ထာဝရဘုရားသည် နေ့အချိန်၌ မိမိ၏မေတ္တာကရုဏာတော်ကို ပြတော်မူသည်ဖြစ်၍ ညအချိန်၌ ငါ့အသက်၏အရှင်၊ ဘုရားသခင်ထံ ငါဆုတောင်း၏။ ကိုယ်တော်အား ချီးမွမ်းသောသီချင်းကို ငါသီဆို၏။
ဒေသနာကျမ်း။ 8:15 - မြန်မာ့စံမီသမ္မာကျမ်း သို့ဖြစ်၍ ပျော်ရွှင်မှုကိုငါထောမနာပြု၏။ အဘယ်ကြောင့်ဆိုသော် နေအောက်တွင် စားလျက်၊ သောက်လျက်၊ ဝမ်းမြောက်လျက်နေခြင်းထက် လူ့အတွက်ကောင်းသည့်အရာမရှိ။ ဤသည်ကား နေအောက်တွင် လူကိုဘုရားသခင်ပေးတော်မူသော အသက်တာ၏နေ့ရက်ကာလများ၌ လူ၏ကြိုးပမ်းအားထုတ်မှုထဲတွင် သူနှင့်အတူလိုက်ပါလာသောအရာဖြစ်၏။ Common Language Bible ထိုအခါ ပျော်မွေ့ခြင်းအမှုကို ငါချီးမွမ်း၏။ အကြောင်းမူကား၊ လူသည်နေအောက်မှာ စားသောက် ခြင်း၊ ပျော်မွေ့ခြင်းအမှု ထက်သာ၍ ကောင်းသောအမှု မရှိ။ နေအောက်မှာ ဘုရားသခင် ပေးသနားတော်မူသော အသက်ကာလ၌၊ ကြိုးစားအားထုတ်၍ ရသောအကျိုး တို့တွင်၊ ထိုအကျိုးကိုသာ အမြဲခံရ၏။ Garrad Bible ထို အ ခါ၊ စား သောက်၍ ရွှင် လန်း သည် ထက်၊ လူ တို့၌ ကောင်း မြတ် သော အ ရာ တစ် စုံ တစ် ခု မျှ နေ အောက် တွင် မ ရှိ သော ကြောင့် လည်း ကောင်း၊ ထို သို့ သော အ ရာ သည်၊ ဘု ရား သ ခင် ပေး တော် မူ သည့် အ တိုင်း၊ နေ အောက် တွင် လုပ် ကိုင် ရန် အ သက် တာ၌ တည် မြဲ မည် ဖြစ် သော ကြောင့် လည်း ကောင်း၊ ရွှင် လန်း ခြင်း ကို ကောင်း လေ စွ ဟု ငါ ဆို ၏။ Judson Bible ထိုအခါ ပျော်မွေ့ခြင်းအမှုကို ငါချီးမွမ်း၏။ အကြောင်းမူကား၊ လူသည်နေအောက်မှာ စားသောက်ခြင်း၊ ပျော်မွေ့ခြင်းအမှုထက် သာ၍ကောင်းသောအမှု မရှိ။ နေအောက်မှာ ဘုရားသခင် ပေးသနားတော်မူသောအသက်ကာလ၌၊ ကြိုးစားအားထုတ်၍ရသော အကျိုးတို့တွင်၊ ထိုအကျိုးကိုသာ အမြဲခံရ၏။ |
ထာဝရဘုရားသည် နေ့အချိန်၌ မိမိ၏မေတ္တာကရုဏာတော်ကို ပြတော်မူသည်ဖြစ်၍ ညအချိန်၌ ငါ့အသက်၏အရှင်၊ ဘုရားသခင်ထံ ငါဆုတောင်း၏။ ကိုယ်တော်အား ချီးမွမ်းသောသီချင်းကို ငါသီဆို၏။
