သင်ငယ်စဉ်ကတည်းက လေ့လာလိုက်စားခဲ့သော ဂါထာမန္တန်နှင့် မှော်အတတ်အမျိုးမျိုးတို့ကို ဆက်၍လိုက်စားလော့။ အကျိုးရှိကောင်းရှိလိမ့်မည်။ ဖျက်ဆီးခြင်းဘေးကို ခြောက်လှန့်နိုင်ကောင်းခြောက်လှန့်နိုင်လိမ့်မည်။
ဒံယေလ 5:15 - မြန်မာ့စံမီသမ္မာကျမ်း ငါသည် ပညာရှိများ၊ ဗေဒင်ဆရာများကို အခစားဝင်စေ၍ ထိုစာကိုဖတ်ပြီး အနက်အဓိပ္ပာယ်ဖော်ပြစေသော်လည်း မည်သူမျှ ထိုစာ၏အနက်အဓိပ္ပာယ်ကို မဖွင့်ပြပေးနိုင်ကြ။ Common Language Bible ငါသည်မိမိ၏အတိုင်ပင်ခံအရာရှိများ နှင့်ဗေဒင်ဆရာများကိုဆင့်ခေါ်ကာစေခိုင်း သော်လည်း သူတို့သည်မဖော်ပြနိုင်ကြပါ။- Garrad Bible ထို စာ ကို ဖတ်၍ အ နက် ကို ဖော် ပြ စေ ခြင်း ငှာ ပ ညာ ရှိ ဗေ ဒင် ဆ ရာ များ ကို ရှေ့ တော် သို့ ယ ခု သွင်း ခဲ့ သော် လည်း အ နက် ကို မ ဖော် မ ပြ နိုင် ကြ။ Judson Bible ထိုစာကိုဖတ်၍ အနက်ကို ငါ့အားဖော်ပြစေခြင်းငှာ ဗေဒင်တတ်ပညာရှိတို့ကို ငါ့ထံသို့သွင်းသော်လည်း၊ သူတို့သည် အနက်ကို မဖော်မပြနိုင်ကြ။ |
သင်ငယ်စဉ်ကတည်းက လေ့လာလိုက်စားခဲ့သော ဂါထာမန္တန်နှင့် မှော်အတတ်အမျိုးမျိုးတို့ကို ဆက်၍လိုက်စားလော့။ အကျိုးရှိကောင်းရှိလိမ့်မည်။ ဖျက်ဆီးခြင်းဘေးကို ခြောက်လှန့်နိုင်ကောင်းခြောက်လှန့်နိုင်လိမ့်မည်။
ဤသည်ကား ငါနေဗုခဒ်နေဇာမင်းကြီး မြင်မက်သောအိပ်မက်ဖြစ်၏။ ယခုတွင် အသင်ဗေလတရှာဇာ၊ ငါ့အိပ်မက်၏အနက်အဓိပ္ပာယ်ကို ဖော်ပြပါလော့။ ငါ့နိုင်ငံမှ ပညာရှိအပေါင်းတို့သည် ငါ့အိပ်မက်အနက်အဓိပ္ပာယ်ကို မဖော်ပြနိုင်ကြ။ သင်မူကား သန့်ရှင်းသောဘုရားများ၏ဝိညာဉ်သည် သင်၌တည်သောကြောင့် ဖော်ပြနိုင်လိမ့်မည်”ဟု မိန့်ဆို၏။
သင်၌ ဘုရားများ၏ဝိညာဉ်တည်ကြောင်း၊ သင်သည် ဉာဏ်အလင်း၊ ပိုင်းခြားသိနိုင်သောဉာဏ်၊ ထူးကဲသောဉာဏ်ရှိသောသူအဖြစ် ကျော်ကြားခဲ့ကြောင်းကို ငါကြားသိရ၏။