် နှစ် လျှင် သုံး မူး ကျ လူ တိုင်း ပေး ရ မည် ဟု ပြ ဋ္ဌာန်း ကြ၏။ Judson Bible ထိုမှတစ်ပါး၊ ငါတို့ဘုရားသခင်၏ အိမ်တော်အမှုတည်းဟူသော ဥပုသ်နေ့နှင့် လဆန်းနေ့တွင် ရှေ့တော်မုန့်၊ |
မှတ်တိုင်အဖြစ် အကျွန်ုပ်စိုက်ထူသော ဤကျောက်သည်လည်း ဘုရားသခင်၏အိမ်တော်ဖြစ်မည်။ အကျွန်ုပ်အားပေးသနားတော်မူသောအရာရှိသမျှတို့၏ဆယ်ဖို့တစ်ဖို့ကို ကိုယ်တော်အား မုချပူဇော်ပါမည်”ဟု ဆိုလျက် ကတိသစ္စာပြုလေ၏။
စစ်ပွဲမှရလာသောတိုက်ရာပါပစ္စည်းအချို့ကို ထာဝရဘုရား၏အိမ်တော်ပြုပြင်ရန်အတွက် ဆက်ကပ်ထား၏။
ထိုနေ့များတွင် ယုဒပြည်၌ ဥပုသ်နေ့တွင် စပျစ်သီးနင်းနယ်သူများ၊ ကောက်နှံစည်းများကို သယ်နေသူများ၊ မြည်းများပေါ်တွင် စပျစ်ဝိုင်၊ စပျစ်သီး၊ သဖန်းသီးနှင့် အထုပ်အပိုးများကိုတင်၍ ဂျေရုဆလင်မြို့တွင်းသို့ ယူဆောင်လာသူများကို အကျွန်ုပ်တွေ့ရ၏။ ဥပုသ်နေ့၌ အစားအစာရောင်းဝယ်ဖောက်ကားနေကြသည်ကိုလည်း သူတို့အား အကျွန်ုပ်သတိပေး၏။
သင်တို့၏ဘိုးဘေးတို့သည် ထိုသို့ပြုခဲ့သဖြင့် ငါတို့၏ဘုရားသခင်သည် ငါတို့နှင့် ဤမြို့ကို ဘေးအန္တရာယ်အပေါင်းတို့နှင့် ကြုံတွေ့စေခဲ့ပြီ မဟုတ်လော။ ယခုမှာလည်း အစ္စရေးလူမျိုးတို့ ထပ်၍အမျက်တော်ခံရအောင် သင်တို့သည် ဥပုသ်နေ့ကိုညစ်ညူးစေကြပြီ”ဟု ဆူပူကြိမ်းမောင်း၏။
ထို့ကြောင့် ငါက သူတို့အား “သင်တို့သည် အဘယ်ကြောင့် မြို့ရိုးရှေ့တွင် ညအိပ်ကြသနည်း။ ထိုသို့ ထပ်၍ပြုလျှင် သင်တို့ကို ဖမ်းမည်”ဟု သတိပေး၏။ ထိုအချိန်မှစ၍ ဥပုသ်နေ့တွင် သူတို့မလာတော့ချေ။
ငါနှင့် ငါ့ညီအစ်ကိုများ၊ ငါ့လူများသည်လည်း ငွေနှင့်ကောက်ပဲသီးနှံများကို ချေးပေး၏။ ဤသို့ အတိုးစားခြင်းအမှုကို ရပ်တန်းကရပ်ကြပါစို့။
သူတို့အား ကိုယ်တော်၏သန့်ရှင်းမြင့်မြတ်သောဥပုသ်နေ့ကို သိစေတော်မူ၏။ ကိုယ်တော်၏အစေအပါးမောရှေမှတစ်ဆင့် ပညတ်ချက်များ၊ ပြဋ္ဌာန်းချက်များ၊ တရားတော်များကို ပေးအပ်တော်မူ၏။
သတ္တမနှစ်၌ကား ထိုမြေကို မထွန်ယက်ဘဲ အလွတ်ထားရမည်။ သို့ပြုလျှင် သင့်အမျိုးသားထဲမှ နွမ်းပါးသူတို့ စားရကြလိမ့်မည်။ အကြွင်းအကျန်တို့ကိုလည်း တောရိုင်းတိရစ္ဆာန်တို့ စားရကြလိမ့်မည်။ သင်၏စပျစ်ခြံ၊ သံလွင်ခြံတို့ကိုလည်း ထို့အတူပြုရမည်။
သင်၏စည်းစိမ်ဥစ္စာနှင့် သင်ရရှိသမျှသောအသီးအနှံ၏အသီးဦးဖြင့် ထာဝရဘုရားကိုဂုဏ်ပြုချီးမွမ်းလော့။
အကြောင်းမူကား စေတနာစိတ်ရှိလျှင် မရှိသည့်အရာကိုမထောက်ဘဲ ရှိသည့်အရာကိုထောက်၍ နှစ်သက်လက်ခံတော်မူ၏။