ဒေါသကြီးသောသူသည် အငြင်းပွားမှုဖြစ်ရန်လှုံ့ဆော်တတ်၏။ စိတ်ရှည်သောသူမူကား ခိုက်ရန်ဖြစ်ပွားခြင်းကိုငြိမ်းစေတတ်၏။
ဒေသနာကျမ်း။ 10:4 - မြန်မာ့စံမီသမ္မာကျမ်း အုပ်စိုးသူမင်းသည် သင့်ကိုစိတ်ဆိုးလျှင်လည်း သင်၏နေရာကိုမစွန့်ခွာနှင့်။ အကြောင်းမူကား တည်ငြိမ်ခြင်းသည် ကြီးစွာသောအမှားကို ပြေပျောက်စေတတ်၏။ Common Language Bible မင်းသည် သင့်ကိုစိတ်ဆိုးလျှင်၊ ကိုယ်နေသင့် အရပ်မှ မရွေ့နှင့်။ သည်းခံခြင်းသည် ကြီးသောအပြစ်ကို ဖြေတတ်၏။ Garrad Bible သင့် အ ပေါ် တွင် မင်း မျက် လျှင်၊ ရာ ထူး မှ မ ထွက် နှင့်။ သည်း ခံ ခြင်း သည် ကြီး စွာ သော အ ပြစ် ကို ငြိမ်း စေ တတ်၏။ Judson Bible မင်းသည် သင့်ကိုစိတ်ဆိုးလျှင်၊ ကိုယ်နေသင့်ရာအရပ်မှ မရွှေ့နှင့်။ သည်းခံခြင်းသည် ကြီးသောအပြစ်ကို ဖြေတတ်၏။ |
ဒေါသကြီးသောသူသည် အငြင်းပွားမှုဖြစ်ရန်လှုံ့ဆော်တတ်၏။ စိတ်ရှည်သောသူမူကား ခိုက်ရန်ဖြစ်ပွားခြင်းကိုငြိမ်းစေတတ်၏။
စိတ်ရှည်ခြင်းအားဖြင့် ဦးစီးဦးဆောင်သူကို ဖျောင်းဖျနိုင်၏။ နူးညံ့သိမ်မွေ့သောစကားသည်လည်း အရိုးကိုကျိုးစေနိုင်၏။
နေအောက်တွင် ငါတွေ့မြင်သောမကောင်းမှုတစ်ခုရှိ၏။ ၎င်းမှာ အုပ်ချုပ်သူက မတော်တဆပြုမိသောအမှားမျိုးဖြစ်ပြီး
သူ၏ရှေ့မှောက်မှ အလျင်စလိုမထွက်သွားနှင့်။ မကောင်းသောအမှုဘက်၌ မရပ်တည်နှင့်။ အကြောင်းမူကား သူသည် အရာအားလုံးကိုအလိုရှိသည့်အတိုင်း စီရင်တတ်၏။”