နံနက်စောစောထ၍ သေရည်သေရက်နောက်လိုက်သောသူ၊ ညဥ့်နက်သည်အထိ စပျစ်ဝိုင်နှင့်ယစ်မူးသောသူတို့သည် အမင်္ဂလာရှိကြ၏။
ဒေသနာကျမ်း။ 10:17 - မြန်မာ့စံမီသမ္မာကျမ်း အချင်းတိုင်းနိုင်ငံ၊ သင်၏ရှင်ဘုရင်သည် မြင့်မြတ်သောသူတို့၏အမျိုးအနွယ်ဖြစ်ပြီး သင်၏အကြီးအကဲတို့သည် ယစ်မူးရန်မဟုတ်ဘဲ ခွန်အားရရှိရန် သူ့အချိန်နှင့်သူ စားသောက်ပွဲကျင်းပလျှင် သင်သည် မင်္ဂလာရှိ၏။ Common Language Bible မင်းသားအစိုးရ၍၊ မှူးမတ်တို့သည် လွန်ကျူးစွာ မစားမသောက်ဘဲ၊ အချိန်တန်မှအားဖြည့်ခြင်းငှါသာ၊ စားသောက်တတ်သော ပြည်သည် မင်္ဂလာရှိ၏။ Garrad Bible အ ချင်း နိုင် ငံ၊ သင့် ဘု ရင် သည် မင်း မျိုး ဖြစ် လျက်၊ မှူး မတ် တို့ လည်း အား ရှိ စေ ရန်၊ အ ချိန် တန် မှ မ လွန် မ ကျူး ဘဲ၊ စား သောက် တတ် လျှင်၊ သင်၌ မင်္ဂ လာ ရှိ၏။ Judson Bible မင်းသားအစိုးရ၍၊ မှူးမတ်တို့သည် လွန်ကျူးစွာ မစားမသောက်ဘဲ၊ အချိန်တန်မှ အားဖြည့်ခြင်းငှာသာ၊ စားသောက်တတ်သောပြည်သည် မင်္ဂလာရှိ၏။ |
နံနက်စောစောထ၍ သေရည်သေရက်နောက်လိုက်သောသူ၊ ညဥ့်နက်သည်အထိ စပျစ်ဝိုင်နှင့်ယစ်မူးသောသူတို့သည် အမင်္ဂလာရှိကြ၏။
ထာဝရဘုရားက “သူ၏ခေါင်းဆောင်သည် သူ့အမျိုးထဲမှဖြစ်လိမ့်မည်။ သူ့ကိုအုပ်စိုးသောသူသည် သူ့အမျိုးထဲမှပေါ်ထွန်းလိမ့်မည်။ သူ့ကို ငါခေါ်၍ သူသည် ငါ့ထံချဉ်းကပ်လိမ့်မည်။ အဘယ်သူသည် ကိုယ့်အလိုအလျောက် ငါ့ထံချဉ်းကပ်ဝံ့သနည်း။
ထိုငွေဖြင့် နွား၊ သိုး၊ စပျစ်ဝိုင်၊ သေရည်သေရက်စသည်တို့ကို သင်အလိုရှိသမျှ၊ သင်တောင့်တသမျှ ဝယ်ယူပြီးလျှင် သင်၏ဘုရားသခင်ထာဝရဘုရား၏ရှေ့တော်၌ စား၍ သင်၏အိမ်သူအိမ်သားများနှင့်အတူ ဝမ်းမြောက်ရမည်။