သူ့ရှေ့မှာပင် စစ်သည်အလုံးအရင်းနှင့်အတူ မဟာမိတ်မင်းသည်လည်း ရေလွှမ်းမိုးသကဲ့သို့ တိုက်စားသွားခြင်းခံရ၍ ပျက်စီးသွားရလိမ့်မည်။
ဒံယေလ 11:28 - မြန်မာ့စံမီသမ္မာကျမ်း မြောက်ဘုရင်သည် မိမိပြည်သို့ ဥစ္စာများစွာပိုက်လျက် ပြန်သွားလိမ့်မည်။ သူသည် သန့်ရှင်းသောပဋိညာဉ်ကို ဆန့်ကျင်လိုသည့်စိတ်ရှိသည့်အတိုင်း မိမိအလိုကျပြုပြီးမှ နေရင်းပြည်သို့ ပြန်သွားလိမ့်မည်။ Common Language Bible ဆီးရီးယားဘုရင်သည်ဘုရားသခင်၏ လူမျိုးတော်ကိုးကွယ်သည့်ဘာသာကို ဖျက်ဆီးရန်သန္နိဋ္ဌာန်ပြုကာ စစ်ပွဲတွင်သိမ်း ဆည်းရရှိထားသည့်ဥစ္စာပစ္စည်းများကိုယူ ၍ပြန်လိမ့်မည်။ သူသည်မိမိ၏အလိုဆန္ဒ ရှိသည်အတိုင်းပြုပြီးနောက်မိမိ၏ပြည် သို့ပြန်လိမ့်မည်။ Garrad Bible တစ် ဖန် မြောက် ဘု ရင် သည် များ စွာ သော ဥ စ္စာ ပ စ္စည်း နှင့် တ ကွ နေ ရင်း ပြည် သို့ ပြန် သွား လျက် သန့် ရှင်း သော ပ ဋိ ညာဉ် တ ရား တော် ကို နှ လုံး နာ သည့် အ တိုင်း ပြု ပြီး မှ ထို ပြည် သို့ ပြန် ရောက် လိမ့် မည်။ Judson Bible တစ်ဖန် မြောက်ရှင်ဘုရင်သည် များစွာသော စည်းစိမ်ဥစ္စာပါလျက် မိမိပြည်သို့ ပြန်၍သွားစဉ်တွင်၊ သန့်ရှင်းသော ပဋိညာဉ်တရားကို မနာလိုသောစိတ်ရှိသည်အတိုင်း ပြုပြီးမှ မိမိပြည်သို့ ပြန်သွားလိမ့်မည်။ |
သူ့ရှေ့မှာပင် စစ်သည်အလုံးအရင်းနှင့်အတူ မဟာမိတ်မင်းသည်လည်း ရေလွှမ်းမိုးသကဲ့သို့ တိုက်စားသွားခြင်းခံရ၍ ပျက်စီးသွားရလိမ့်မည်။
ထိုဘုရင်နှစ်ပါးစလုံးသည် မကောင်းမှုကိုပြုလိုသောစိတ်ရှိကြ၏။ သူတို့သည် စားပွဲတစ်ခုတည်းတွင် အတူထိုင်၍ မုသားစကားပြောဆိုကြလိမ့်မည်။ သို့သော် အဆုံးအတွက် သတ်မှတ်ထားသောအချိန်မရောက်သေးသောကြောင့် အောင်မြင်လိမ့်မည်မဟုတ်။
အချိန်တန်လျှင် သူသည် တောင်အရပ်သို့ တစ်ဖန်လာဦးမည်။ သို့သော် ယခုတစ်ကြိမ်လာခြင်းသည် ယခင်တစ်ကြိမ်ကဲ့သို့ ဖြစ်မည်မဟုတ်။
ဗိုလ်ခြေတို့သည် ကျူးလွန်သောအပြစ်ကြောင့် ပုံမှန်ပူဇော်သက္ကာနှင့်တကွ သူ့လက်သို့အပ်နှံခြင်းခံရလေ၏။ ထိုချိုသည် သမ္မာတရားကိုမြေကြီးပေါ်သို့ပစ်ချလေ၏။ သူပြုသောအမှုသည် အောင်မြင်၏။
သူသည် ကိုယ့်အစွမ်းမဟုတ်ဘဲ ခွန်အားကြီးလာပြီး ကြောက်မက်ဖွယ်လိုက်လံဖျက်ဆီးလိမ့်မည်။ ပြုလေသမျှတို့လည်း အောင်မြင်လိမ့်မည်။ အားကြီးသောသူများ၊ သန့်ရှင်းသောလူမျိုးတော်များကိုပင် ဖျက်ဆီးပစ်လိမ့်မည်။
သင်တို့သည် ပရောဖက်တို့၏သားမြေးများဖြစ်ကြသည်သာမက ဘုရားသခင်သည် အာဗြဟံအား ‘ကမ္ဘာပေါ်ရှိလူမျိုးစုအပေါင်းတို့သည် သင်၏အမျိုးအနွယ်အားဖြင့် ကောင်းချီးမင်္ဂလာခံစားရလိမ့်မည်’ဟု မိန့်တော်မူလျက် သင်တို့၏ဘိုးဘေးများနှင့်ပြုခဲ့သော ပဋိညာဉ်၏သားမြေးများလည်းဖြစ်ကြ၏။