ယောယကိမ်နန်းတက်သောအခါ သက်တော်နှစ်ဆယ့်ငါးနှစ်ရှိပြီး ဂျေရုဆလင်မြို့တွင် တစ်ဆယ့်တစ်နှစ်စိုးစံ၏။ မယ်တော်ကား ရုမာမြို့သားပေဒါယ၏သမီး ဇေဗုဒအမည်ရှိ၏။
ဒံယေလ 1:1 - မြန်မာ့စံမီသမ္မာကျမ်း ယုဒဘုရင်ယောယကိမ်မင်းကြီး နန်းစံတတိယနှစ်တွင် ဘေဘီလုံဘုရင် နေဗုခဒ်နေဇာမင်းကြီးသည် ဂျေရုဆလင်မြို့သို့ ချီတက်၍ မြို့ကိုဝိုင်းထား၏။ Common Language Bible ယုဒဘုရင်ယောယကိမ်နန်းစံသုံးနှစ်မြောက်၌ ဗာဗုလုန်ဘုရင်နေဗုခဒ်နေဇာသည်ယေရုရှလင်မြို့သို့ချီတက်ဝိုင်းရံထား၏။- Garrad Bible ယု ဒ ဘု ရင် ယော ယ ကိမ် မင်း နန်း စံ သုံး နှစ် တွင်၊ ဗာ ဗု လုန် ဘု ရင် နေ ဗု ခဒ် နေ ဇာ မင်း သည် ယေ ရု ရှ လင် မြို့ သို့ ချီ တက် ဝန်း ဝိုင်း ထား ရာ၊ Judson Bible ယုဒရှင်ဘုရင်ယောယကိမ် နန်းစံသုံးနှစ်တွင်၊ ဗာဗုလုန်ရှင်ဘုရင် နေဗုခဒ်နေဇာသည် ယေရုရှလင်မြို့သို့ ချီလာ၍ ဝန်းရံလေ၏။ |
ယောယကိမ်နန်းတက်သောအခါ သက်တော်နှစ်ဆယ့်ငါးနှစ်ရှိပြီး ဂျေရုဆလင်မြို့တွင် တစ်ဆယ့်တစ်နှစ်စိုးစံ၏။ မယ်တော်ကား ရုမာမြို့သားပေဒါယ၏သမီး ဇေဗုဒအမည်ရှိ၏။
ထာဝရဘုရား မိန့်တော်မူခဲ့သည့်အတိုင်းပင် ထာဝရဘုရား၏အိမ်တော်ဘဏ္ဍာတိုက်နှင့် ဘုရင့်နန်းတော်ဘဏ္ဍာတိုက်တို့မှ ရှိသမျှကို ယူဆောင်သွား၏။ ထာဝရဘုရား၏ဗိမာန်တော်ရှိ အစ္စရေးဘုရင်ရှောလမုန်မင်းကြီးပြုလုပ်ထားခဲ့သော ရွှေအသုံးအဆောင်အားလုံးကိုလည်း ချိုးဖဲ့ဖျက်ဆီး၍ယူဆောင်သွားလေ၏။
သင်မှဆင်းသက်၍ သင်ရသောသားသမီးအချို့တို့ကိုလည်း ဖမ်းဆီးသွားလိမ့်မည်။ သူတို့သည် ဘေဘီလုံဘုရင်၏နန်းတော်၌ မိန်းမစိုးများဖြစ်ရကြလိမ့်မည်”ဟု ဆင့်ဆိုလေ၏။
ယောရှိမင်းကြီး၏သားတော် ယုဒဘုရင်ယောယကိမ်မင်းကြီး နန်းစံလေးနှစ်၊ ဘေဘီလုံဘုရင်နေဗုခဒ်နေဇာမင်းကြီးနန်းစံ ပထမနှစ်တွင် ယုဒပြည်သူပြည်သားအားလုံးနှင့်ပတ်သက်၍ ယေရမိထံသို့ရောက်လာသော နှုတ်ကပတ်တော်ကား ဤသို့ဖြစ်၏။
ယောရှိမင်းကြီး၏သားတော် ယုဒဘုရင်ယောယကိမ်မင်းကြီးအုပ်စိုးချိန်တွင် ထာဝရဘုရား၏နှုတ်ကပတ်တော်သည် ယေရမိထံသို့ ရောက်လာ၍
ဘေဘီလုံဘုရင် နေဗုခဒ်နေဇာမင်းကြီးသည် ဤပြည်ကို လာတိုက်သောအခါ အကျွန်ုပ်တို့က ‘ခါလဒဲစစ်သည်၊ ဆီးရီးယားစစ်သည်တို့၏ရန်ကြောင့် ဂျေရုဆလင်မြို့သို့သွားမည်’ဟု ဆိုလျက် ဂျေရုဆလင်မြို့သို့ သွားရောက်နေထိုင်ကြပါသည်”ဟူ၍ ပြန်လည်ပြောဆိုလေ၏။
ယောရှိမင်းကြီး၏သား ယုဒဘုရင်ယောယကိမ်မင်းကြီးနန်းစံလေးနှစ်တွင် ထာဝရဘုရား၏နှုတ်ကပတ်တော်သည် ယေရမိထံသို့ရောက်လာ၍
ယောရှိမင်းကြီး၏သားတော် ယုဒဘုရင်ယောယကိမ်မင်းကြီး နန်းစံစတုတ္ထနှစ်၌ နေရိ၏သားဗာရုတ်သည် ယေရမိနှုတ်မှခေါ်ပေးသည့်နှုတ်ကပတ်တော်များကို စာလိပ်ပေါ်၌ရေးသားပြီးသည့်နောက် ပရောဖက်ယေရမိက
ခါလဒဲပြည်၊ ဘေဘီလုံမြို့နှင့်ပတ်သက်၍ ထာဝရဘုရား၏နှုတ်ကပတ်တော်သည် ပရောဖက်ယေရမိထံသို့ ရောက်လာ၏။
ဘေဘီလုံဘုရင်နေဗုခဒ်နေဇာမင်းကြီး နန်းစံတစ်ဆယ့်ကိုးနှစ်၊ ပဉ္စမလ၊ ဆယ်ရက်နေ့၌ ဘေဘီလုံဘုရင်ထံပါး၌ခစားသော ကိုယ်ရံတော်မှူးနေဗုဇာရဒန်သည် ဂျေရုဆလင်မြို့သို့ ရောက်လာ၏။
နေဗုခဒ်နေဇာမင်းကြီး ဖမ်းခေါ်သွားသော ဂျူးလူမျိုး အရေအတွက်ကား ဤသို့ဖြစ်၏။ နေဗုခဒ်နေဇာမင်းကြီး နန်းစံခုနစ်နှစ်တွင် သုံးထောင်နှစ်ဆယ့်သုံးယောက်၊
ဤသို့ဖြင့် ဒံယေလကို အထံတော်သို့ ခေါ်ဆောင်လာရာ ရှင်ဘုရင်က ဒံယေလအား “သင်သည် ငါ့ခမည်းတော် ယုဒပြည်မှခေါ်ဆောင်လာသောယုဒသုံ့ပန်း ဒံယေလလော။