ခြေချောင်းတို့မှာ သံတစ်ပိုင်း ရွှံ့စေးတစ်ပိုင်းဖြစ်၍ ထိုနိုင်ငံတစ်ဝက်သည် ခိုင်မာ၍ တစ်ဝက်သည် ပျက်စီးလိမ့်မည်။
ခြေချောင်းများသည်သံတစ်ပိုင်းရွှံ့စေး သရွတ်တစ်ပိုင်းဖြစ်သည်နှင့်အညီ ထိုနိုင်ငံ သည်ခွန်အားကြီးသော်လည်းအလွယ်တကူ ချေမှုန်းခြင်းကိုခံရပါလိမ့်မည်။-
ခြေ ချောင်း များ သည် သံ တစ် ပိုင်း မြေ တစ် ပိုင်း ဖြစ် သည် နှင့် အ ညီ ထို နိုင် ငံ သည် တစ် ပိုင်း ခိုင် မာ လျက် တစ် ပိုင်း ပျက် လွယ် လျက် ရှိ လိမ့် မည်။
ခြေချောင်းတို့သည် သံတစ်ပိုင်းသရွတ်တစ်ပိုင်း ဖြစ်သည်နှင့်အညီ၊ ထိုနိုင်ငံသည် ခိုင်မာခြင်းနှင့်လည်းကောင်း၊ ကျိုးပဲ့ခြင်းနှင့်လည်းကောင်း ဆက်ဆံလိမ့်မည်။
ရုပ်တု၏ခြေနှင့် ခြေချောင်းတို့မှာ အိုးဖုတ်ရွှံ့စေးတစ်ပိုင်းနှင့် သံတစ်ပိုင်းဖြစ်သည်ကို အရှင်မင်းကြီးမြင်ခဲ့၏။ ဤနိုင်ငံသည် အချင်းချင်းကွဲပြားသောနိုင်ငံ ဖြစ်လိမ့်မည်။ အရှင်မင်းကြီးမြင်ရသည့်အတိုင်း ရွှံ့စေးနှင့် သံရောထားသည်ဖြစ်၍ ဤနိုင်ငံသည် သံကဲ့သို့ မာကျောလိမ့်မည်။
ထိုသို့ သံနှင့်အိုးဖုတ်ရွှံ့စေး ရောနှောထားသည်ကို အရှင်မင်းကြီး မြင်ခဲ့၏။ ဤသည်မှာ သူတို့သည် အခြားလူမျိုးနွယ်တို့နှင့် ရောနှောနေထိုင်ကြလိမ့်မည်။ သို့သော် သံနှင့်ရွှံ့စေး ရောနှော၍မရသကဲ့သို့ သူတို့သည်လည်း အချင်းချင်းပူးပေါင်း၍ ရမည်မဟုတ်။
ဦးချိုဆယ်ချောင်းကား ထိုနိုင်ငံတွင်ပေါ်လာမည့် ရှင်ဘုရင်ဆယ်ပါး ဖြစ်၏။ သူတို့နောက်တွင် အခြားရှင်ဘုရင်တစ်ပါး ပေါ်လာလိမ့်မည်။ ထိုဘုရင်သည် ယခင်ဘုရင်များထက်ထူးခြား၍ ရှင်ဘုရင်သုံးပါးစလုံးကို ချေမှုန်းပစ်မည်။
ထို့နောက် ဦးချိုဆယ်ချောင်းနှင့် ခေါင်းခုနစ်လုံးရှိသောသားရဲတစ်ကောင်သည် ပင်လယ်ထဲမှတက်လာသည်ကို ငါမြင်ရ၏။ ထိုဦးချိုများပေါ်တွင် သရဖူဆယ်ခုရှိ၍ ၎င်း၏ခေါင်းများပေါ်တွင် ဘုရားသခင်ကိုစော်ကားသောအမည်နာမများရှိ၏။