ဘေဘီလုံဘုရင်နေဗုခဒ်နေဇာမင်းကြီးနှင့် သူ၏စစ်သည်အားလုံး၊ သူ၏လက်အောက်ခံတိုင်းနိုင်ငံများ၊ လူမျိုးများအားလုံးသည် ဂျေရုဆလင်မြို့ရွာရှိသမျှတို့ကို တိုက်ခိုက်လာစဉ် ထာဝရဘုရားထံတော်မှနှုတ်ကပတ်တော်သည် ယေရမိထံသို့ ရောက်လာ၍
ဒံယေလ 2:38 - မြန်မာ့စံမီသမ္မာကျမ်း အရပ်ရပ်ရှိလူသားများ၊ တောတိရစ္ဆာန်များ၊ မိုးကောင်းကင်ငှက်များကို အရှင်မင်းကြီးလက်သို့ အပ်တော်မူသဖြင့် အရှင်မင်းကြီးသည် အလုံးစုံကို အုပ်စိုးရပါ၏။ ရုပ်တု၏ရွှေဦးခေါင်းသည် အရှင်မင်းကြီးပင် ဖြစ်ပါ၏။ Common Language Bible ကိုယ်တော်သည်အရှင့်အားလူတို့နေထိုင် ရာကမ္ဘာမြေပြင်ရှိသမျှကိုလည်းကောင်း၊ တိရစ္ဆာန်နှင့်ငှက်အပေါင်းတို့ကိုလည်းကောင်း အစိုးရစေတော်မူပါ၏။ အရှင်မင်းကြီး သည်ရုပ်တုကြီး၏ရွှေဦးခေါင်းဖြစ်တော် မူပါ၏။- Garrad Bible လူ နေ ရာ ရှိ သ မျှ တွင် မြေ သ တ္တ ဝါ၊ လေ သ တ္တ ဝါ တို့ ကို လည်း လက် တော် သို့ အပ် ပေး၍ ခပ် သိမ်း တို့ အ ပေါ် တွင် အုပ် စိုး ခွင့် ပြု တော် မူ ပြီ။ ရွှေ ဖြစ် သော ထို ဦး ခေါင်း ကား ဘု ရင် မင်း မြတ် ပေ တည်း။ Judson Bible လူနေရာရှိသမျှတို့နှင့် မြေကြီးသား တိရစ္ဆာန်၊ မိုးကောင်းကင်ငှက်များတို့ကို ကိုယ်တော်လက်၌ အပ်ပေး၍၊ ကိုယ်တော်သည် အလုံးစုံတို့ကို အုပ်စိုးရသောအခွင့်ရှိတော်မူ၏။ ကိုယ်တော်သည် ရုပ်တု၏ ရွှေဦးခေါင်းဖြစ်တော်မူ၏။ |
ဘေဘီလုံဘုရင်နေဗုခဒ်နေဇာမင်းကြီးနှင့် သူ၏စစ်သည်အားလုံး၊ သူ၏လက်အောက်ခံတိုင်းနိုင်ငံများ၊ လူမျိုးများအားလုံးသည် ဂျေရုဆလင်မြို့ရွာရှိသမျှတို့ကို တိုက်ခိုက်လာစဉ် ထာဝရဘုရားထံတော်မှနှုတ်ကပတ်တော်သည် ယေရမိထံသို့ ရောက်လာ၍
ဘုရားရှင်သည် ယုဒဘုရင်ယောယကိမ်မင်းကြီးနှင့်တကွ ဘုရားသခင်၏အိမ်တော်တန်ဆာပလာအချို့ကို နေဗုခဒ်နေဇာလက်သို့ အပ်လိုက်တော်မူ၏။ ရှင်ဘုရင်သည်လည်း ထိုအရာတို့ကို ရှိနာပြည်ရှိ မိမိဘုရားများ၏ဗိမာန်သို့ယူဆောင်သွား၍ ထိုတန်ဆာပလာတို့ကို မိမိဘုရားအများ၏ဘဏ္ဍာတိုက်ထဲသို့ သွင်းထားလေ၏။
ထိုရုပ်တု၏ဦးခေါင်းမှာ ရွှေစင်၊ ရင်ဘတ်နှင့်လက်မောင်းမှာ ငွေ၊ ဗိုက်နှင့်ပေါင်မှာ ကြေးနီ၊
အရှင်မင်းကြီးနောက်တွင် အရှင်မင်းကြီးထက်အင်အားနည်းသော နိုင်ငံတစ်ခု ပေါ်ထွန်းလိမ့်မည်။ ထို့နောက် တတိယနိုင်ငံတစ်ခုဖြစ်သော ကြေးနီနိုင်ငံပေါ်ထွန်းပြီး မြေတစ်ပြင်လုံးကို အုပ်စိုးလိမ့်မည်။
ဤသည်ကား ငါနေဗုခဒ်နေဇာမင်းကြီး မြင်မက်သောအိပ်မက်ဖြစ်၏။ ယခုတွင် အသင်ဗေလတရှာဇာ၊ ငါ့အိပ်မက်၏အနက်အဓိပ္ပာယ်ကို ဖော်ပြပါလော့။ ငါ့နိုင်ငံမှ ပညာရှိအပေါင်းတို့သည် ငါ့အိပ်မက်အနက်အဓိပ္ပာယ်ကို မဖော်ပြနိုင်ကြ။ သင်မူကား သန့်ရှင်းသောဘုရားများ၏ဝိညာဉ်သည် သင်၌တည်သောကြောင့် ဖော်ပြနိုင်လိမ့်မည်”ဟု မိန့်ဆို၏။
အို အရှင်မင်းကြီး၊ အမြင့်ဆုံးသောဘုရားသခင်သည် အရှင်မင်းကြီး၏ခမည်းတော်နေဗုခဒ်နေဇာမင်းကြီးအား နိုင်ငံတော်နှင့်တကွ ဘုန်းတန်ခိုး၊ ဂုဏ်သရေ၊ ခန့်ညားထည်ဝါမှုတို့ကို ပေးတော်မူ၏။
ပထမသားရဲသည် ခြင်္သေ့နှင့်တူ၍ လင်းယုန်အတောင်ပါရှိ၏။ ငါကြည့်နေစဉ် အတောင်ပံတို့သည် နုတ်ပစ်ခြင်းခံရ၏။ မြေပေါ်မှ ထူမလိုက်သောအခါ လူကဲ့သို့ခြေနှစ်ချောင်းဖြင့် ရပ်၏။ သူ့အား လူ့စိတ်ကို သွင်းပေးထား၏။