ထိုနောက်ပိုင်းတွင် ဆီးရီးယားဘုရင် ဗင်္ဟာဒဒ်မင်းကြီးသည် သူ၏စစ်သည်အပေါင်းတို့ကိုစုဆောင်းပြီး စစ်ချီလာ၍ ရှမာရိမြို့ကို ဝိုင်းထား၏။
ဒေသနာကျမ်း။ 9:14 - မြန်မာ့စံမီသမ္မာကျမ်း လူအနည်းငယ်သာရှိသောမြို့ငယ်တစ်မြို့ရှိ၏။ ကြီးမြတ်သောရှင်ဘုရင်တစ်ပါးသည် ထိုမြို့ကိုတိုက်ရန် ချီတက်လာ၍ ထိုမြို့ကိုဝိုင်းရံထားကာ မြို့ပတ်လည်၌ ကြီးမားသောကတုတ်ကို တည်ဆောက်လေ၏။ Common Language Bible မြို့သားနည်းသောမြို့ငယ်တမြို့ရှိ၏။ ကြီးသော ရှင်ဘုရင်တပါးသည်လာ၍၊ ထိုမြို့ပြင်မှာ ကြီးစွာသော တပ်တို့ကို တည်၍ဝိုင်းထား၏။ Garrad Bible ကြီး မြင့် သော ဘု ရင် တစ် ပါး သည် ချီ လာ ပြီး လျှင်၊ ထို မြို့ ပတ် ဝန်း ကျင်၌ ခိုင် ခံ့ စွာ က တုတ် တည် ထား ရာ၊ Judson Bible မြို့သားနည်းသော မြို့ငယ်တစ်မြို့ရှိ၏။ ကြီးသော ရှင်ဘုရင်တစ်ပါးသည်လာ၍၊ ထိုမြို့ပြင်မှာ ကြီးစွာသောတပ်တို့ကို တည်၍ ဝိုင်းထား၏။ |
ထိုနောက်ပိုင်းတွင် ဆီးရီးယားဘုရင် ဗင်္ဟာဒဒ်မင်းကြီးသည် သူ၏စစ်သည်အပေါင်းတို့ကိုစုဆောင်းပြီး စစ်ချီလာ၍ ရှမာရိမြို့ကို ဝိုင်းထား၏။
တစ်ဖန် ဉာဏ်ပညာနှင့်ဆိုင်သော ဤဥပမာတစ်ခုကို နေအောက်တွင် ငါတွေ့မြင်၏။ ၎င်းသည် ငါ့အတွက်ကြီးမားသောအရာဖြစ်၏။
အကြောင်းမူကား သင်၏ရန်သူတို့သည် ကတုတ်တည်၍ သင့်ကိုဝိုင်းရံလျက် အဘက်ဘက်မှ သင့်ကိုပိတ်ဆို့ထားကာ
သင်ဝိုင်းထားသောမြို့ကျရှုံးသည်အထိ တိုက်ခိုက်ရာတွင် သီးစားပင်မဟုတ်ဟု သင်သိသည့်အပင်ကို ခုတ်လှဲ၍ ကတုတ်တည်ဆောက်နိုင်၏။