သင့်ကို မြေမှဖြစ်လာစေသည်ဖြစ်၍ သင်သည် မြေသို့မပြန်မီတိုင်အောင် သင်၏နဖူးမှချွေးနှင့်ရင်း၍ အစာကိုစားရမည်။ အကြောင်းမူကား သင်သည် မြေမှုန့်ဖြစ်သောကြောင့် မြေမှုန့်သို့ပြန်ရမည်”ဟု မိန့်တော်မူ၏။
ဒေသနာကျမ်း။ 3:10 - မြန်မာ့စံမီသမ္မာကျမ်း လူသားတို့ကိုရုန်းကန်စေရန် သူတို့အား ဘုရားသခင်ပေးအပ်တော်မူသည့် အလုပ်ကို ငါတွေ့မြင်၏။ Common Language Bible လူသားတို့ ကျင်လည်ရာဘို့ ဘုရားသခင် ပေးတော်မူသော ပင်ပန်းခြင်းအမှုကို ငါကြည့်မြင်ပြီ။ Garrad Bible လူ့ သား တို့ ပြု ကျင့် ရန်၊ ဘု ရား သ ခင် ထား တော် မူ သော တာ ဝန် ကို ငါ သိ မြင် သည် မှာ၊ Judson Bible လူသားတို့ ကျင်လည်ရာဖို့ ဘုရားသခင်ပေးတော်မူသော ပင်ပန်းခြင်းအမှုကို ငါကြည့်မြင်ပြီ။ |
သင့်ကို မြေမှဖြစ်လာစေသည်ဖြစ်၍ သင်သည် မြေသို့မပြန်မီတိုင်အောင် သင်၏နဖူးမှချွေးနှင့်ရင်း၍ အစာကိုစားရမည်။ အကြောင်းမူကား သင်သည် မြေမှုန့်ဖြစ်သောကြောင့် မြေမှုန့်သို့ပြန်ရမည်”ဟု မိန့်တော်မူ၏။
သင်သည် လေ၏လမ်းကြောင်းကိုလည်းကောင်း၊ ကိုယ်ဝန်ဆောင်အမျိုးသမီး၏ဝမ်းထဲတွင် အရိုးများမည်သို့ဖြစ်တည်လာသည်ကိုလည်းကောင်း မသိနိုင်သကဲ့သို့ ခပ်သိမ်းသောအရာကိုဖန်ဆင်းသော ဘုရားသခင်၏အမှုတော်ကိုလည်း မသိနိုင်။
အဘယ်ကြောင့်ဆိုသော် ကိုယ်တော်သည် မိမိစိတ်တော်နှင့်တွေ့သောသူအား ဉာဏ်ပညာ၊ အသိပညာနှင့်ဝမ်းမြောက်ခြင်းတို့ကို ပေးတော်မူ၏။ အပြစ်ပြုသောသူကိုကား ဘုရားသခင်၏စိတ်တော်နှင့်တွေ့သောသူအားပေးအပ်ရန်အတွက် စုသိမ်း၍သိုမှီးထားရသည့်အလုပ်ကို ပေးတော်မူ၏။ ဤအရာသည်လည်း အချည်းနှီးဖြစ်ပြီး လေကိုလိုက်ဖမ်းခြင်းဖြစ်၏။
ညီအစ်ကိုတို့၊ ငါတို့၏ကြိုးပမ်းအားထုတ်မှုနှင့်ပင်ပန်းခက်ခဲမှုတို့ကို သင်တို့မှတ်မိကြ၏။ ငါတို့သည် သင်တို့ထဲမှ မည်သူ့အပေါ်၌မျှ ဝန်ထုပ်ဝန်ပိုးမဖြစ်စေရန် နေ့ရောညပါအလုပ်လုပ်လျက် ဘုရားသခင်၏ကောင်းမြတ်သောသတင်းကို သင်တို့အား ဟောပြောကြ၏။
မည်သူ၏အစားအစာကိုမျှ အလကားမစားဘဲ သင်တို့ထဲမှ မည်သူ့အပေါ်၌မျှ ဝန်ထုပ်ဝန်ပိုးမဖြစ်စေရန် ကြိုးပမ်းအားထုတ်လျက် ပင်ပန်းခက်ခဲစွာဖြင့် နေ့ရောညပါအလုပ်လုပ်ကြ၏။