ဘုရားသခင်၏အိမ်တော်အသုံးအဆောင်အကြီးအသေးရှိသမျှ၊ ထာဝရဘုရား၏အိမ်တော်ဘဏ္ဍာများ၊ ရှင်ဘုရင်နှင့် မှူးမတ်တို့၏ဘဏ္ဍာများအားလုံးကို ဘေဘီလုံမြို့သို့ ယူဆောင်သွား၏။
ဒံယေလ 5:3 - မြန်မာ့စံမီသမ္မာကျမ်း ဤသို့ဖြင့် ဂျေရုဆလင်မြို့ရှိ ဘုရားသခင်၏အိမ်တော်တည်းဟူသောဗိမာန်တော်မှ သိမ်းယူခဲ့သည့် ရွှေဖလားတို့ကို ယူခဲ့ပြီး ရှင်ဘုရင်မှစ၍ မှူးမတ်များ၊ မိဖုရားများနှင့် ကိုယ်လုပ်တော်များသည် ထိုဖလားများဖြင့် စပျစ်ဝိုင်ကို သောက်ကြ၏။ Common Language Bible ချက်ချင်းပင်ရွှေဖလားများရောက်ရှိလာ သောအခါ သူတို့သည်ထိုဖလားတို့ဖြင့် သောက်လျက်၊- Garrad Bible ယေ ရု ရှ လင် မြို့ ရှိ ဘု ရား သ ခင့် ဘုံ ဗိ မာန် ထဲ မှ သိမ်း ယူ ခဲ့ သော ရွှေ ဖ လား၊ ငွေ ဖ လား များ ကို ယူ ပြီး လျှင် ၎င်း ဘု ရင် မှ စ၍ မိ ဖု ရား၊ မောင်း မ မိဿံ တို့ နှင့် မှူး မတ် တို့ ပါ သောက် ကြ ကုန်၏။ Judson Bible ယေရုရှလင်မြို့၌ရှိသော ဘုရားသခင်၏ ဗိမာန်တော်တိုက်ထဲက သိမ်းယူဆောင်ခဲ့သော ရွှေဖလားတို့ကိုယူခဲ့၍၊ မင်းကြီး၊ မင်းသား၊ မိဖုရား၊ မောင်းမမိဿံတို့သည် ထိုဖလားတို့နှင့် သောက်ကြ၏။ |
ဘုရားသခင်၏အိမ်တော်အသုံးအဆောင်အကြီးအသေးရှိသမျှ၊ ထာဝရဘုရား၏အိမ်တော်ဘဏ္ဍာများ၊ ရှင်ဘုရင်နှင့် မှူးမတ်တို့၏ဘဏ္ဍာများအားလုံးကို ဘေဘီလုံမြို့သို့ ယူဆောင်သွား၏။
မရဏာနိုင်ငံသည် အလိုရမ္မက်ကြီးစွာဖြင့် မိမိပါးစပ်ကိုအတိုင်းအဆမရှိ ကျယ်စွာဖွင့်လျက်ရှိ၍ ဇိအုန်မြို့ဂုဏ်သရေရှိသူများ၊ ဆူညံနေသောလူအုပ်ကြီး၊ သောက်စားပျော်ပါးနေသူများသည် မရဏာနိုင်ငံသို့ ဆင်းသွားကြရလိမ့်မည်။
ဘေဘီလုံမြို့မှထွက်ပြေးလွတ်မြောက်လာသောသူတို့၏အသံကို ကြားရလေပြီ။ သူတို့သည် ငါတို့ဘုရားသခင် ထာဝရဘုရား လက်တုံ့ပြန်ခြင်းအကြောင်း၊ ဗိမာန်တော်အတွက် လက်တုံ့ပြန်ခြင်းအကြောင်းကို ဇိအုန်မြို့တွင် ကြွေးကြော်ကြလေပြီ။
