ကောင်းကင်သည် ထာဝရဘုရား၏ကောင်းကင်ဖြစ်၏။ ကမ္ဘာမြေကြီးကိုကား လူသားတို့အား ပေးတော်မူ၏။
ဒေသနာကျမ်း။ 5:9 - မြန်မာ့စံမီသမ္မာကျမ်း မြေကြီးမှရသောအကျိုးသည် အားလုံးအတွက်ဖြစ်၏။ ရှင်ဘုရင်သည်လည်း လယ်ယာ၏ကျေးဇူးကိုခံရ၏။ Common Language Bible မြေကြီးကဖြစ်သော စီးပွါးသည်အလုံးစုံတို့အဘို့ ဖြစ်၏။ ရှင်ဘုရင်သော်လည်း၊ လယ်၏ ကျေးဇူးကိုခံရ၏။ Garrad Bible လယ် မြေ ကို ပြု စု သော ဘု ရင် မင်း သည်၊ တိုင်း ကျိုး ပြည် ကျိုး ကို အ ရာ ရာ၌ ဖြစ် ထွန်း စေ တတ် ၏။ Judson Bible မြေကြီးကဖြစ်သော စီးပွားသည် အလုံးစုံတို့အဖို့ ဖြစ်၏။ ရှင်ဘုရင်သော်လည်း၊ လယ်၏ကျေးဇူးကို ခံရ၏။ |
ကောင်းကင်သည် ထာဝရဘုရား၏ကောင်းကင်ဖြစ်၏။ ကမ္ဘာမြေကြီးကိုကား လူသားတို့အား ပေးတော်မူ၏။
ဆင်းရဲသောသူတီသောလယ်မြေသည် များစွာသောအစားအစာကို ဖြစ်ထွန်းစေတတ်၏။ သို့သော် မတရားမှုကြောင့် ဖျက်ဆီးခြင်းခံရတတ်၏။
မိမိမြေကိုထွန်ယက်လုပ်ကိုင်သောသူသည် အစားအစာနှင့်ပြည့်စုံကြွယ်ဝလိမ့်မည်။ အချည်းနှီးသောအရာများနောက်သို့ လိုက်သောသူမူကား ဆင်းရဲခြင်းနှင့်ပြည့်ဝလိမ့်မည်။
တစ်ကိုယ်တည်းဖြစ်လျက် အပေါင်းအဖော်မရှိ၊ သားလည်းမရှိ၊ ညီအစ်ကိုလည်းမရှိသောသူတစ်ဦးရှိ၏။ သို့သော် သူ၏ကြိုးပမ်းအားထုတ်မှုအားလုံး၌ အဆုံးမရှိ။ သူ၏မျက်စိသည်လည်း ဓနဥစ္စာ၌ကျေနပ်တင်းတိမ်သည်ဟူ၍မရှိ။ “ငါသည် မည်သူ့အတွက် ကြိုးပမ်းအားထုတ်လျက် ငါ၌ကောင်းကျိုးချမ်းသာချို့တဲ့စေရသနည်း”ဟူ၍လည်းမမေး။ ဤအရာသည်လည်း အချည်းနှီးဖြစ်ပြီး ငြီးငွေ့ဖွယ်ကောင်းသောအလုပ်ဖြစ်၏။
ငွေကိုတပ်မက်သောသူသည် ငွေအားဖြင့် အလိုမပြည့်စုံနိုင်။ စည်းစိမ်ဘဏ္ဍာကိုတပ်မက်သောသူသည်လည်း မိမိရရှိသောအရာအားဖြင့် အလိုမပြည့်စုံနိုင်။ ဤအရာသည်လည်း အချည်းနှီးဖြစ်၏။
နယ်မြေဒေသတစ်ခုခုတွင် ဆင်းရဲသားတို့ကိုဖိနှိပ်ချုပ်ချယ်ခြင်းကိုလည်းကောင်း၊ တရားမျှတခြင်းနှင့် ဖြောင့်မတ်ခြင်းတို့မှသွေဖည်ခြင်းကိုလည်းကောင်း သင်မြင်ရလျှင်လည်း ထိုအမှုကိုအံ့ဩခြင်းမရှိနှင့်။ အကြောင်းမူကား ရာထူးမြင့်သောသူတစ်ဦးကို သူ့ထက်ရာထူးမြင့်သောသူက စောင့်ကြည့်နေ၏။ ထိုသူတို့ထက် ရာထူးမြင့်သောသူများလည်း ရှိကြ၏။
လူ၏ကြိုးပမ်းအားထုတ်မှုအားလုံးသည် မိမိပါးစပ်အတွက်ဖြစ်၏။ သို့သော် သူ၏အာသာသည် မည်သည့်အခါမျှမပြေနိုင်။