သို့သော် ယာကုပ်၏သားတို့သည် သူတို့၏နှမဒိနကို ညစ်ညူးအောင် ရှေခင်ပြုခဲ့သောကြောင့် ရှေခင်နှင့်သူ၏ဖခင်ဟာမော်အား တစ်ဖက်လှည့်ဖြင့် ပြန်ပြောကြ၏။
ဒံယေလ 11:23 - မြန်မာ့စံမီသမ္မာကျမ်း သူသည် မဟာမိတ်ဖွဲ့ပြီးမှ သူနှင့်မဟာမိတ်ဖွဲ့သောသူကို လိမ်လည်လှည့်စားမည်။ စစ်ချီတိုက်ခိုက်မည်။ လူနည်းစုဖြင့် အားကြီးလာလိမ့်မည်။ Common Language Bible ထိုမင်းသည်ကတိစာချုပ်များချုပ်ဆို၍ အခြားနိုင်ငံတို့ကိုလိမ်လည်လှည့်စားလိမ့် မည်။ သူသည်သေးငယ်သောနိုင်ငံကိုအုပ်စိုး ရသော်လည်း တန်ခိုးကြီးမားသည်ထက် ကြီးမား၍လာလိမ့်မည်။- Garrad Bible ပ ဋိ ညာဉ် ဖွဲ့ ပြီး မှ ထို ဘု ရင် သည် လိမ် လည် စွာ ပြု သ ဖြင့် ချီ တက်၍ လူ အ နည်း ငယ် ပါ သော် လည်း တန် ခိုး ကြီး လိမ့် မည်။ Judson Bible အကြောင်းမူကား၊ မိတ်သဟာယပြုသောမင်းသည် သစ္စာပျက်သဖြင့်၊ တက်လာ၍ လူအနည်းငယ်မျှ ပါသော်လည်း တန်ခိုးကြီးလိမ့်မည်။ |
သို့သော် ယာကုပ်၏သားတို့သည် သူတို့၏နှမဒိနကို ညစ်ညူးအောင် ရှေခင်ပြုခဲ့သောကြောင့် ရှေခင်နှင့်သူ၏ဖခင်ဟာမော်အား တစ်ဖက်လှည့်ဖြင့် ပြန်ပြောကြ၏။
အို လိမ်လည်ကောက်ကျစ်မှုကိုပြုသောသူ၊ သင်၏လျှာသည် ထက်သောသင်တုန်းဓားကဲ့သို့ ပျက်စီးခြင်းဘေးများကို ကြံစည်တတ်၏။
ဆိုးယုတ်သောသူသည် လှည့်ဖြားသောအဖိုးအခကိုရတတ်၏။ ဖြောင့်မတ်ခြင်းမျိုးစေ့ကိုကြဲသောသူမူကား မှန်ကန်သောအကျိုးကိုရတတ်၏။
သူ့ရှေ့မှာပင် စစ်သည်အလုံးအရင်းနှင့်အတူ မဟာမိတ်မင်းသည်လည်း ရေလွှမ်းမိုးသကဲ့သို့ တိုက်စားသွားခြင်းခံရ၍ ပျက်စီးသွားရလိမ့်မည်။
ငြိမ်းချမ်းသောကာလတွင် သူသည် ချမ်းသာကြွယ်ဝသောနိုင်ငံကြီးကို ဝင်တိုက်လိမ့်မည်။ သူ၏ဘိုးဘေးများနှင့် ဘိုးဘေးတို့၏ဘိုးဘေးများပင် မပြုသောအမှုကို သူပြုလိမ့်မည်။ တိုက်ခိုက်သိမ်းပိုက်ထားသောဥစ္စာပစ္စည်းတို့ကို ခွဲဝေပေးလိမ့်မည်။ ခံတပ်မြို့တို့ကို လုပ်ကြံသိမ်းယူလိမ့်မည်။ သို့သော် တစ်ခဏသာ ဖြစ်လိမ့်မည်။
သူသည် ကိုယ့်အစွမ်းမဟုတ်ဘဲ ခွန်အားကြီးလာပြီး ကြောက်မက်ဖွယ်လိုက်လံဖျက်ဆီးလိမ့်မည်။ ပြုလေသမျှတို့လည်း အောင်မြင်လိမ့်မည်။ အားကြီးသောသူများ၊ သန့်ရှင်းသောလူမျိုးတော်များကိုပင် ဖျက်ဆီးပစ်လိမ့်မည်။
သူ့လက်ထက်တွင် ဉာဏ်နီဉာဏ်နက်သုံးပြီး လှည့်စားအောင်နိုင်လိမ့်မည်။ ကိုယ့်ကိုယ်ကိုယ်မြှောက်ပင့်လျက် လုံခြုံစိတ်ချစွာနေနေကြသော လူအများကို လိုက်လံဖျက်ဆီးလိမ့်မည်။ သခင်တကာတို့၏သခင်ကိုပင် ဆန့်ကျင်လိမ့်မည်။ သို့သော် လူ့လက်ဖြင့်မဟုတ်ဘဲ ပျက်စီးခြင်းသို့ရောက်ရလိမ့်မည်။
သူတို့သည် အလုံးစုံသော မတရားမှု၊ ဆိုးညစ်မှု၊ လောဘလွန်ကျူးမှုနှင့် မကောင်းမှုတို့ဖြင့် ပြည့်ဝလျက်ရှိကြပြီး မလိုမုန်းထားခြင်း၊ လူသတ်ခြင်း၊ ပဋိပက္ခဖြစ်ခြင်း၊ စဉ်းလဲခြင်း၊ ရန်ငြိုးဖွဲ့ခြင်းတို့ဖြင့် ပြည့်နှက်ကြကာ အတင်းအဖျင်းပြောဆိုသောသူ၊
သို့သော် မြွေသည် မိမိ၏ပရိယာယ်အားဖြင့် ဧဝကိုလှည့်ဖြားသကဲ့သို့ အကြောင်းတစ်စုံတစ်ခုကြောင့် သင်တို့၏စိတ်နှလုံးသည် ခရစ်တော်အပေါ်၌ထားရှိသော ရိုးသားဖြူစင်ခြင်းမှသွေဖည်သွားမည်ကို ငါစိုးရိမ်၏။
တရားမဲ့သောသူသည် စာတန်၏လုပ်ဆောင်မှုအားဖြင့် ရောက်ရှိလာမည်ဖြစ်၍ အမျိုးမျိုးသောတန်ခိုး၊ နိမိတ်လက္ခဏာများ၊ မုသားနှင့်ဆိုင်သောအံ့ဩဖွယ်ရာများဖြင့်လည်းကောင်း၊