ဧလိရှဲက သူတို့ကိုလှည့်ကြည့်ပြီး ထာဝရဘုရား၏နာမ၌ ကျိန်ဆဲသဖြင့် တောထဲမှဝံမနှစ်ကောင်ထွက်လာ၍ လူငယ်လေးဆယ့်နှစ်ယောက်ကို ကိုက်ဖြတ်လေ၏။
ဒံယေလ 7:5 - မြန်မာ့စံမီသမ္မာကျမ်း တစ်ဖန် ငါကြည့်နေစဉ် ဝက်ဝံနှင့်တူသောဒုတိယသားရဲ ထွက်လာ၏။ ထိုသားရဲသည် ကိုယ်ကိုတစ်ဖက်ကြွထားပြီး နှုတ်တွင်လည်း နံရိုးသုံးချောင်းကို ကိုက်ထား၏။ အသံတစ်သံက သူ့အား ‘ထပါ။ အသားများများစားပါ’ဟု ဆို၏။ Common Language Bible ငါသည်ဒုတိယသားရဲကိုမြင်ရ၏။ ထိုသားရဲသည်နောက်ခြေနှစ်ချောင်းဖြင့်ရပ်လျက်နေသောဝက်ဝံနှင့်တူ၏။ သူ၏ပါးစပ်တွင်နံရိုးသုံးချောင်းကိုကိုက်၍ထား၏။ အသံတစ်ခုကသူ့အား``အသားကိုဝအောင်စားလော့'' ဟုဆို၏။ Garrad Bible ဒု တိ ယ သား ရဲ ကား ဝံ နှင့် တူ၏။ ကိုယ် တစ် ဘက် ကို ကြွ လျက် နှုတ်၌ နံ ရိုး သုံး ချောင်း ကိုက် ချီ၏။ ထို သား ရဲ အား၊ ထ၍ အ သား များ စွာ ကို ကိုက် စား လော့ ဟု ပြော ဆို ကြ၏။ Judson Bible တစ်ဖက်၌ ကိုယ်ကိုကိုယ်ချီကြွ၏။ ပါးစပ်၌ နံရိုးသုံးချောင်းကို ကိုက်လျက်ရှိ၏။ သင်ထလော့။ အသားများကို ကိုက်စားလော့ဟု သူ့အားပြောကြ၏။ |
ဧလိရှဲက သူတို့ကိုလှည့်ကြည့်ပြီး ထာဝရဘုရား၏နာမ၌ ကျိန်ဆဲသဖြင့် တောထဲမှဝံမနှစ်ကောင်ထွက်လာ၍ လူငယ်လေးဆယ့်နှစ်ယောက်ကို ကိုက်ဖြတ်လေ၏။
မိုက်မဲစိတ်မွှန်နေသော လူမိုက်နှင့်တွေ့ရခြင်းထက် သားငယ်ဆုံးရှုံးသောဝက်ဝံမနှင့်တွေ့ရခြင်းသည် ပို၍ကောင်း၏။
ကွင်းပြင်ရှိတိရစ္ဆာန်အပေါင်းတို့၊ ဝါးမျိုရန်လာကြလော့။ တောထဲရှိတိရစ္ဆာန်အပေါင်းတို့၊ ဝါးမျိုရန်လာကြလော့။
ယခု သင့်အား မှန်သောအရာကို ပြောပြမည်။ ကြည့်ရှုလော့။ ပါးရှားနိုင်ငံတွင် ရှင်ဘုရင်သုံးပါး ထပ်ပေါ်လာလိမ့်မည်။ ထို့နောက် ပေါ်လာမည့်စတုတ္ထဘုရင်သည် အခြားဘုရင်အားလုံးထက် ဓနဥစ္စာကြွယ်ဝသူဖြစ်မည်။ သူသည် ဓနဥစ္စာဖြင့် အင်အားကြီးလာသောအခါ လူအပေါင်းတို့ကို လှုံ့ဆော်၍ ဂရိနိုင်ငံကို တိုက်ခိုက်လိမ့်မည်။
အရှင်မင်းကြီးနောက်တွင် အရှင်မင်းကြီးထက်အင်အားနည်းသော နိုင်ငံတစ်ခု ပေါ်ထွန်းလိမ့်မည်။ ထို့နောက် တတိယနိုင်ငံတစ်ခုဖြစ်သော ကြေးနီနိုင်ငံပေါ်ထွန်းပြီး မြေတစ်ပြင်လုံးကို အုပ်စိုးလိမ့်မည်။
‘ဖေရက်’ ဟူသည်မှာ အရှင်မင်းကြီး၏နိုင်ငံကို ခွဲပြီး မေဒိနှင့် ပါးရှားလူမျိုးတို့အား ပေးတော်မူပြီဟူ၍ အနက်ရ၏”ဟု ရှင်ဘုရင်ရှေ့၌ လျှောက်ထားလေ၏။
ပထမသားရဲသည် ခြင်္သေ့နှင့်တူ၍ လင်းယုန်အတောင်ပါရှိ၏။ ငါကြည့်နေစဉ် အတောင်ပံတို့သည် နုတ်ပစ်ခြင်းခံရ၏။ မြေပေါ်မှ ထူမလိုက်သောအခါ လူကဲ့သို့ခြေနှစ်ချောင်းဖြင့် ရပ်၏။ သူ့အား လူ့စိတ်ကို သွင်းပေးထား၏။
တစ်ဖန် ငါကြည့်နေစဉ် ကျားသစ်နှင့်တူသော အခြားသားရဲတစ်ကောင် ထွက်လာ၏။ ထိုသားရဲ၏ကျောပေါ်တွင် ငှက်အတောင်လေးခု၊ ဦးခေါင်း လေးလုံးပါ၏။ သူ့အား အာဏာစက်ကို ပေးအပ်ထား၏။
ငါသည် သားငယ်ဆုံးရှုံးသောဝက်ဝံမကဲ့သို့ သူတို့ကိုတိုက်ခိုက်မည်။ သူတို့ရင်ဘတ်ကို ဆွဲဆုတ်မည်။ သူတို့ကို ခြင်္သေ့ကဲ့သို့ကိုက်စားဝါးမျိုမည်။ တောရိုင်းတိရစ္ဆာန်ကဲ့သို့ ဆွဲဖြဲမည်။
ငါမြင်ရသောထိုသားရဲသည် ကျားသစ်နှင့်တူ၏။ သူ၏ခြေသည် ဝက်ဝံခြေကဲ့သို့ဖြစ်ပြီး သူ၏ပါးစပ်သည် ခြင်္သေ့ပါးစပ်ကဲ့သို့ဖြစ်၏။ နဂါးသည် မိမိ၏တန်ခိုး၊ မိမိ၏ပလ္လင်နှင့် ကြီးမားသောအခွင့်အာဏာကို သူ့အားပေးအပ်လေ၏။