ဆိုးယုတ်သောသူကြောက်လန့်သောအမှုသည် သူ့အပေါ်သို့သက်ရောက်လိမ့်မည်။ ဖြောင့်မတ်သောသူတို့၏အလိုဆန္ဒကိုကား ကိုယ်တော်ဖြည့်ဆည်းပေးတော်မူလိမ့်မည်။
ဒံယေလ 4:28 - မြန်မာ့စံမီသမ္မာကျမ်း ဤသို့လျှောက်ထားသောအရာအားလုံးသည်လည်း နေဗုခဒ်နေဇာမင်းကြီး၌ ဖြစ်ပျက်လာလေ၏။ Common Language Bible ဤသို့လျှောက်ထားသည်အတိုင်းဖြစ်ပျက် လာလေသည်။- Garrad Bible ထို ဗျာ ဒိတ် တော် အ တိုင်း နေ ဗု ခဒ် နေ ဇာ မင်း၌ အ ကုန် အ စင် ဖြစ် ပျက် ခြင်း အ ကြောင်း ကား၊ Judson Bible ထိုအမှုအရာအလုံးစုံတို့သည် နေဗုခဒ်နေဇာမင်းကြီး အပေါ်သို့ ရောက်သည်အကြောင်းကား၊ |
ဆိုးယုတ်သောသူကြောက်လန့်သောအမှုသည် သူ့အပေါ်သို့သက်ရောက်လိမ့်မည်။ ဖြောင့်မတ်သောသူတို့၏အလိုဆန္ဒကိုကား ကိုယ်တော်ဖြည့်ဆည်းပေးတော်မူလိမ့်မည်။
သူသည် မာနထောင်လွှားပြီး မောက်မာခက်ထန်လာသောအခါ ရာဇပလ္လင်မှဖြုတ်ချခံရပြီး သူ့ဂုဏ်သရေလည်း ရုပ်သိမ်းသွားခြင်း ခံရ၏။
သို့သော် ငါ့အစေအပါးပရောဖက်တို့အား ငါမိန့်မှာထားသောစကားများနှင့် ပြဋ္ဌာန်းချက်များသည် သင်တို့ဘိုးဘေးတို့အပေါ်ကျရောက်လာခဲ့သည်မဟုတ်လော။ ထို့နောက် သူတို့ပြန်လှည့်လာ၍ ‘ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရားသည် စိတ်ပိုင်းဖြတ်ထားသည့်အတိုင်း ငါတို့အပြုအမူအကျင့်အကြံတို့နှင့်အညီ ငါတို့ကို အပြစ်ပေးတော်မူပြီ’ဟူ၍ ဆိုကြသည်”ဟု မိန့်ဆို၏။
လိမ်လည်ပြောဆိုရအောင် ဘုရားသခင်သည် လူဖြစ်သည်မဟုတ်။ စိတ်ပြောင်းလဲရအောင် လူသားဖြစ်သည်မဟုတ်။ ကိုယ်တော်သည် မိန့်တော်မူပြီးမှ မပြုဘဲနေတော်မူမည်လော။ ကတိထားတော်မူပြီးမှ မတည်ဘဲနေတော်မူမည်လော။
ကောင်းကင်နှင့်မြေကြီးသည် ကွယ်ပျောက်သွားလိမ့်မည်။ ငါ့စကားမူကား မည်သည့်အခါမျှ ကွယ်ပျောက်လိမ့်မည်မဟုတ်။