အို အရှင်မင်းကြီး၊ မေဒိနှင့် ပါးရှားတို့၏ပယ်ဖျက်၍မရနိုင်သောဥပဒေသအတိုင်း ဤအမိန့်စာကို ယခု အတည်ပြုလက်မှတ်ရေးထိုးတော်မူပါ”ဟု လျှောက်တင်ကြသောကြောင့်
ထိုအမိန့်တော်ကိုအရှင်မင်းကြီးထုတ် ၍တံဆိပ်ခတ်နှိပ်၍လက်မှတ်ရေးထိုး တော်မူပါလျှင် ယင်းအမိန့်တော်သည်ပြင် ဆင်ပြောင်းလဲ၍မရနိုင်သောမေဒိနှင့် ပါရှလူမျိုးများ၏ဋ္ဌမ္မသတ်ဖြစ်လာ ပါလိမ့်မည်'' ဟုလျှောက်ထားကြ၏။-
သို့ နှင့် အ ညီ မ ပ မ ပျောက် နိုင် သော မေ ဒိ၊ ပေ ရ သိ လူ မျိုး ဓ မ္မ သတ် အ တိုင်း ဆို ခဲ့ သော ဥ ပ ဒေ ကို မ ပြောင်း မ လဲ စေ ရန် အ တည် ပြု၍ လက် မှတ် ရေး ထိုး တော် မူ ပါ ဘု ရင် မင်း မြတ် ဟု တင် လျှောက် ကြ သော်၊
သို့ဖြစ်၍၊ အရှင်မင်းကြီး၊ အမိန့်ရှိတော်မူပါ။ မပြောင်းလဲတတ်သော မေဒိ၊ ပေရသိဓမ္မသတ်အတိုင်း အမိန့်တော်တည်စေခြင်းငှာ၊ တံဆိပ်ခတ်တော်မူပါဟု လျှောက်ထားကြလျှင်၊
သို့ဖြစ်၍ အရှင်မင်းကြီးစိတ်တော်နှင့်တွေ့လျှင် မိဖုရားဝါရှတိသည် အာရွှေရုမင်းကြီးရှေ့တော်သို့မည်သည့်အခါမျှ အခစားမဝင်ရဟု ရာဇအမိန့်ထုတ်ပြန်တော်မူပါ။ သူ့အရိုက်အရာကို သူ့ထက်သာသောအခြားသူတစ်ယောက်အား အရှင်မင်းကြီးလွှဲပေးတော်မူပါ။ ဤအမိန့်ကိုပယ်ဖျက်၍မရအောင် ပါးရှားပြည်နှင့်မေဒိပြည်တို့၏ဥပဒေတွင် ရေးမှတ်စေတော်မူပါ။
ထိုအခါ ပထမလ၊ တစ်ဆယ့်သုံးရက်နေ့တွင် ဘုရင့်စာရေးတော်ကြီးများကို ဆင့်ခေါ်၍ ဟာမန်ပြောကြားသည့်အတိုင်း အမိန့်စာကိုရေးသားစေပြီး အုပ်ချုပ်ရေးအရာရှိမင်းများ၊ နယ်မြေဒေသအသီးသီးကိုအုပ်ချုပ်သောဘုရင်ခံများနှင့် လူမျိုးအသီးသီးတို့၏အကြီးအကဲများထံသို့ နယ်မြေဒေသအလိုက် သူ့စာပေ၊ သူ့လူမျိုး၏ဘာသာစကားဖြင့် ပေးပို့၏။ ထိုစာကို အာရွှေရုမင်းကြီး၏နာမည်တပ်၍ ရှင်ဘုရင်၏တံဆိပ်တုံးလက်စွပ်တော်ဖြင့် ခတ်နှိပ်လေ၏။
ထိုစာကို အာရွှေရုမင်းကြီး၏နာမည်နှင့် ရေးသား၍ ဘုရင်၏တံဆိပ်တုံးလက်စွပ်နှင့် ခတ်နှိပ်ပြီးလျှင် ခြေမြန်တော်တို့အား ဘုရင့်မြင်းဇောင်းတွင်မွေးထားသော၊ အပြေးမြန်သောမြင်းတို့ကိုစီးစေ၍ ပေးပို့စေ၏။
