ကိုယ်တော်သည် အရောင်အဝါတောက်ပတော်မူ၏။ သားကောင်ရှိရာတောင်များထက် ပို၍အသရေတင့်တယ်တော်မူ၏။
ဒံယေလ 7:3 - မြန်မာ့စံမီသမ္မာကျမ်း ထို့နောက် သားရဲကြီးလေးကောင်သည် ပင်လယ်ထဲမှထွက်လာ၏။ ထိုသားရဲတို့သည် တစ်ကောင်နှင့်တစ်ကောင်မတူကြချေ။ Common Language Bible ထိုအခါပုံသဏ္ဌာန်ချင်းမတူသောသားရဲကြီးလေးကောင်တို့သည်သမုဒ္ဒရာထဲမှထွက်ပေါ်လာ၏။- Garrad Bible ညဉ့် အ ခါ ရူ ပါ ရုံ တွင် ငါ မြင် ရ သည် မှာ ကောင်း ကင် လေး မျက် နှာ မှ လေ ပြင်း များ သည် မ ဟာ သ မု ဒ္ဒ ရာ ပေါ်၌ တိုက် ဝှေ့ သ ဖြင့် သ ဏ္ဌာန် ချင်း မ တူ သော သား ရဲ ကြီး လေး ကောင် သည် သ မု ဒ္ဒ ရာ ထဲ မှ တက် လာ ကြ ၏။ Judson Bible သဏ္ဌာန်ချင်းမတူသော သားရဲလေးကောင်တို့သည် သမုဒ္ဒရာထဲက ထွက်လာကြ၏။ ပထမသားရဲသည် ခြင်္သေ့နှင့်တူ၏။ ရွှေလင်းတအတောင်လည်းရှိ၏။ |
ကိုယ်တော်သည် အရောင်အဝါတောက်ပတော်မူ၏။ သားကောင်ရှိရာတောင်များထက် ပို၍အသရေတင့်တယ်တော်မူ၏။
‘ဤသားရဲကြီးလေးကောင်သည် နောင်တွင်ပေါ်လာမည့်မြေကြီးဘုရင်လေးပါးကို ဆိုလို၏။
ထို့နောက် ဦးချိုဆယ်ချောင်းနှင့် ခေါင်းခုနစ်လုံးရှိသောသားရဲတစ်ကောင်သည် ပင်လယ်ထဲမှတက်လာသည်ကို ငါမြင်ရ၏။ ထိုဦးချိုများပေါ်တွင် သရဖူဆယ်ခုရှိ၍ ၎င်း၏ခေါင်းများပေါ်တွင် ဘုရားသခင်ကိုစော်ကားသောအမည်နာမများရှိ၏။
သင်မြင်ရသောသားရဲသည် ယခင်ကရှိခဲ့ပြီး ယခုမရှိ၊ မကြာမီ အတိုင်းမသိနက်ရှိုင်းရာအရပ်ထဲမှတက်လာ၍ ပျက်စီးခြင်းသို့ရောက်မည်ဖြစ်၏။ ကမ္ဘာမြေကြီးပေါ်၌နေထိုင်သောသူတို့ထဲတွင် ကမ္ဘာတည်ချိန်မှစ၍ အသက်စာစောင်၌စာရင်းမဝင်သောသူတို့သည် ယခင်ကရှိခဲ့ပြီး ယခုမရှိ၊ မကြာမီရောက်လာမည့် ထိုသားရဲကိုမြင်လျက် အံ့ဩကြလိမ့်မည်။