အနှစ်သုံးဆယ်ပြည့်သောနှစ်၊ စတုတ္ထလ၊ ငါးရက်နေ့တွင် ငါသည် ဖမ်းခေါ်သွားခြင်းခံရသူတို့နှင့်အတူ ခေဗာမြစ်နား၌ရှိနေစဉ် ကောင်းကင်ပွင့်၍ ဘုရားသခင်ဖွင့်ပြတော်မူသောနိမိတ်အာရုံကို ငါမြင်ရ၏။
ဒံယေလ 8:1 - မြန်မာ့စံမီသမ္မာကျမ်း ငါဒံယေလသည် ပထမအကြိမ်ဗျာဒိတ်နိမိတ်ကို မြင်ရပြီးနောက် ဗေလရှာဇာမင်းကြီးနန်းစံတတိယနှစ်တွင် နောက်တစ်ကြိမ် မြင်ရပြန်၏။ Common Language Bible ဗေလရှာဇာမင်းနန်းစံတတိယနှစ်၌ငါ ဒံယေလသည် ဒုတိယဗျာဒိတ်ရူပါရုံ ကိုမြင်ရ၏။- Garrad Bible ဗေ လ ရှာ ဇာ မင်း နန်း စံ တ တိ ယ နှစ် တွင် ငါ ဒံ ယေ လ သည် ဦး စွာ ရူ ပါ ရုံ ကို မြင် ပြီး နောက် ရူ ပါ ရုံ တစ် ပါး ကို မြင် ပြန်၏။ Judson Bible ဗေလရှာဇာမင်းကြီး နန်းစံသုံးနှစ်တွင်၊ ငါ ဒံယေလသည် ယခင် ဗျာဒိတ်တော်ကို မြင်ပြီးသည်နောက်၊ တစ်ဖန် ဗျာဒိတ်ရူပါရုံကို မြင်ရသောအကြောင်းအရာဟူမူကား၊ |
အနှစ်သုံးဆယ်ပြည့်သောနှစ်၊ စတုတ္ထလ၊ ငါးရက်နေ့တွင် ငါသည် ဖမ်းခေါ်သွားခြင်းခံရသူတို့နှင့်အတူ ခေဗာမြစ်နား၌ရှိနေစဉ် ကောင်းကင်ပွင့်၍ ဘုရားသခင်ဖွင့်ပြတော်မူသောနိမိတ်အာရုံကို ငါမြင်ရ၏။
ဘုရားသခင်သည် ထိုလူငယ်လေးဦးအား ထိုးထွင်းဉာဏ်၊ စာပေကျမ်းဂန်အလုံးစုံကို နားလည်နိုင်သောဉာဏ်ပညာကို ပေးတော်မူ၏။ ထို့ပြင် ဒံယေလကို ဗျာဒိတ်နိမိတ်နှင့် အိပ်မက်အနက်ကို နားလည်နိုင်သောဉာဏ်ကိုလည်း ပေးသေး၏။
ငါဒံယေလတစ်ဦးတည်းသာ နိမိတ်အာရုံကို မြင်ရ၏။ ငါနှင့်အတူရှိသောသူတို့မူကား နိမိတ်အာရုံကို မမြင်ရသော်လည်း အလွန်ကြောက်ရွံ့တုန်လှုပ်ကြပြီး ထွက်ပြေးပုန်းအောင်းကြ၏။
သူပေါ်လာပြီးမကြာမီမှာပင် သူ့နိုင်ငံသည် ပျက်စီးသွား၍ မိုးကောင်းကင်အောက်အရပ်လေးမျက်နှာသို့ ကွဲပြားသွားလိမ့်မည်။ ထိုနိုင်ငံကို သူ၏သားစဉ်မြေးဆက်တို့ ဆက်ခံရကြမည်မဟုတ်။ သူအုပ်စိုးခဲ့သည့်အာဏာစက်မျိုး ရှိတော့မည်မဟုတ်။ သူ၏နိုင်ငံကို သူ့လက်မှနုတ်ယူ၍ အခြားသူတို့လက်သို့ ပေးအပ်လိမ့်မည်။
ဘေဘီလုံဘုရင်ဗေလရှာဇာမင်းကြီး နန်းစံပထမနှစ်တွင် ဒံယေလသည် အိပ်ရာပေါ်တွင်အိပ်နေစဉ် စိတ်အာရုံတွင် အိပ်မက်တစ်ခုကို မြင်မက်လေ၏။ ထိုအခါ သူသည် ထိုအိပ်မက်ကို ရေးမှတ်ထားပြီး အိပ်မက်၏အနှစ်ချုပ်ကိုပြောပြ၏။
ငါဒံယေလ၏အတွင်းဝိညာဉ်သည် ပူဆွေးလျက်ရှိ၏။ ငါမြင်ရသောစိတ်အာရုံကြောင့် ငါထိတ်လန့်နေ၏။
ဤသည်ကား အဖြစ်အပျက်အလုံးစုံတည်း။ ငါဒံယေလသည် အတွေးများကြောင့် စိုးရိမ်ထိတ်လန့်ကာ မျက်စိမျက်နှာပျက်လေ၏။ သို့သော် ထိုအဖြစ်အပျက်တို့ကို ငါ့စိတ်ထဲတွင် သိမ်းဆည်းထားလေ၏”ဟု ဆို၏။
ငါဒံယေလသည် ဗျာဒိတ်နိမိတ်ကို မြင်ရ၍ နားလည်အောင် ကြိုးစားနေစဉ် လူနှင့်တူသောသဏ္ဌာန်တစ်ခုသည် ငါ့ရှေ့ရောက်လာ၏။
ထိုဗျာဒိတ်နိမိတ်ကိုမြင်ရစဉ် ငါသည် ဧလံပြည် ရှုရှန်နန်းတော်တွင် ရှိနေ၏။ ထိုဗျာဒိတ်နိမိတ်ထဲတွင် ငါသည် ဥလဲမြစ်နားသို့ ရောက်နေ၏။
ဒါရိမင်းကြီးနန်းစံပထမနှစ်တွင် ငါဒံယေလသည် ဂျေရုဆလင်မြို့ပျက်စီးမည့်နှစ်ပေါင်းမှာ အနှစ်ခုနစ်ဆယ်ဖြစ်ကြောင်း ပရောဖက်ယေရမိပြောကြားခဲ့သောထာဝရဘုရား၏နှုတ်ကပတ်တော်ကို ကျမ်းစာလိပ်အားဖြင့် သိခဲ့ရ၏။