သင်သည် ဘေဘီလုံဘုရင်အား “ညှဉ်းဆဲတတ်သောသူသည် အဆုံးသတ်လေပြီတကား။ သူ၏ဒေါသမီးသည်လည်း ချုပ်ငြိမ်းလေပြီတကား”ဟု ပြောင်လှောင်သောစကားကိုဆိုလိမ့်မည်။
ဒံယေလ 2:32 - မြန်မာ့စံမီသမ္မာကျမ်း ထိုရုပ်တု၏ဦးခေါင်းမှာ ရွှေစင်၊ ရင်ဘတ်နှင့်လက်မောင်းမှာ ငွေ၊ ဗိုက်နှင့်ပေါင်မှာ ကြေးနီ၊ Common Language Bible ထိုရုပ်တုကြီး၏ဦးခေါင်းသည်ရွှေစင်ဖြင့် ပြီးပါ၏။ ရင်ဘတ်နှင့်လက်နှစ်ဖက်ကိုငွေ ဖြင့်လုပ်ထားပြီးလျှင် ဝမ်းနှင့်ပေါင်တို့ကို ကြေးဝါဖြင့်ပြုလုပ်ထားလေသည်။- Garrad Bible ထို အ ရုပ် သည် ဦး ခေါင်း ကား ရွှေ စင်၊ ရင် နှင့် လက် ကား ငွေ၊ ဝမ်း နှင့် ပေါင် ကား ကြေး၊ Judson Bible သူ၏ ဦးခေါင်းသည် ရွှေစင်ဖြစ်၏။ ရင်ပတ်နှင့် လက်နှစ်ဖက်သည် ငွေဖြစ်၏။ |
သင်သည် ဘေဘီလုံဘုရင်အား “ညှဉ်းဆဲတတ်သောသူသည် အဆုံးသတ်လေပြီတကား။ သူ၏ဒေါသမီးသည်လည်း ချုပ်ငြိမ်းလေပြီတကား”ဟု ပြောင်လှောင်သောစကားကိုဆိုလိမ့်မည်။
ဘေဘီလုံမြို့သည် ထာဝရဘုရား၏လက်တော်၌ကိုင်ထားသော ရွှေဖလားဖြစ်၏။ မြေတစ်ပြင်လုံးကို ယစ်မူးစေ၏။ လူမျိုးတကာတို့သည် ထိုဖလားမှစပျစ်ဝိုင်ကိုသောက်ကြသဖြင့် မူးရူးသောလူမျိုးများ ဖြစ်ကြလေပြီ။
အရှင်မင်းကြီးပင် ဖြစ်၏။ အရှင်သည် တိုးပွားချမ်းသာ၍ အင်အားကြီးမားပါ၏။ အရှင်၏ဘုန်းတန်ခိုးသည် မိုးထိအောင် ရောက်ပါ၏။ အာဏာစက်သည်လည်း မြေကြီးစွန်းထိ ရောက်ပါ၏။
“ဤဘေဘီလုံမြို့ကြီးသည် ငါ၏ခန့်ညားသောဂုဏ်သရေကို ထင်ဟပ်ပြရာ မင်းမြို့တော်အဖြစ် ငါ့အစွမ်းသတ္တိ၊ ငါ့တန်ခိုးအာဏာဖြင့် တည်ဆောက်ခဲ့သောမြို့ကြီးဖြစ်သည် မဟုတ်လော”ဟု မြွက်ဆို၏။
‘ဖေရက်’ ဟူသည်မှာ အရှင်မင်းကြီး၏နိုင်ငံကို ခွဲပြီး မေဒိနှင့် ပါးရှားလူမျိုးတို့အား ပေးတော်မူပြီဟူ၍ အနက်ရ၏”ဟု ရှင်ဘုရင်ရှေ့၌ လျှောက်ထားလေ၏။
ထိုမိန်းမသည် ခရမ်းရောင်နှင့် နီမြန်းသောအရောင်တို့ကို ဝတ်ဆင်ထားလျက် ရွှေ၊ ကျောက်မျက်ရတနာနှင့် ပုလဲတို့ဖြင့် တန်ဆာဆင်ထားကာ သူ၏လက်၌ ရွံရှာဖွယ်ရာများနှင့် မိမိ၏တရားနှင့်မညီမေထုန်ပြုခြင်း၏ညစ်ညူးသောအရာများဖြင့်ပြည့်နေသော ရွှေခွက်ကို ကိုင်ထား၏။