ဤနက်နဲသောအရာကြောင့် ဒံယေလနှင့် သူ၏အပေါင်းအဖော်တို့သည် အခြားဘေဘီလုံပညာရှိတို့နှင့်အတူ ကွပ်မျက်မခံရစေရန် ကောင်းကင်ဘုံရှင်ဘုရားသခင်ထံ ဆုတောင်းအသနားခံကြမည့်အကြောင်း တိုက်တွန်းလေ၏။
ဒံယေလ 4:26 - မြန်မာ့စံမီသမ္မာကျမ်း သစ်ပင်၏အမြစ်နှင့်အငုတ်ကို ချန်ထားရန် မှာထားခြင်းမှာ ကောင်းကင်ဘုံရှင်သည် အုပ်စိုးပိုင်သသူဖြစ်ကြောင်းကို အရှင်သိမှတ်တော်မူသောအခါ အရှင့်နိုင်ငံအား ပြန်အုပ်ချုပ်ရမည်ကို ဆိုလိုပါ၏။ Common Language Bible ကောင်းကင်တမန်များသည်သစ်ငုတ်ကို မြေတွင် ချန်ထားခဲ့ရန်အမိန့်ပေးသည်နှင့် အညီအရှင်သည် ကမ္ဘာကိုဘုရားသခင် အစိုးရကြောင်းသိမှတ်ဝန်ခံသောအခါ အရှင်၏ထီးနန်းကိုပြန်လည်ရရှိပါ လိမ့်မည်။- Judson Bible သစ်မြစ်၊ သစ်ငုတ်ကိုခြွင်းထားစေခြင်းငှာ စီရင်ကြသည်အရာမှာ၊ ကောင်းကင်ဘုံသည် အုပ်စိုးကြောင်းကို ကိုယ်တော်သိပြီးသောနောက်၊ နိုင်ငံတော်သည် လက်တော်မှ မရွေ့ဘဲတည်လိမ့်မည်။ |
ဤနက်နဲသောအရာကြောင့် ဒံယေလနှင့် သူ၏အပေါင်းအဖော်တို့သည် အခြားဘေဘီလုံပညာရှိတို့နှင့်အတူ ကွပ်မျက်မခံရစေရန် ကောင်းကင်ဘုံရှင်ဘုရားသခင်ထံ ဆုတောင်းအသနားခံကြမည့်အကြောင်း တိုက်တွန်းလေ၏။
ထိုညတွင် ဒံယေလအား ဤနက်နဲသောအရာကို စိတ်အာရုံထဲတွင် ဖွင့်ပြတော်မူ၏။ ထို့ကြောင့် ဒံယေလက ကောင်းကင်ဘုံရှင်ဘုရားသခင်အား
အို အရှင်မင်းကြီး၊ မင်းကြီးသည် ဘုရင်တကာတို့၏ဘုရင် ဖြစ်ပါ၏။ ကောင်းကင်ဘုံရှင်ဘုရားသခင်သည် မင်းကြီးအား နိုင်ငံတော်နှင့်တကွ တန်ခိုးအာဏာ၊ အစွမ်းသတ္တိ၊ ဂုဏ်သရေတို့ကို ပေးတော်မူပြီ။
မြေတွင်စွဲနေသောအမြစ်နှင့်အငုတ်ကို သံကြိုး၊ ကြေးနီတို့ဖြင့် ချည်နှောင်၍ မြက်နုများပေါက်ရာကွင်းပြင်တွင် ချန်ထားလော့။ မိုးကောင်းကင်နှင်းများ စိုပါစေ။ တိရစ္ဆာန်တို့နှင့်အတူ မြက်ပင်ကို အတူစားစေ။
