စောစောထလျက်၊ ညဥ့်နက်မှအိပ်လျက်၊ ခက်ခဲပင်ပန်းစွာ လုပ်ကိုင်စားသောက်လျက်နေခြင်းသည် သင့်အတွက် အချည်းနှီးဖြစ်၏။ အကြောင်းမူကား ကိုယ်တော်သည် မိမိချစ်တော်မူသောသူအား အိပ်စက်ရသောအခွင့်ကိုပေးတော်မူ၏။
ဒေသနာကျမ်း။ 5:12 - မြန်မာ့စံမီသမ္မာကျမ်း အလုပ်လုပ်သောသူသည် အနည်းငယ်စားသည်ဖြစ်စေ၊ များစွာစားသည်ဖြစ်စေ နှစ်ခြိုက်စွာအိပ်စက်တတ်၏။ ချမ်းသာသောသူ၏ဝပြောခြင်းမူကား ထိုချမ်းသာသောသူကိုအိပ်ပျော်ခွင့်မပေးတတ်။ Common Language Bible အလုပ်လုပ်သောသူသည် များစွာစားသည် ဖြစ်စေ၊ အနည်းငယ်စားသည်ဖြစ်စေ၊ အအိပ်မြိန်တတ်၏။ ရတတ်သောသူ၏ စည်းစိမ်မူကား၊ စည်းစိမ်ရှင်ကို အအိပ် ပျက်စေတတ်၏။ Garrad Bible အ လုပ် ကြမ်း လုပ် ကိုင် သူ သည်၊ အ စာ ဝ သည် ဖြစ် စေ၊ မ ဝ သည် ဖြစ် စေ၊ အိပ်၍ ပျော် တတ်၏။ သူ ဌေး မူ ကား၊ ကြွယ် ဝ ခြင်း ကြောင့် အိပ်၍ မ ပျော် နိုင် ချေ။ Judson Bible အလုပ်လုပ်သောသူသည် များစွာစားသည် ဖြစ်စေ၊ အနည်းငယ်စားသည် ဖြစ်စေ၊ အအိပ်မြိန်တတ်၏။ ရတတ်သောသူ၏ စည်းစိမ်မူကား၊ စည်းစိမ်ရှင်ကို အအိပ်ပျက်စေတတ်၏။ |
စောစောထလျက်၊ ညဥ့်နက်မှအိပ်လျက်၊ ခက်ခဲပင်ပန်းစွာ လုပ်ကိုင်စားသောက်လျက်နေခြင်းသည် သင့်အတွက် အချည်းနှီးဖြစ်၏။ အကြောင်းမူကား ကိုယ်တော်သည် မိမိချစ်တော်မူသောသူအား အိပ်စက်ရသောအခွင့်ကိုပေးတော်မူ၏။
အကျွန်ုပ်သည် ငြိမ်းချမ်းစွာလဲလျောင်း၍ အိပ်ပျော်ပါမည်။ အကြောင်းမူကား အို ထာဝရဘုရား၊ ကိုယ်တော်တစ်ပါးတည်းသာလျှင် အကျွန်ုပ်အား ဘေးကင်းလုံခြုံစွာနေထိုင်ရသောအခွင့်ကို ပေးတော်မူပါ၏။
သင်အိပ်သောအခါ ကြောက်ရွံ့ခြင်းမရှိရ။ သင်အိပ်သောအခါ နှစ်ခြိုက်စွာအိပ်စက်ရလိမ့်မည်။
ဤတွင် ငါနိုးလာ၍ မော်ကြည့်လိုက်၏။ ငါသည် နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်ပါသည်တကား။