ဘုရားသခင်သည် မိမိဖန်ဆင်းသောအရာအားလုံး အလွန်ကောင်းသည်ကို မြင်တော်မူ၏။ ညချမ်းအချိန်ရောက်ပြီး နံနက်အချိန်ရောက်၏။ ဆဋ္ဌမနေ့ရက်ဖြစ်လေ၏။
ဒေသနာကျမ်း။ 2:11 - မြန်မာ့စံမီသမ္မာကျမ်း သို့သော် ငါ့လက်ဖြင့်ပြုခဲ့သောအမှုအားလုံးတို့ကိုလည်းကောင်း၊ ထိုအမှုတို့ကိုပြုလုပ်ရန် ငါကြိုးပမ်းအားထုတ်ခဲ့သည့် ငါ၏ကြိုးပမ်းအားထုတ်မှုကိုလည်းကောင်း ငါပြန်၍ဆန်းစစ်သောအခါ ကြည့်ရှုလော့။ အားလုံးသည် အချည်းနှီးဖြစ်ပြီး လေကိုလိုက်ဖမ်းခြင်းဖြစ်၏။ နေအောက်တွင် အကျိုးဖြစ်စေသောအရာတစ်စုံတစ်ခုမျှမရှိ။ Common Language Bible ထိုအခါငါစီရင်ပြုပြင်သမျှ၊ ငါကြိုးစားအားထုတ် သမျှတို့ ကိုငါကြည့်ရှု၍၊ အလုံးစုံတို့သည် အနတ္တအမှု၊ လေကိုကျက်စားသော အကျိုးတစုံတခုမျှမရှိ။ Garrad Bible ထို့ နောက်၊ ငါ့ လက် မှု ရှိ သ မျှ နှင့် ကြိုး ပန်း စွာ လုပ် ကိုင် မှု ကို စဉ်း စား ရာ၊ အ လုံး စုံ ပင် အ န တ္တ အ မှု၊ လေ ကို ကျက် စား သော အ မှု ဖြစ်၍၊ နေ အောက် တွင် ကောင်း ကျိုး မ ရှိ ဟု သိ မြင် ရ ၏။ Judson Bible ထိုအခါ ငါစီရင်ပြုပြင်သမျှ၊ ငါကြိုးစားအားထုတ်သမျှတို့ကို ငါကြည့်ရှု၍၊ အလုံးစုံတို့သည် အနတ္တအမှု၊ လေကိုကျက်စားသောအမှုဖြစ်ကြ၏။ နေအောက်မှာကောင်းသောအကျိုး တစ်စုံတစ်ခုမျှ မရှိ။ |
ဘုရားသခင်သည် မိမိဖန်ဆင်းသောအရာအားလုံး အလွန်ကောင်းသည်ကို မြင်တော်မူ၏။ ညချမ်းအချိန်ရောက်ပြီး နံနက်အချိန်ရောက်၏။ ဆဋ္ဌမနေ့ရက်ဖြစ်လေ၏။
အကျွန်ုပ်၏အသက်တာသည် မည်မျှတိုတောင်းသည်ကိုလည်းကောင်း၊ လူသားအပေါင်းတို့ကို အချည်းနှီးသောအရာအဖြစ် ဖန်ဆင်းတော်မူခဲ့သည်ကိုလည်းကောင်း သတိရတော်မူပါ။
မောရှေသည် အစ္စရေးအမျိုးသားတို့ လုပ်ဆောင်သောအလုပ်အားလုံးကို စစ်ဆေးကြည့်သောအခါ သူတို့သည် ထာဝရဘုရားမိန့်မှာတော်မူသည့်အတိုင်း လုပ်ဆောင်ကြသည်ကို မြင်လေ၏။ ထို့ကြောင့် မောရှေသည် သူတို့ကိုကောင်းချီးပေးလေ၏။
နေအောက်တွင်ပြုသမျှသောအမှုအားလုံးကို ငါမြင်၏။ ကြည့်ရှုလော့။ အားလုံးသည် အချည်းနှီးဖြစ်ပြီး လေကိုလိုက်ဖမ်းခြင်းဖြစ်၏။
တစ်ဖန် ဉာဏ်ပညာကိုသိမြင်ရန်လည်းကောင်း၊ ရူးသွပ်ခြင်းနှင့် မိုက်မဲခြင်းတို့ကို သိမြင်ရန်လည်းကောင်း ငါ၏စိတ်နှလုံးကိုမြှုပ်နှံထား၏။ ထိုအမှုအရာသည်လည်း လေကို လိုက်ဖမ်းခြင်းပင်ဖြစ်ကြောင်း ငါသိမြင်၏။
လူသည် နေအောက်တွင် သူကြိုးပမ်းအားထုတ်သည့် သူ၏ကြိုးပမ်းအားထုတ်မှုအားလုံးတို့မှ မည်သည့်အကျိုးကိုရရှိသနည်း။
အလုပ်လုပ်သောသူသည် မိမိ၏ကြိုးပမ်းအားထုတ်မှုမှ မည်သည့်အကျိုးကိုရရှိသနည်း။
ငွေကိုတပ်မက်သောသူသည် ငွေအားဖြင့် အလိုမပြည့်စုံနိုင်။ စည်းစိမ်ဘဏ္ဍာကိုတပ်မက်သောသူသည်လည်း မိမိရရှိသောအရာအားဖြင့် အလိုမပြည့်စုံနိုင်။ ဤအရာသည်လည်း အချည်းနှီးဖြစ်၏။
ဤအရာသည်လည်း ဆိုးရွား၍ငြီးငွေ့ဖွယ်ကောင်းသောအမှုဖြစ်၏။ လူသည် မိမိလာသည့်အတိုင်း အလျှင်းမခြားနားဘဲ ပြန်သွားရမည်။ သူသည် လေအတွက်ကြိုးပမ်းအားထုတ်သည်ဖြစ်၍ သူ၌မည်သည့်အကျိုးရှိသနည်း။
ကြည့်ရှုလော့။ လူတို့သည် မီးစာဖြစ်သွားမည့်အရာအတွက် ကြိုးစားအားထုတ်လုပ်ကိုင်ကြပြီ။ လူမျိုးတို့သည် အချည်းနှီးသောအရာအတွက် အပင်ပန်းခံကြပြီ။ ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရားသည် ဤသို့ဖြစ်စေပြီမဟုတ်လော။
သို့သော် ကျေနပ်တင်းတိမ်မှုဖြင့် ဘုရားဝတ်၌မွေ့လျော်ခြင်းသည် ကြီးစွာသောအကျိုးစီးပွားပင်ဖြစ်၏။