ထို့ပြင် သန့်ရှင်းသူကောင်းကင်တမန်တစ်ပါးသည် ကောင်းကင်မှဆင်းသက်လာပြီး ‘ဤသစ်ပင်ကို ခုတ်လှဲဖျက်ဆီးပစ်လော့။ သို့သော် မြေကြီးထဲစွဲနေသောအမြစ်နှင့်အငုတ်ကို သံကြိုး၊ ကြေးနီတို့ဖြင့် ချည်နှောင်၍ မြက်နုများပေါက်ရာကွင်းပြင်တွင် ချန်ထားလော့။ မိုးကောင်းကင်နှင်းများ စိုပါစေ။ တောတိရစ္ဆာန်တို့နှင့်အတူ ခုနစ်နှစ်ပတ်လုံး မြက်ပင်ကို အတူစားပါစေ’ဟု မိန့်ဆိုသည်ကို အရှင်မင်းကြီး မြင်မက်ပါ၏။
ထိုသို့မြွက်ဆို၍ မဆုံးမီပင် “နေဗုခဒ်နေဇာမင်းကြီး၊ သင့်အတွက် အမိန့်တော်ကား နိုင်ငံတော်ကို သင့်ထံမှ ရုပ်သိမ်းလိုက်ပြီ။
ယခုတွင် ငါနေဗုခဒ်နေဇာမင်းကြီးသည် ကောင်းကင်ဘုံရှင်ဘုရင်ကို ချီးမွမ်းထောမနာပြုပါ၏၊ ချီးမြှောက်ပါ၏။ ကိုယ်တော်ပြုတော်မူသောအမှုသည် သစ္စာတော်နှင့်ပြည့်စုံတော်မူပါ၏။ ကိုယ်တော်၏နည်းလမ်းတော်တို့သည် တရားမျှတတော်မူ၏။ ကိုယ်တော်သည် မာနထောင်လွှားသောသူတို့ကို နှိမ့်ချနိုင်စွမ်းရှိတော်မူပါ၏။
သူသည် မာနထောင်လွှားပြီး မောက်မာခက်ထန်လာသောအခါ ရာဇပလ္လင်မှဖြုတ်ချခံရပြီး သူ့ဂုဏ်သရေလည်း ရုပ်သိမ်းသွားခြင်း ခံရ၏။
သူသည် လူ့အသိုင်းအဝိုင်းထဲမှ နှင်ထုတ်ခြင်းခံရ၍ သူ၏စိတ်သည် တိရစ္ဆာန်စိတ်ကဲ့သို့ဖြစ်လာပြီး မြည်းရိုင်းတို့နှင့်အတူ နေခဲ့ရပါ၏။ အမြင့်ဆုံးသောဘုရားသခင်သည် လူ့ပြည်ကိုအုပ်စိုး၍ အလိုတော်ရှိသောသူကို ပေးတော်မူကြောင်း သူသိမှတ်သည့်တိုင်အောင် သူသည် နွားကဲ့သို့မြက်ကိုစား၍ ကိုယ်သည်လည်း မိုးကောင်းကင်နှင်းများနှင့် စို၍နေခဲ့ရပါ၏။
တပည့်တော်တို့သည် ထိုအခြင်းအရာကိုမြင်လျှင် အံ့သြလျက် “သဖန်းပင်သည် မည်သို့သောအားဖြင့် ချက်ချင်းညှိုးနွမ်းခြောက်သွေ့သွားသနည်း”ဟု ဆိုကြ၏။
သို့သော် သင်တို့အား ငါဆိုမည်။ တိုင်တည်ပြောဆိုခြင်းကို လုံးဝမပြုရ။ ကောင်းကင်ကိုတိုင်တည်၍မပြောဆိုရ။ အကြောင်းမူကား ၎င်းသည် ဘုရားသခင်၏ပလ္လင်တော်ဖြစ်၏။
ငါသည်ထ၍ ငါ့အဖေထံသို့သွားပြီး “အဖေ၊ အကျွန်ုပ်သည် ကောင်းကင်ကိုလည်းကောင်း၊ အဖေ့ကိုလည်းကောင်း ပြစ်မှားခဲ့ပါပြီ။
သားကလည်း ‘အဖေ၊ အကျွန်ုပ်သည် ကောင်းကင်ကိုလည်းကောင်း၊ အဖေ့ကိုလည်းကောင်း ပြစ်မှားခဲ့ပါပြီ။ အကျွန်ုပ်သည် အဖေ၏သားဟူ၍အခေါ်ခံရန် မထိုက်တန်တော့ပါ’ဟု ဆို၏။