ထိုသို့ စပျစ်ဝိုင်သောက်ရင်း ဗေလရှာဇာမင်းကြီးသည် ဂျေရုဆလင်ဗိမာန်တော်မှ မိမိခမည်းတော်နေဗုခဒ်နေဇာမင်းကြီး သိမ်းယူလာခဲ့သောရွှေဖလား၊ ငွေဖလားတို့ကို ယူခဲ့ရန် အမိန့်ပေး၏။ ရှင်ဘုရင်မှစ၍ မှူးမတ်များ၊ မိဖုရားများနှင့် ကိုယ်လုပ်တော်များသည် ထိုဖလားများဖြင့် စပျစ်ဝိုင်ကို သောက်ကြ၏။
ကောင်းကင်ဘုံရှင်ကို ဆန့်ကျင်၍ ကိုယ့်ကိုယ်ကိုယ် ချီးမြှောက်၏။ ထိုအရှင်၏ဗိမာန်တော်မှခွက်ဖလားများကို သင့်ရှေ့မှောက်သို့ယူလာစေပြီး သင်မှစ၍ မှူးမတ်များ၊ မိဖုရားများ၊ ကိုယ်လုပ်တော်များသည် ထိုခွက်များဖြင့် စပျစ်ဝိုင်ကိုသောက်ပြီး မျက်စိလည်းမမြင်၊ နားလည်းမကြား၊ ဘာမျှလည်း မသိနိုင်သော ရွှေ၊ ငွေ၊ ကြေးနီ၊ သံ၊ သစ်သား၊ ကျောက်တို့ဖြင့် လုပ်ထားသောဘုရားများကို ထောမနာပြုကြ၏။ သင့်အသက်၊ သင့်ဘဝလမ်းတစ်ခုလုံးကိုပိုင်တော်မူသောဘုရားသခင်ကိုမူ သင်မချီးမြှောက်ခဲ့။
ထိုသို့ စပျစ်ဝိုင်ကိုသောက်ရင်း ရွှေ၊ ငွေ၊ ကြေးနီ၊ သံ၊ သစ်သား၊ ကျောက်တို့ဖြင့် လုပ်ထားသောဘုရားများကို ထောမနာပြုကြ၏။
သူ့အား ကောက်ပဲသီးနှံ၊ စပျစ်ဝိုင်အသစ်၊ ဆီတို့ကိုပေးသောသူမှာ ငါဖြစ်ကြောင်း၊ ဗာလဘုရားကိုပူဇော်သောရွှေငွေတို့ကို တိုးပွားစေသူမှာ ငါဖြစ်ကြောင်း သူမသိ။
လေအဟုန်ကဲ့သို့ ချီတက်တိုက်ခိုက်ကြ၏။ သူတို့၏ခွန်အားကို သူတို့၏ဘုရားဟု မှတ်ယူကြ၏။ စင်စစ် သူတို့သည် အပြစ်ဒဏ်ကို ခံရမည်။”
“သင်တို့မူကား စားပွဲတော်ကို ရှုတ်ချလျက် ‘ဘုရားရှင်၏စားပွဲတော်သည် ညစ်ညူး၏။ အသီးအနှံနှင့် အစားအစာများသည်လည်း ရွံရှာဖွယ်ဖြစ်၏’ဟု ဆိုကြ၏။
“ငြိမ်းချမ်းမှုနှင့်လုံခြုံမှုရှိသည်”ဟု လူတို့ပြောဆိုနေကြသည့်အချိန်၌ပင် ကိုယ်ဝန်ဆောင်အမျိုးသမီး၌ သားဖွားခြင်းဝေဒနာရောက်လာသကဲ့သို့ ပျက်စီးခြင်းသည် သူတို့အပေါ် ရုတ်တရက်ရောက်လာ၍ သူတို့သည် လုံးဝလွတ်မြောက်နိုင်မည်မဟုတ်။
အစ္စရေးလူမျိုးတို့၌ ရှင်ဘုရင်မရှိသေးသောကာလတွင် ဧဖရိမ်တောင်ပေါ်ဒေသအစွန်အဖျား၌ တည်းခိုနေထိုင်သော လေဝိလူတစ်ယောက်ရှိ၏။ သူသည် ယုဒနယ်၊ ဗက်လင်မြို့သူတစ်ယောက်ကို မယားငယ်အဖြစ်ယူထား၏။