သူတို့သည် လေနှင်ရာလွင့်သောကောက်ရိုးကဲ့သို့လည်းကောင်း၊ လေပွေတွင်ပါသွားသောဖွဲကဲ့သို့လည်းကောင်း ဖြစ်ဖူးသလော။
ဒေသနာကျမ်း။ 8:10 - မြန်မာ့စံမီသမ္မာကျမ်း တစ်ဖန် သန့်ရှင်းသောနေရာ၌ ဝင်ထွက်သွားလာခဲ့သည့် ဆိုးယုတ်သောသူတို့သည် သင်္ဂြိုဟ်ခြင်းခံရသည်ကိုငါတွေ့မြင်၏။ သူတို့သည် ထိုသို့ပြုခဲ့ရာမြို့တွင် မေ့လျော့ခြင်းခံရကြ၏။ ဤအရာသည်လည်း အချည်းနှီးဖြစ်၏။ Common Language Bible ထိုမှတပါး၊ သန့်ရှင်းရာအရပ်ဌာနတော်သို့ သွား လာသော အဓမ္မလူတို့သည် သင်္ဂြိုဟ်ခြင်းခံရကြောင်းကို ၎င်း၊ အဓမ္မပြုဘူးသောမြို့၌ သူတို့ကိုအဘယ်သူမျှ မအောက် မေ့ကြောင်းကို၎င်း ငါမြင်ပြီ။ ထိုအမှုအရာသည်လည်း အနတ္တဖြစ်၏။ Garrad Bible ၎င်း ပြင်၊ လူ ဆိုး ဖြစ် လျက်၊ ကောင်း စွာ သင်္ဂြိုဟ် ခံ ရ၍၊ သူ တော် ကောင်း ဖြစ် လျက် သန့် ရှင်း ရာ ဌာ န မှ နှင် ထုတ် ခံ ရ သည့် ပြင်၊ ထို မြို့၌ သ တိ မ ရ ကြ သည် ကို ငါ သိ မြင်၏။ ဤ အ ခြင်း အ ရာ လည်း အ န တ္တ ဖြစ် ၏။ Judson Bible ထိုမှတစ်ပါး၊ သန့်ရှင်းရာအရပ်ဌာနတော်သို့ သွားလာသော အဓမ္မလူတို့သည် သင်္ဂြိုဟ်ခြင်းခံရကြောင်းကိုလည်းကောင်း၊ အဓမ္မပြုဖူးသောမြို့၌ သူတို့ကို အဘယ်သူမျှ မအောက်မေ့ကြောင်းကိုလည်းကောင်း ငါမြင်ပြီ။ ထိုအမှုအရာသည်လည်း အနတ္တဖြစ်၏။ |
သူတို့သည် လေနှင်ရာလွင့်သောကောက်ရိုးကဲ့သို့လည်းကောင်း၊ လေပွေတွင်ပါသွားသောဖွဲကဲ့သို့လည်းကောင်း ဖြစ်ဖူးသလော။
အကျွန်ုပ်သည် သေလွန်ပြီးသောသူကဲ့သို့ လူတို့၏စိတ်ထဲမှမေ့လျော့ခြင်းခံရ၍ ကွဲပျက်သောအိုးကဲ့သို့ဖြစ်ပါပြီ။
ဖြောင့်မတ်သောသူနှင့်ဆိုင်သောအောက်မေ့စရာသည် ကောင်းချီးမင်္ဂလာဖြစ်၏။ ဆိုးယုတ်သောသူ၏အမည်မူကား ပျောက်ပျက်သွားလိမ့်မည်။
ယခင်ကအရာတို့ကို မှတ်မိခြင်းမရှိ။ နောင်ဖြစ်မည့်အရာတို့ကိုလည်း ၎င်းတို့၏နောက်တွင် ပေါ်လာမည့်သူတို့သည် မှတ်မိကြလိမ့်မည်မဟုတ်။
အမှန်စင်စစ် မိုက်မဲသောသူကဲ့သို့ပင် ပညာရှိသောသူသည်လည်း အစဉ်အမြဲအောက်မေ့ခြင်းခံရမည်မဟုတ်။ နောင်လာမည့်နေ့ရက်များတွင် အားလုံးသည် မေ့လျော့ခြင်းခံရလိမ့်မည်။ ပညာရှိသောသူသည် မိုက်မဲသောသူနည်းတူ သေတတ်ပါသည်တကား။
သို့သော် ထိုမြို့၌ ပညာရှိသည့်ဆင်းရဲသောသူတစ်ယောက်ရှိ၍ သူသည် မိမိ၏ဉာဏ်ပညာအားဖြင့် ထိုမြို့ကိုကယ်တင်၏။ သို့ရာတွင် ထိုဆင်းရဲသောသူကို မည်သူမျှအောက်မေ့ခြင်းမရှိကြ။
အကြောင်းမူကား အသက်ရှင်သောသူတို့သည် မိမိတို့သေရမည်ကို သိကြ၏။ သေသောသူတို့မူကား မည်သည့်အရာကိုမျှမသိကြ။ သူတို့နှင့်ဆိုင်သောအောက်မေ့စရာများပင်လျှင် မေ့လျော့ခြင်းခံရသည်ဖြစ်၍ သူတို့အတွက် ဆုလာဘ်လည်း နောက်ထပ်မရှိတော့ပေ။
အစ္စရေးလူမျိုး၏မျှော်လင့်ရာဖြစ်တော်မူသောထာဝရဘုရား၊ ကိုယ်တော်ကိုစွန့်ပယ်သောသူရှိသမျှတို့သည် အရှက်ကွဲကြရလိမ့်မည်။ ကိုယ်တော့်ထံမှထွက်သွားသောသူတို့သည် အသက်စမ်းရေဖြစ်သည့်ထာဝရဘုရားကို စွန့်ပယ်ကြသောကြောင့် မြေပေါ်၌သာ စာရင်းဝင်ကြလိမ့်မည်။
ထို့နောက် ထိုဆင်းရဲသားသည် သေလွန်သွားရာ ကောင်းကင်တမန်တို့သည် သူ့ကို အာဗြဟံ၏ရင်ခွင်ထဲသို့ ခေါ်ဆောင်သွားကြ၏။ သူဌေးသည်လည်း သေလွန်သဖြင့် သင်္ဂြိုဟ်ခြင်းကိုခံရ၏။
ထို့နောက် သူတို့သည် မမှန်သောသက်သေများကိုခေါ်လာ၍ “ဤသူသည် သန့်ရှင်းရာဌာနတော်နှင့်ပညတ်တရားတို့အား ဆန့်ကျင်သည့်စကားကို အစဉ်မပြတ်ပြောဆိုနေပါသည်။
ငါ၏ဖြောင့်မတ်သောသူသည် ယုံကြည်ခြင်းအားဖြင့်အသက်ရှင်မည်။ သူသည် တွန့်ဆုတ်လျှင် ငါ၏စိတ်ဝိညာဉ်သည် သူ့ကိုနှစ်သက်မည်မဟုတ်”ဟူ၍ ဖော်ပြထား၏။