ထို့ပြင် ဧသတာသည် ရှင်ဘုရင်၏ခြေရင်းတွင် ပျပ်ဝပ်လျက် ဂျူးလူမျိုးတို့ကို သုတ်သင်ပယ်ရှင်းပစ်ရန် အာဂတ်လူမျိုး လူယုတ်မာဟာမန် ကြံစည်သောအကြံအစည်ကို ဖယ်ရှားပေးပါမည့်အကြောင်း ငိုကြွေးလျက် အသနားခံလျှောက်ထားလေ၏။
ဘုရင့်နာမည်နှင့် ရေးသားထား၍ ဘုရင့်တံဆိပ်တုံးလက်စွပ်နှင့် ခတ်နှိပ်ထားသောစာကိုမူ အဘယ်သူမျှပြန်လည်ရုပ်သိမ်းခွင့်မရှိသည်ဖြစ်၍ သင်တို့ကောင်းမည်ထင်သည့်အတိုင်း ဂျူးလူမျိုးတို့နှင့်ပတ်သက်သောအမိန့်စာကို ဘုရင့်နာမည်နှင့် ရေးသား၍ ဘုရင့်တံဆိပ်တုံးလက်စွပ်နှင့် ခတ်နှိပ်ကြလော့”ဟု မိန့်ဆို၏။
သူတို့သည် ဖြောင့်မတ်သောသူ၏အသက်ကို ရန်ရှာရန်စုဝေး၍ အပြစ်ကင်းသောသူကို သေဒဏ်စီရင်ကြပါ၏။
ဆင်းရဲသောသူတို့၏အမှုကို ရှောင်လွှဲဖို့၊ အဖိနှိပ်ခံရသော ငါ၏လူမျိုးတော်၏အခွင့်အရေးကို ပိတ်ပင်ဖို့၊ မုဆိုးမတို့ကို သားကောင်ဖြစ်စေဖို့၊ မိဘမဲ့တို့၏ဥစ္စာကိုလုယူဖို့ မတရားသောဥပဒေကို ပြဋ္ဌာန်းသောသူနှင့် ကြပ်တည်းသောစည်းမျဉ်းကိုရေးဆွဲသောသူတို့သည် အမင်္ဂလာရှိကြ၏။
‘ဖေရက်’ ဟူသည်မှာ အရှင်မင်းကြီး၏နိုင်ငံကို ခွဲပြီး မေဒိနှင့် ပါးရှားလူမျိုးတို့အား ပေးတော်မူပြီဟူ၍ အနက်ရ၏”ဟု ရှင်ဘုရင်ရှေ့၌ လျှောက်ထားလေ၏။
ရှင်ဘုရင်ထံသို့သွားပြီးလျှင် ရှင်ဘုရင်ထုတ်ပြန်ထားသောအမိန့်နှင့်ပတ်သက်၍ “အရှင်မင်းကြီး၊ ဤရက်သုံးဆယ်အတွင်း အရှင်မင်းကြီးမှလွဲ၍ အခြားဘုရားကိုဖြစ်စေ၊ လူကိုဖြစ်စေ အသနားခံဆုတောင်းသောသူ မည်သူမဆို ခြင်္သေ့တွင်းထဲသို့ ပစ်ချခြင်းခံရမည်ဟူသောအမိန့်ကို လက်မှတ်ရေးထိုးထားပြီမဟုတ်ပါလော၊ အရှင်မင်းကြီး”ဟု မေးလျှောက်ကြလျှင် မင်းကြီးက “မေဒိနှင့်ပါးရှားတို့၏ပယ်ဖျက်၍မရသောဥပဒေအတိုင်း ဤကိစ္စမှာ မှန်ကန်၏”ဟု ပြန်လည်မိန့်ဆို၏။
ထိုသူတို့ကလည်း ရှင်ဘုရင်ထံ အုပ်စုလိုက်သွား၍ “အို အရှင်မင်းကြီး၊ မေဒိနှင့် ပါးရှားတို့၏ပယ်ဖျက်၍မရသောဥပဒေနှင့်အညီ ရှင်ဘုရင်အတည်ပြုထားသောမည်သည့်အမိန့်၊ မည်သည့်ပြဋ္ဌာန်းချက်ကိုမျှ ပြုပြင်ပြောင်းလဲ၍မရကြောင်း သိမှတ်တော်မူပါ”ဟု ရှင်ဘုရင်အား လျှောက်ဆိုကြ၏။
ကောင်းကင်နှင့်မြေကြီးသည် ကွယ်ပျောက်သွားလိမ့်မည်။ ငါ့စကားမူကား မည်သည့်အခါမျှ ကွယ်ပျောက်လိမ့်မည်မဟုတ်။