ဒံယေလ 2:43 - မြန်မာ့စံမီသမ္မာကျမ်း43 ထိုသို့ သံနှင့်အိုးဖုတ်ရွှံ့စေး ရောနှောထားသည်ကို အရှင်မင်းကြီး မြင်ခဲ့၏။ ဤသည်မှာ သူတို့သည် အခြားလူမျိုးနွယ်တို့နှင့် ရောနှောနေထိုင်ကြလိမ့်မည်။ သို့သော် သံနှင့်ရွှံ့စေး ရောနှော၍မရသကဲ့သို့ သူတို့သည်လည်း အချင်းချင်းပူးပေါင်း၍ ရမည်မဟုတ်။ အခန်းကိုကြည့်ပါ။Common Language Bible43 သံကိုရွှံ့စေးသရွတ်နှင့်ရောစပ်ထားသည် ကိုလည်း အရှင်မြင်တော်မူသည်အတိုင်း ထိုအင်ပါယာနိုင်ငံကိုအုပ်ချုပ်သော ဘုရင်တို့သည်မိမိတို့၏အိမ်ထောင်စုသား တို့အား အချင်းချင်းထိမ်းမြားလက်ထပ် ခြင်းအားဖြင့် စည်းရုံးမှုရရှိရန်ကြိုးစား ကြပါလိမ့်မည်။ သို့ရာတွင်သံနှင့်ရွှံ့စေး သရွတ်ကိုရောစပ်၍မရသကဲ့သို့ သူတို့ သည်လည်းပေါင်းဖော်၍ရကြမည်မဟုတ် ပါ။- အခန်းကိုကြည့်ပါ။Garrad Bible43 မြေ နှင့် တ ကွ သံ ပါ သည် ကို မြင် တော် မူ သည့် အ တိုင်း နိုင် ငံ သား ချင်း တို့ သည် ဆက် ဆံ ကြ သော် လည်း သံ နှင့် မြေ မ ကပ် သည့် နည်း တူ အ ချင်း ချင်း မ စည်း မ ကပ် ရာ၊ အခန်းကိုကြည့်ပါ။Judson Bible43 ဖုတ်သောသရွတ်နှင့် သံရောနှောသည်ကို မြင်တော်မူသည်နှင့် လျော်စွာ၊ နိုင်ငံသားတို့သည် အခြားသော လူမျိုးသားတို့နှင့် ပေါင်းဖော်ကြလိမ့်မည်။ သို့သော်လည်း၊ သရွတ်နှင့် သံ မရောနှောနိုင်သကဲ့သို့၊ သူတို့သည် အချင်းချင်း ပေါင်းဖော်၍ မသင့်နိုင်ကြ။ အခန်းကိုကြည့်ပါ။ |
ထိုရှင်ဘုရင်များအုပ်စိုးသည့်ကာလတွင်ပင် ကောင်းကင်ဘုံရှင်ဘုရားသခင်သည် မည်သည့်အခါမျှမပျက်စီးနိုင်မည့်နိုင်ငံတစ်ခုကို တည်ထောင်တော်မူလိမ့်မည်။ ဤနိုင်ငံသည် အခြားသူတို့လက်သို့ ရောက်ရမည်မဟုတ်။ အခြားနိုင်ငံအားလုံးကို တစ်စစီခြေမွှဖျက်ဆီးပစ်မည်။ ဤနိုင်ငံသည် အစဉ်အမြဲတည်လိမ့်မည်။