သို့ရာတွင် ရှင်ဘုရင်၏အမိန့်တော်သည် ယွာဘနှင့် စစ်သူကြီးတို့ကို လွှမ်းမိုးနိုင်သဖြင့် ယွာဘနှင့် စစ်သူကြီးတို့သည် အစ္စရေးလူမျိုးတို့ကို စာရင်းယူရန် ရှင်ဘုရင်ထံမှ ထွက်သွားကြလေ၏။
ဒေသနာကျမ်း။ 8:4 - မြန်မာ့စံမီသမ္မာကျမ်း ရှင်ဘုရင်၏အမိန့်၌ အခွင့်အာဏာရှိ၏။ “သင်ဘာလုပ်နေသနည်း”ဟု သူ့ကိုမည်သူပြောနိုင်သနည်း။ Common Language Bible ရှင်ဘုရင်အမိန့်တော်၌ တန်ခိုးပါ၏။ ကိုယ် တော်သည် အဘယ်သို့ပြုသနည်းဟု အဘယ်သူဆိုရာ သနည်း။ Judson Bible ရှင်ဘုရင်အမိန့်တော်၌ တန်ခိုးပါ၏။ ကိုယ်တော်သည် အဘယ်သို့ပြုသနည်းဟု အဘယ်သူ ဆိုရာသနည်း။ |
သို့ရာတွင် ရှင်ဘုရင်၏အမိန့်တော်သည် ယွာဘနှင့် စစ်သူကြီးတို့ကို လွှမ်းမိုးနိုင်သဖြင့် ယွာဘနှင့် စစ်သူကြီးတို့သည် အစ္စရေးလူမျိုးတို့ကို စာရင်းယူရန် ရှင်ဘုရင်ထံမှ ထွက်သွားကြလေ၏။
‘သင့်သားရှောလမုန်သည် ငါ့နန်းမွေကို ဆက်ခံရမည်။ ငါ့ရာဇပလ္လင်၊ ငါ့နေရာတွင် စံမြန်းရမည်’ဟု အစ္စရေးလူမျိုး၏ဘုရားသခင် ထာဝရဘုရားကို တိုင်တည်ကျိန်ဆိုခဲ့သည့်အတိုင်း ယနေ့တွင် ဤအမှုကို ငါပြုမည်”ဟု မိန့်တော်မူ၏။
ထို့နောက် ရှောလမုန်မင်းကြီးသည် ယောယဒ၏သား ဗေနာယကိုစေလွှတ်၍ အဒေါနိယကို ကွပ်မျက်စေသဖြင့် သူသေလေ၏။
ထို့နောက် ရှင်ဘုရင်သည် ယောယဒ၏သားဗေနာယကို အမိန့်ပေးသဖြင့် ဗေနာယသည် သွား၍ ရှိမိအားကွပ်မျက်သဖြင့် သူသေလေ၏။ ဤသို့ဖြင့် ရှောလမုန်မင်းကြီးလက်ထက်တွင် နိုင်ငံတော်တည်မြဲလေ၏။
ထိုအခါ ယူဖရေးတီးမြစ်အနောက်ဘက်ကမ်း၏ဘုရင်ခံ တာတနဲ၊ ရှေသာဗောဇနဲနှင့် အပေါင်းပါတို့သည်လည်း ဒါရိမင်းကြီး၏အမိန့်တော်အတိုင်း ချက်ချင်းလုပ်ဆောင်လေ၏။
ကိုယ်တော်သိမ်းယူတော်မူလျှင် မည်သူတားနိုင်သနည်း။ ‘မည်သို့ပြုတော်မူသနည်း’ဟု ကိုယ်တော်အား မည်သူမေးလျှောက်ဝံ့သနည်း။
ထို့ကြောင့် အီဂျစ်ဘုရင်သည် ဝမ်းဆွဲတို့ကိုခေါ်၍ “သင်တို့သည် အဘယ်ကြောင့် ဤအမှုကိုပြုကြသနည်း။ အဘယ်ကြောင့် ယောက်ျားလေးများကို အသက်ချမ်းသာပေးကြသနည်း”ဟု သူတို့အား မေးလေ၏။
ရှင်ဘုရင်၏အမျက်ဒေါသသည် ခြင်္သေ့ပျိုဟောက်သကဲ့သို့ဖြစ်၏။ သူ၏ကျေးဇူးပြုခြင်းမူကား မြက်ပင်ပေါ်မှနှင်းစက်ကဲ့သို့ဖြစ်၏။
ရှင်ဘုရင်နှင့်ဆိုင်သော ကြောက်ရွံ့ထိတ်လန့်ဖွယ်သောအရာသည် ခြင်္သေ့ပျိုဟောက်သကဲ့သို့ဖြစ်၏။ သူ့ကိုအမျက်ထွက်စေသောသူသည် မိမိအသက်ကိုဆုံးရှုံးရတတ်၏။
ဟန်ပါမာန်ပါလျှောက်တတ်သောကြက်ဖ၊ သို့မဟုတ် ဆိတ်ထီး၊ စစ်သည်အလုံးအရင်းခြံရံထားသော ရှင်ဘုရင်တို့ဖြစ်ကြ၏။
ယခု သင်တို့သည် တံပိုး၊ ပလွေ၊ ဒုံမင်း၊ စောင်းကောက်၊ စောင်းပြား၊ အိတ်ပလွေမှစ၍ တူရိယာအမျိုးမျိုးတို့တီးမှုတ်သံကိုကြားလျှင် ငါတည်ထားသောရုပ်တုကို ပျပ်ဝပ်ရှိခိုးရန် အသင့်ရှိရမည်။ သင်တို့မရှိခိုးပါက မီးတောက်လောင်နေသောမီးပြင်းဖိုထဲသို့ ချက်ချင်းပစ်ချခြင်းခံရမည်။ သင်တို့ကို ငါ့လက်မှ မည်သည့်ဘုရားက ကယ်တင်မည်နည်း”ဟု မိန့်တော်မူ၏။
မြေကြီးသားတို့ကို ဘာမျှမဟုတ်သောအရာကဲ့သို့ မှတ်တော်မူ၏။ ကောင်းကင်သားကိုဖြစ်စေ၊ မြေကြီးသားကိုဖြစ်စေ အလိုရှိသည့်အတိုင်း ပြုတော်မူ၏။ ကိုယ်တော်၏လက်တော်ကို ဆီးတားနိုင်သောသူမရှိ။ “ကိုယ်တော် မည်သို့ပြုဘိသနည်း”ဟု ဆိုနိုင်သောသူမရှိ။
သို့သော် အချင်းလူ၊ သင်သည် မည်သူဖြစ်၍ ဘုရားသခင်ကို ပြန်ခံပြောဆိုသနည်း။ ပုံသွင်းခံရသောအရာသည် ပုံသွင်းပေးသောသူအား “အဘယ်ကြောင့် ငါ့ကို ဤသို့ပြုလုပ်ခဲ့သနည်း”ဟု ပြောဆိုနိုင်ပါမည်လော။