ကိုယ်တော်သည် မိမိချစ်တော်မူသည့် ယာကုပ်၏ဂုဏ်ယူဝင့်ကြွားစရာတည်းဟူသော ငါတို့၏အမွေကို ငါတို့အတွက်ရွေးချယ်တော်မူ၏။(စေလာ)
နာဟုံ 2:2 - မြန်မာ့စံမီသမ္မာကျမ်း လုယက်ဖျက်ဆီးသောသူတို့သည် အကိုင်းအခက်များပါမကျန် လုယက်ဖျက်ဆီးခဲ့သော်လည်း စင်စစ် ထာဝရဘုရားသည် အစ္စရေးလူမျိုး၏ဘုန်းတန်ခိုးကဲ့သို့ ယာကုပ်အမျိုး၌ ဘုန်းတန်ခိုးပြန်ပေးတော်မူမည်။ Common Language Bible (ထာဝရဘုရားသည် ဣသရေလပြည်သား ရန်သူများလုယက်တိုက်ခိုက်မှုမပြုမီ အခါက အခြေအနေသို့ပြန်လည်ရောက် ရှိစေတော်မူတော့အံ့။) Garrad Bible ဆွတ် ခူး သူ တို့ ကြောင့် လွတ် လပ် ခြင်း၊ စ ပျစ် နွယ် ပျက် စီး ခြင်း ခံ ရ သော ယာ ကုပ် အ မျိုး ကြက် သ ရေ နှင့် ဣ သ ရေ လ အ မျိုး ၏ ကြက် သ ရေ ကို Judson Bible အကြောင်းမူကား၊ ထာဝရဘုရားသည် ဣသရေလ၏ဘုန်းကဲ့သို့ ယာကုပ်၏ဘုန်းကို ပြုပြင်တော်မူ၏။ သုတ်သင်သောသူတို့သည် ယာကုပ်အမျိုးကို သုတ်သင်၍၊ သူ၏အခက်အလက်တို့ကို ပယ်ရှင်းကြပြီ။ |
ကိုယ်တော်သည် မိမိချစ်တော်မူသည့် ယာကုပ်၏ဂုဏ်ယူဝင့်ကြွားစရာတည်းဟူသော ငါတို့၏အမွေကို ငါတို့အတွက်ရွေးချယ်တော်မူ၏။(စေလာ)
သင့်ကိုစွန့်ပစ်မုန်းတီးကြပြီး မည်သူမျှမဖြတ်သန်းကြသော်လည်း ငါသည် သင့်ကို ထာဝရဂုဏ်ယူဝင့်ကြွားစရာ၊ မျိုးဆက်အဆက်ဆက်ပျော်ရွှင်စရာဖြစ်စေမည်။
ကြည့်ရှုလော့။ ငါ့နာမဖြင့်ခေါ်ဝေါ်သမုတ်သောမြို့ကိုပင် ဘေးဒုက္ခ စရောက်စေမည်ဖြစ်၍ သင်တို့သည် အပြစ်ဒဏ်နှင့်ကင်းလွတ်လိမ့်မည်လော။ ငါသည် မြေကြီးသားအပေါင်းတို့ထံ ဓားကို စေလွှတ်မည်ဖြစ်၍ သင်တို့သည် အပြစ်ဒဏ်မခံရဘဲနေမည်မဟုတ်’ဟူ၍ မိန့်တော်မူသည်”ဟု ဆင့်ဆိုရမည်။
မောဘပြည်သားသည် ဖမ်းခေါ်သွားခြင်းမခံရ။ ငယ်စဉ်ကပင် အေးချမ်းစွာနေရ၏။ အနည်ထိုင်ကျန်ခဲ့သောစပျစ်ဝိုင်ကဲ့သို့ အိုးတစ်လုံးမှတစ်လုံးသို့ အပြောင်းမခံရ။ ထို့ကြောင့် အရသာမပျက်၊ ရနံ့လည်းမပြယ်”ဟု မိန့်တော်မူ၏။
စပျစ်သီးခူးသူတို့သည် စပျစ်သီးလာခူးသောအခါ ကောက်သင်းကောက်သူအတွက် ချန်ထားတတ်၏။ သူခိုးသည်လည်း ညအချိန် လာခိုးသောအခါ လိုချင်သောအရာကိုသာ ခိုးယူသွားတတ်၏။
သူတို့အား ‘ဘုရားရှင်ထာဝရဘုရားက ကြည့်ရှုလော့။ ငါသည် အစ္စရေးအမျိုးသားတို့ကို သူတို့ရောက်ရာလူမျိုးခြားတို့အလယ်မှ ပြန်ခေါ်လာမည်။ သူတို့ရောက်ရာအရပ်ရပ်မှ သူတို့ကိုစုစည်းပြီး နေရင်းပြည်သို့ ပြန်ပို့ဆောင်မည်။
သူတို့သည် ရုပ်တုများ၊ စက်ဆုပ်ရွံရှာဖွယ်အရာများနှင့် အပြစ်အမျိုးမျိုးကျူးလွန်ခြင်းတို့ဖြင့် ကိုယ်ကိုညစ်ညူးစေတော့မည်မဟုတ်။ သူတို့အပြစ်ပြုလေရာအရပ်ရပ်တို့မှ သူတို့ကိုကယ်နုတ်၍ သူတို့ကိုစင်ကြယ်စေမည်။ သူတို့သည် ငါ၏လူမျိုးတော်ဖြစ်မည်။ ငါသည်လည်း သူတို့၏ဘုရားဖြစ်မည်။
အစ္စရေးသည် အသီးများစွာသီးသောစပျစ်ပင်နှင့် တူ၏။ ကိုယ့်အဖို့သာ သီး၏။ အသီးများစွာသီးလေလေ ယဇ်ပလ္လင်များစွာ တည်လေလေ၊ တိုင်းပြည်သာယာဝပြောလေလေ အထွတ်အမြတ်ထားရာကျောက်တိုင်များလည်း ပို၍ကောင်းအောင်စိုက်ထူကြလေလေ ဖြစ်၏။
မြို့သည် ဘာမျှမကျန်အောင် ပျက်စီး၍ ဟင်းလင်းပြင်ဖြစ်လေပြီ။ လူတို့သည်လည်း စိတ်ပျက်အားလျော့လျက်၊ ကြောက်ဒူးတုန်လျက်၊ ခါးချည့်လျက် မျက်နှာဖြူဖတ်ဖြူရော်ဖြစ်ကြလေပြီ။
ဝိုင်းရံပိတ်ဆို့ခံရမည်ဖြစ်၍ ရေကို လှောင်ထားလော့။ အုတ်ဖိုကိုပြင်ဆင်၍ ရွှံ့ကိုနင်းနယ်လော့။ သင့်ခံတပ်တို့ကို ခိုင်ခံ့စေလော့။
ထိုနေ့ရက်တွင် ငါ့ကို သင်ပုန်ကန်ခဲ့သောအမှုအလုံးစုံကြောင့် သင်အရှက်ကွဲရလိမ့်မည်မဟုတ်။ သင့်အထဲရှိ အပျော်အပါးလိုက်စားခြင်း၊ မာနထောင်လွှားခြင်းတို့ကို ငါဖယ်ရှားပစ်မည်။ ထို့ကြောင့် ငါ၏သန့်ရှင်းရာတောင်တော်တွင် ဘဝင်မြင့်ခြင်းများ ရှိတော့မည်မဟုတ်။