ငါသည် ငါ့စိတ်နှလုံးအား “ယခုလာလော့။ အပျော်အပါးအားဖြင့် သင့်ကို ငါစမ်းသပ်မည်။ ကောင်းသောအရာကိုလည်း ခံစားသိရှိလော့”ဟု မြွက်ဆို၏။ သို့ရာတွင် ကြည့်ရှုလော့။ ထိုအမှုအရာသည်လည်း အချည်းနှီးဖြစ်၏။
ငါသည် ငါ့မျက်စိလိုချင်တပ်မက်သောအရာတစ်စုံတစ်ခုကိုမျှမငြင်း။ ငါ့စိတ်နှလုံးကိုလည်း အပျော်အပါးရှိသမျှကို ခံစားခွင့်ပေးထား၏။ အမှန်စင်စစ် ငါ၏စိတ်နှလုံးသည် ငါ၏ကြိုးပမ်းအားထုတ်မှုအားလုံး၌ ဝမ်းမြောက်၏။ ဤသည်ကား ငါ၏ကြိုးပမ်းအားထုတ်မှုအားလုံးအတွက် ငါရရှိသောဝေစုဖြစ်၏။
လူသည် စားလျက်၊ သောက်လျက်၊ မိမိ၏ကြိုးပမ်းအားထုတ်မှုအပေါ် စိတ်ကျေနပ်အားရလျက်နေခြင်းမှတစ်ပါး သူ့အတွက်အခြားကောင်းသောအရာမရှိ။ ထိုအရာသည်လည်း ဘုရားသခင်၏လက်တော်မှလာသည်ကို ငါတွေ့မြင်၏။
လူသားတို့သည် မိမိတို့၏အနည်းငယ်သော အသက်တာနေ့ရက်များ၌ မိုးကောင်းကင်အောက်တွင် မည်သည့်အရာပြုကောင်းသည်ကို ငါမြင်ရသည်အထိ ငါ့စိတ်နှလုံးကို ဉာဏ်ပညာဖြင့်ဦးဆောင်ရင်း မိုက်မဲသောအမှု၌ကျင်လည်၍ ငါ့ကိုယ်ခန္ဓာကိုစပျစ်ဝိုင်ဖြင့်အားတက်စေမည်ဟု ငါ့စိတ်နှလုံးထဲတွင် ငါကြံစည်၏။
သို့ဖြစ်၍ လူသည် မိမိပြုလုပ်သောအမှု၌ ဝမ်းမြောက်ခြင်းမှတစ်ပါး အခြားကောင်းသောအရာမရှိကြောင်း ငါတွေ့မြင်၏။ အကြောင်းမူကား ထိုအရာသည် သူ၏ဝေစုဖြစ်၏။ အဘယ်ကြောင့်ဆိုသော် သူ့နောက်တွင် ဖြစ်လာမည့်အရာကိုမြင်ရရန် မည်သူသည် သူ့ကိုခေါ်ဆောင်သွားနိုင်မည်နည်း။
ကြည့်ရှုလော့။ ဘုရားသခင်ပေးတော်မူသည့် အနည်းငယ်သောအသက်တာနေ့ရက်များ၌ လူသည် စားလျက်၊ သောက်လျက်၊ နေအောက်၌ ကြိုးပမ်းအားထုတ်သည့် မိမိ၏ကြိုးပမ်းအားထုတ်မှုအားလုံးအပေါ် ကျေနပ်အားရလျက်နေခြင်းသည် ကောင်းမြတ်၍တင့်တယ်ကြောင်း ငါတွေ့မြင်၏။ အကြောင်းမူကား ဤအရာသည် လူ၏ဝေစုဖြစ်၏။
ဤလောက၌ ချမ်းသာသောသူတို့သည် စိတ်နေမြင့်ခြင်း၊ မမြဲသောစည်းစိမ်များအပေါ်၌ မျှော်လင့်အားထားခြင်းမရှိဘဲ ပျော်ရွှင်မှုအတွက် အလုံးစုံတို့ကို ငါတို့အား ကြွယ်ဝစွာပေးသနားတော်မူသော ဘုရားသခင်အပေါ်၌ မျှော်လင့်အားထားကြရန်လည်းကောင်း၊