ဒါရိမင်းကြီးလည်း ထိုအမိန့်စာကို လက်မှတ်ရေးထိုးလေ၏။
သို့ဖြစ်၍ဒါရိမင်းသည်ထိုအမိန့်တော် ကို တံဆိပ်ခတ်လက်မှတ်ရေးထိုးတော်မူ၏။-
ဒါ ရိ မင်း သည် ဥ ပ ဒေ အ ချက် ကို လက် မှတ် ရေး ထိုး လေ ၏။
ဒါရိမင်းကြီးသည် အမိန့်တော်ကိုပေး၍ တံဆိပ်ခတ်တော်မူ၏။
သို့ဖြစ်၍ အရှင်မင်းကြီးစိတ်တော်နှင့်တွေ့လျှင် မိဖုရားဝါရှတိသည် အာရွှေရုမင်းကြီးရှေ့တော်သို့မည်သည့်အခါမျှ အခစားမဝင်ရဟု ရာဇအမိန့်ထုတ်ပြန်တော်မူပါ။ သူ့အရိုက်အရာကို သူ့ထက်သာသောအခြားသူတစ်ယောက်အား အရှင်မင်းကြီးလွှဲပေးတော်မူပါ။ ဤအမိန့်ကိုပယ်ဖျက်၍မရအောင် ပါးရှားပြည်နှင့်မေဒိပြည်တို့၏ဥပဒေတွင် ရေးမှတ်စေတော်မူပါ။
ထာဝရဘုရားကိုခိုလှုံခြင်းသည် မင်းအရာရှိတို့ကိုကိုးစားခြင်းထက် ပို၍ကောင်း၏။
မင်းအရာရှိများမှစ၍ ကယ်တင်ခြင်းမပေးနိုင်သော လူသားကို မကိုးစားကြနှင့်။
ကိုယ့်နှုတ်ထွက်စကားနှင့်ကိုယ်ကျော့မိ၍ ကိုယ့်နှုတ်ထွက်စကားနှင့်ကိုယ် အဖမ်းခံရလေပြီ။
နှာခေါင်းနှင့်အသက်ရှူတတ်သောလူကို မကိုးစားနှင့်။ ထိုသို့သောသူ၌ အဘယ်အားထားစရာရှိသနည်း။