သင်တောင်းသည့်အတိုင်း ငါပေးမည်။ သင့်အား ဉာဏ်ပညာနှင့် ဝေဖန်ပိုင်းခြားနိုင်သောနှလုံးသားကို ပေးမည်။ သင်နှင့်တူသောသူ ယခင်ကမရှိခဲ့စဖူး၊ နောင်လည်း ရှိလိမ့်မည်မဟုတ်။
ဒေသနာကျမ်း။ 2:15 - မြန်မာ့စံမီသမ္မာကျမ်း ထိုအခါ ငါက “မိုက်မဲသောသူ၌ဖြစ်ပျက်သောအဖြစ်မျိုးသည် ငါ၌လည်းဖြစ်ပျက်လိမ့်မည်။ သို့ဖြစ်လျှင် ငါဉာဏ်ပညာရှိခြင်းသည် ငါ့အတွက် မည်သို့အကျိုးထူးသနည်း”ဟု ငါ့စိတ်ထဲ၌မြွက်ဆို၏။ တစ်ဖန် “ဤအရာသည်လည်း အချည်းနှီးဖြစ်၏”ဟု ငါ့စိတ်ထဲ၌ ပြောဆို၏။ Common Language Bible သို့ဖြစ်၍၊ မိုက်သောသူတွေ့ကြုံသကဲ့သို့၊ ငါသည် တွေ့ကြုံလျှင်၊ အဘယ်ကြောင့်သူ့ထက်သာ၍ ပညာ ရှိသနည်းဟူ၍၎င်း၊ ဤအမှုအရာသည်လည်း အနတ္တ ဖြစ်သည်ဟူ၎င်း ငါအောက်မေ့၏။ Garrad Bible ငါ က၊ လူ မိုက်၌ ဖြစ် ပျက် သ ကဲ့ သို့၊ ငါ၌ လည်း ဖြစ် ပျက် ခဲ့ မူ၊ မည် သည့် အ ကြောင်း ကြောင့် ထူး မြတ် သော ပ ညာ ရှိ သ နည်း ဟူ ၍ လည်း ကောင်း၊ ပ ညာ ရှိ ခြင်း လည်း အ န တ္တ ဖြစ် သည် ဟူ ၍ လည်း ကောင်း၊ အောက် မေ့ လေ ၏။ Judson Bible သို့ဖြစ်၍၊ မိုက်သောသူတွေ့ကြုံသကဲ့သို့၊ ငါသည်တွေ့ကြုံလျှင်၊ အဘယ်ကြောင့် သူ့ထက်သာ၍ ပညာရှိသနည်း ဟူ၍လည်းကောင်း၊ ဤအမှုအရာသည်လည်း အနတ္တဖြစ်သည်ဟူလည်းကောင်း ငါအောက်မေ့၏။ |
သင်တောင်းသည့်အတိုင်း ငါပေးမည်။ သင့်အား ဉာဏ်ပညာနှင့် ဝေဖန်ပိုင်းခြားနိုင်သောနှလုံးသားကို ပေးမည်။ သင်နှင့်တူသောသူ ယခင်ကမရှိခဲ့စဖူး၊ နောင်လည်း ရှိလိမ့်မည်မဟုတ်။
နေအောက်တွင်ပြုသမျှသောအမှုအားလုံးကို ငါမြင်၏။ ကြည့်ရှုလော့။ အားလုံးသည် အချည်းနှီးဖြစ်ပြီး လေကိုလိုက်ဖမ်းခြင်းဖြစ်၏။
“ကြည့်ရှုလော့။ ငါသည် ငါ့ထက်အလျင် ဂျေရုဆလင်မြို့၌ရှိခဲ့သောသူအားလုံးတို့ထက်ကြီးမြတ်၍ ဉာဏ်ပညာအရာ၌လည်းတိုးပွား၏။ ငါ၏စိတ်နှလုံးသည်လည်း များစွာသောဉာဏ်ပညာနှင့် အသိပညာတို့ကိုမြင်တွေ့ပြီ”ဟု ငါ့စိတ်နှလုံးထဲ၌ ငါမြွက်ဆို၏။
အကြောင်းမူကား ဉာဏ်ပညာများပြားသောအခါ ပူဆွေးခြင်းလည်း များပြား၏။ အသိပညာတိုးပွားသောအခါ ဒုက္ခဝေဒနာလည်း တိုးပွား၏။
အချည်းနှီး၊ အချည်းနှီးဟု ဒေသနာဆရာဆို၏။ အချည်းနှီး၊ အချည်းနှီး၊ ခပ်သိမ်းသောအရာတို့သည် အချည်းနှီးဖြစ်ကြ၏။
အမှန်စင်စစ် မိုက်မဲသောသူကဲ့သို့ပင် ပညာရှိသောသူသည်လည်း အစဉ်အမြဲအောက်မေ့ခြင်းခံရမည်မဟုတ်။ နောင်လာမည့်နေ့ရက်များတွင် အားလုံးသည် မေ့လျော့ခြင်းခံရလိမ့်မည်။ ပညာရှိသောသူသည် မိုက်မဲသောသူနည်းတူ သေတတ်ပါသည်တကား။
စကားများစွာပြောလျှင် အချည်းနှီးသောအရာလည်း များပြားလာတတ်သည်ဖြစ်၍ လူအတွက် မည်သည့်အကျိုးရှိသနည်း။
ပညာရှိသောသူသည် မိုက်မဲသောသူထက် မည်သို့အကျိုးထူးသနည်း။ အသက်ရှင်သောသူများရှေ့တွင် မည်သို့ကျင့်ကြံပြုမူရမည်ကိုသိသောဆင်းရဲသားသည်လည်း မည်သို့အကျိုးထူးသနည်း။